Press Release

တယ်လီနောကို အစဉ်တစိုက်သုံးစွဲသူများ အထူးခံစားခွင့်များ ရရှိမည့် ‘စတား’ အစီအစဉ် မိတ်ဆက်

07 June, 2018 - Yangon

  • စတားအစီအစဉ်၏ Silver အဆင့်၊ Gold အဆင့်နှင့် Platinum အဆင့်များအလိုက် တယ်လီနော အသုံးပြုသူ များထံ အထူးခံစားခွင့်များ ပေးအပ်သွားမည်ဖြစ်
  • ရရှိနိုင်မည့်အကျိုးခံစားခွင့်များတွင် များပြားလှသော တယ်လီနော၏ မိတ်ဖက်များထံမှ အထူးလျော့စျေး ခံစားခွင့်များနှင့် အခြားသော အထူးအစီအစဉ်များပါဝင်မည် ဖြစ်
  • တယ်လီနောစတားအဆင့်အား *2345# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ 2345 သို့ STAR ဟု စာတို ပေးပို့၍ ဖြစ်စေ၊ MyTelenor အပလီကေးရှင်းမှ တဆင့်ဖြစ်စေ စစ်ဆေးနိုင်

တယ်လီနောမြန်မာ၏ ကွန်ရက်နှင့် ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုခဲ့ကြသူများအား အသိအမှတ်ပြု ကျေးဇူးတုံ့ပြန်သောအားဖြင့် အကျိုးခံစားခွင့် အများအပြားကို တုံ့ပြန်ပေးအပ် သွားမည့် တယ်လီနော စတား အစီအစဉ် စတင်မိတ်ဆက်သည့် အခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့သည်။

 

 

တယ်လီနော၏ဝန်ဆောင်မှုများအား အနည်းဆုံးခြောက်လကြာ အစဉ်တစိုက်အသုံးပြုထားသကဲ့သို့ သတ်မှတ်ထား သော အနည်းဆုံး သုံးစွဲမှုပမာဏကို ပြည့်မီသည့် prepaid သုံးစွဲသူများမှာ တယ်လီနောစတားအဆင့်ရ သုံးစွဲသူအဖြစ် အလိုအလျောက် သတ်မှတ်ခံရမည် ဖြစ်သည်။ တယ်လီနောစတားအဆင့်ရ သုံးစွဲသူ တစ်ဦးချင်းစီကို ၎င်းတို့ တယ်လီနောဆင်းကတ် သုံးစွဲခဲ့သော သက်တမ်းကာလနှင့် လွန်ခဲ့သည့် သုံးလအတွင်း ပျှမ်းမျှသုံးစွဲခဲ့သည့် ပမာဏတို့ အပေါ် မူတည်ကာ Silver အဆင့်၊ Gold အဆင့်နှင့် Platinum အဆင့် အသီးသီး သတ်မှတ်ပေးသွားမည်ဖြစ်ပြီး ဖုန်း ခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းအပါအဝင် ဝန်ဆောင်မှုအားလုံး အကျုံးဝင်မည် ဖြစ်သည်။ သုံးစွဲသူများ၏ စတားအဆင့်သတ်မှတ်ချက်ကို လစဉ် ၂ ရက်နေ့တိုင်းတွင် ပုံမှန် အသိပေးသွားမည်ဖြစ်သည်။ စတား အဆင့်ရသုံးစွဲသူ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် အနည်းဆုံး သုံးလဆက်တိုက် စတားအဆင့်အဖြစ် စာရင်းဝင် သွားမည်ဖြစ်ပြီး အသုံးပြုသူ များသည် ၎င်းတို့၏ တယ်လီနော စတားအဆင့်အား *2345# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ 2345 သို့ STAR ဟု စာတို ပေးပို့၍ဖြစ်စေ၊ MyTelenor အပလီကေးရှင်းမှ တဆင့်ဖြစ်စေ စစ်ဆေးနိုင်မည် ဖြစ်သည်။ 

တယ်လီနော သုံးစွဲသော သက်တမ်းကာလ လွန်ခဲ့သော သုံးလအတွင်း ပျှမ်းမျှသုံးစွဲထားသော ပမာဏ 
(ငွေ ကျပ်)
Silver အဆင့် Gold အဆင့် Platinum အဆင့်
၆ လနှင့် ၁ နှစ်ကြား ၁၂၅၀၀ ၁၇၅၀၀ ၂၅၀၀၀
၁ နှစ်နှင့် ၃ နှစ်ကြား ၁၀၀၀၀  ၁၅၀၀၀ ၂၂၅၀၀
၃ နှစ်နှင့် အထက် ၇၅၀၀ ၁၂၅၀၀ ၂၀၀၀၀

 

တယ်လီနောစတား အဆင့်ရ သုံးစွဲသူများသည် ၎င်းတို့၏ စတားအဆင့်အလိုက် အထူးဝန်ဆောင်မှုများ၊ ဦးစားပေး အခွင့်အရေးများအား ရရှိခံစားနိုင်သည်။ ယင်းတို့တွင် တယ်လီနော အရောင်းဆိုင်များ၌ ဦးစားပေးဝန်ဆောင်မှုများ ရရှိနိုင်သကဲ့သို့ Remax နှင့် တယ်လီနော အမှတ်တံဆိပ်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ (ဥပမာ - Oway)၊ စားသောက်ဆိုင်များ (ဥပမာ - Pizza Hut၊ The Manhattan FISH MARKET Myanmar၊ Hard Rock Café)၊ ဟိုတယ်များ (ဥပမာ - Avenue 64) နှင့် အားကစားလေ့ကျင့်ခန်းမများ (ဥပမာ - Balance Fitness) စသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများရယူရာတွင် အထူးလျော့စျေး ခံစားခွင့်များရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနောစတားအဆင့်ရ သုံးစွဲသူများသည် ကြိုသုံးဝန်ဆောင်မှုတွင် ပုံမှန်ထက် ၃ ဆ ပိုမိုသည့် ပမာဏကို *2400# ထံ တိုက်ရိုက်ဖုန်းခေါ်ဆို၍ ရယူနိုင်မည် ဖြစ်သည်။ တယ်လီနောစတား အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို www.telenor.com.mm/en/personal/how-be-telenor-star တွင် ဝင်ရောက် ကြည့် ရှုနိုင်သည်။

 

ထို့အပြင် တယ်လီနောစတား အဆင့်ရ သုံးစွဲသူများအတွက် အထူးခံစားခွင့် အစီအစဉ်အသစ်များကိုလည်း အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့ အသိပေးသွားမည်ဖြစ်ပြီး ပရိုမိုးရှင်းတစ်ခုချင်းစီနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များကို www.telenor.com.mm/en/personal/star-special-offers တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

 

“မြန်မာနိုင်ငံမှာ တယ်လီနောလုပ်ငန်းစတင်လည်ပတ်ခဲ့တဲ့ အချိန်ကစပြီး ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို တစိုက် မတ်မတ် အသုံးပြုလာခဲ့တဲ့ သုံးစွဲသူတွေကို အသိအမှတ်ပြုကျေးဇူးတင်ရှိသလို ဒါကို ပြသလိုတဲ့အတွက် တယ်လီနော စတားအစီအစဉ်ကို မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေအနေနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အကောင်းမွန်ဆုံးသော ကွန်ရက်ကတဆင့် ရိုးရှင်းပြီး စျေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်သလို ဒီထက်ပို ပြီး သာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့က ထပ်မံဖန်တီးပေးချင်တာပဲဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေအနေနဲ့ ဒီအစီအစဉ်ကနေတဆင့် ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပြင် သယ်ယူ ပို့ဆောင်ရေးနဲ့ စားသောက်ဆိုင်တွေကအစ စျေးဝယ်တာအဆုံး များပြားလှတဲ့ အထူးခံစားခွင့်တွေရရှိနိုင်မှာ ဖြစ်ပါ တယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

 

တယ်လီနောမြန်မာသည် လက်ရှိတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိထားသည့် ၎င်း၏ 3G နှင့် 4G ကွန်ရက်တို့ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းခန့်ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈၀၀၀ ကျော်နှင့်အတူ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ခန့်ကို  လွှမ်းခြုံထားပြီးဖြစ်သကဲ့သို့ တယ်လီနော၏ 4G ကွန်ရက်သည် မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၄၀ ကျော်အား အောင်မြင်စွာ လွှမ်းခြုံထားပြီး ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor