Press Release

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ရက်တွင် ဖုန်းခေါ်ဆိုမှုနှင့် ဒေတာ အသုံးပြုမှု မြင့်တက်ခဲ့

04 June, 2018 - Yangon

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နိုင်ငံ တဝန်းရှိ ကျောင်း အသီးသီးနှင့် အွန်လိုင်းမှတဆင့်လည်းထုတ်ပြန်ကြေညာခဲ့သဖြင့် ဒေတာ အသုံးပြုမှုနှင့် ဖုန်းခေါ်ဆိုမှု ပမာဏ မြင့်တက် လာသည်ကို တယ်လီနော ကွန်ရက်တွင် တွေ့ရှိခဲ့ရသည်။


တိုင်းတာချက်များအရ ပြီးခဲ့သည့် မေလ ၂၆ ရက် စနေနေ့ နှင့် နှှိုင်းယှဉ်ပါက ဇွန်လ ၂ ရက် စနေနေ့တွင် ဖုန်းခေါ်ဆိုမှု ပမာဏသည် ၁၈ ရာခိုင်နှှုန်း နီးပါးတိုးတက်ခဲ့ပြီး ဒေတာ အသုံးပြုမှုပမာဏသည် ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တွေ့ရှိ ရသည်။ ဇွန်လ ၂ ရက်နေ့ အသုံးပြုမှုသည် ဇွန်လ ၁ ရက်နေ့နှင့် နှှိုင်းယှဉ်ပါက ဖုန်းခေါ်ဆိုမှု ပမာဏ ၁၀ ရာခိုင်နှုန်းကျော် နှင့် ဒေတာအသုံးပြုမှု ပမာဏ ၅ ရာခိုင်နှုန်းခန့် အသီးသီး တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။ 


 “မြန်မာလူမျိုးတွေက သူတို့တွေရဲ့ အရေးပါ အရာရောက်တဲ့ အချိန်တွေမှာ သူငယ်ချင်း၊ မိသားစုတွေနဲ့ မျှဝေ ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ပွဲလမ်းသဘင်တို့၊ အခမ်းအနားတို့ကျင်းပတဲ့ အချိန် ဒါမှမဟုတ် အထိမ်းအမှတ်ပွဲတွေ ကျင်းပ တဲ့အချိန်မှာ ဖုန်းခေါ်ဆိုမှုနဲ့ ဒေတာ အသုံးပြုမှု မြင့်တက်မှုရှိတာကို ကျွန်တော်တို့အနေနဲ့ တွေ့ရှိနေရပြီးလည်း ဖြစ်ပါ တယ်။ ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာမှုကလည်း အရေးပါတဲ့ အထိမ်းအမှတ် တစ်ခု ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုအတွက် လိုလားချက်က မြင့်မားဆဲ ရှိနေပြီး အွန်လိုင်းမှာ ပေးအပ်နိုင်တဲ့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာဖို့ အခွင့်အရေးတွေ ရှိနေတာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အလျင်မြန်ဆုံးနဲ့ အတည်ငြိမ်ဆုံး ဒေတာကွန်ရက်ကို တည်ဆောက်ပြီး ဖြစ်သလို မြန်မာလူမျိုးတွေအတွက် ကွန်ရက် ချိတ်ဆက်မှုကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အပြည့်အဝပေးအပ်သွားနိုင်ဖို့ ‘ဒစ်ဂျစ်တယ် မြန်မာ’ ကို အကောင်အထည် ဖော်ဖို့ရာအတွက်လည်း ဦးစားပေးလက်တွဲ ဆောင်ရွက်နေမှာလည်း ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် Hans Martin Hoegh Henrichsen က ပြောကြားသည်။


၂၀၁၇-၂၀၁၈ စာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၉၀,၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အောင်စာရင်းရလဒ်များအရ အောင်ချက် ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်း ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုများကို လွန်ခဲ့သည့်  ၄ နှစ်ခန့်က ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ပညာရေး ဝန်ကြီးဌာနသည် တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်စာရင်းအား အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ပေးလာခဲ့သည်။


တယ်လီနောသည် လက်ရှိတွင် ဆုတံဆိပ်များဆွတ်ခူးရရှိထားသည့် ၎င်း၏ 3G နှင့် 4G ကွန်ရက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈၀၀၀ ကျော်နှင့်အတူ တယ်လီနော ကွန်ရက်သည် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်အား လွှမ်းခြုံထားပြီး ဖြစ်သည်။ တယ်လီနော၏ 4G ကွန်ရက်သည် မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၄၀ ကျော်အား အောင်မြင်စွာ လွှမ်းခြုံထားပြီး ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor