30 November, 2016 - Yangon
ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပနေသော ကုန်စည်ပြပွဲရှိ တယ်လီနောပြခန်းတွင် တယ်လီနော ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့် အခြား ၀န်ဆောင်မှု များကို ပြပွဲရက်များအတွင်း နေ့စဉ် ပြုလုပ်ပေးလျက် ရှိပါသည်။
ဆင်းကတ်မှတ်ပုံတင်ရန် နိုင်ငံသားမှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) (သို့) အခြား သက်သေ ခံ ကတ်ပြားတစ်ခုခု တစ်ပါတည်း ယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး ပြပွဲအတွင်း ဆင်းကတ်မှတ်ပုံတင်သူများကို လက်ဆောင်ပစ္စည်းများပါ ပေးအပ်လျက် ရှိပါသည်။ တယ်လီနောသည် အပတ်စဉ်၊ လစဉ် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ ကိုလည်း နိုင်ငံအနှံ့ ပြုလုပ်နေပြီး မှတ်ပုံတင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူး များ ကို ယင်းနေ့များတွင် ရှင်းလင်း ပြောကြားကာ ချက်ခြင်းထိုနေရာတွင်ပင် မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ တာချီလိတ်နှင့် ကျိုင်းတုံ အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များတွင်လည်း ကွန်ရက်ဖြန့်ကျက်ခြင်းနှင့် ဆင်းကတ် မှတ်ပုံတင်နေ့များကို ပြီးခဲ့ သည့် နိုဝင်ဘာလ ၂၈ နှင့် ၂၉ ရက်များတွင် ကျင်းပခဲ့ပါသည်။
တယ်လီနော၏ အွန်လိုင်းနှင့် ကိုယ်တိုင် မှတ်ပုံတင်နိုင်သော ချန်နယ်များမှ တစ်ဆင့် သုံးစွဲသူများသည် ၎င်းတို့၏ ဆင်းကတ် များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ပါသည်။ ထို့အပြင် လိုအပ်သော အထောက်အထားများနှင့် verification ကုတ်နံပါတ် လက်ခံနိုင်သည့် အသုံးပြုဆဲ ဆင်းကတ်တို့ ရှိပါက မိသားစုဝင်များ၊ မိတ်ဆွေများအတွက်ပါ ကိုယ်စား မှတ်ပုံတင်ပေးနိုင်မည် ဖြစ်သည်။
အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆို http://ecaf.telenor.com.mm သို့ ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကို http://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။
၀က်ဆိုက်မှ မှတ်ပုံတင်ရန် နည်းလမ်းအဆင့်ဆင့်မှာ - ပထမဆုံး ပေးထားသော ၀က်ဆိုက်လင့်ခ်ကို ၀င်ရောက်ပါက ဖုန်းကတ် မှတ်ပုံတင်ရန် လိုအပ်ချက်များကို ဖော်ပြထားသော စာမျက်နှာသို့ ရောက်ရှိပါမည်။ ဒုတိယအဆင့်တွင် “စတင်မည်” ဆိုသည့် ခလုတ်ကို နှိပ်ပါက “Connect ဖြင့် ၀င်ရောက်ပါ” ဆိုသည့် စာမျက်နှာသို့ ရောက်ရှိပါမည်။ ယင်းစာမျက်နှာတွင် မှတ်ပုံတင်လိုသော ဖုန်းနံပါတ်ကို ပေးထားသော အကွက်တွင် ရေးထည့်ပြီး “၀င်လိုက်ပါ” ခလုတ်ကို နှိပ်ပါ။ မှတ်ပုံတင်မည့် ဖုန်းနံပါတ်သို့ sms ပေးပို့လာသော မှန်ကန်ကြောင်း အတည်ပြုသော ကုတ်နံပါတ် (verification code) ကို ဖော်ပြထားသောနေရာတွင် ထည့်သွင်းပြီး “၀င်လိုက်ပါ” ခလုတ်ကိုနှိပ်ပါ။ နိုင်ငံသား မှတ်ပုံတင် (သို့) သက်သေခံ ကတ်ပြား၏ ရှေ့နှင့် နောက်ဘက်ကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးထားသည့် ဓါတ်ပုံများကို ပြသထားသော နေရာ အသီးသီးတွင် တင်ပါ။ ထို့နောက် “အတည်ပြုမည်” ခလုတ်ကို နှိပ်ပါက ဖုန်းကတ်ကို မှတ်ပုံတင်ရန် အောင်မြင်စွာ စာရင်း ပေးသွင်းလိုက်ပြီ ဖြစ်ပါသည်။ မှတ်ပုံတင်ပြီးစီးမှု အခြေအနေကို sms ဖြင့် ထပ်မံအကြောင်းကြားပေးမည် ဖြစ်ပါသည်။
သုံးစွဲသူများဆင်ကတ် မှတ်ပုံတင်နိုင်ရန်နှင့် မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးနိုင်မည့် ချန်နယ်များ | သုံးစွဲသူများဆင်းကတ် မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးနိုင်မည့် ချန်နယ်များ |
ဝက်ဘ်ဆိုက် - http://ecaf.telenor.com.mm | *၉၇၉*၃*၃# သို့ ဖုန်းခေါ်ဆိုခြင်း |
My Telenor App - http://bit.ly/mytelenor24 | ဖုန်းနံပါတ် ‘၅၀၀’ သို့ ‘REG’ စာလုံးကို ရိုက်နှိပ် ပေးပို့ခြင်း |
မြန်မာနိုင်ငံတစ်ဝန်း လက်လီဆိုင် ၃၄,၀၀၀ ကျော် | |
မြန်မာနိုင်ငံတစ်ဝန်း တယ်လီနော ကိုယ်ပိုင်အမှတ် တံဆိပ် အရောင်းဆိုင်ပေါင်း ၉၀ ခန့် (လိပ်စာမျာ - http://goo.gl/E8zg0r) * ဆင်းကတ်ပိုင်ဆိုင်သူ အမည်ပြောင်းလဲခြင်းကိုလည်း အဆိုပါ ဆိုင်များတွင် ဆောင်ရွက်ပေးလျက်ရှိပါသည် |
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm