03 November, 2015 - Yangon
တယ်လီနောစီးပွားရေးလုပ်ငန်း တည်ထောင်ထားသည့် နိုင်ငံများမှ ကိုယ်စားလှယ် ၂၅ ဦးတက်ရောက်မည် ဖြစ်သည်
ဆုဝေစိုးနှင့် ဖြိုးသူရဌေးတို့သည် ယခုဒီဇင်ဘာလတွင် နှစ်စဉ် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပသော Telenor Youth Forum သို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာလီမိတက် (တယ်လီနော) မှ ယနေ့တွင်ကြေငြာခဲ့သည်။
Telenor Youth Forum သည် လူငယ်ဆန်းသစ်တီထွင်သူများကို ကမ္ဘာ့စင်မြင့်ပေါ်သို့ တက်ရောက်စေပြီး ၄င်းတို့ကျွမ်းကျင်သော နယ်ပယ်များတွင် ဦးဆောင်နေသူများ၊ အထင်ကရပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အခွင့်အလမ်းများကို ရရှိစေသည့်အပြင် လူမှုပတ်ဝန်းကျင်နှင့် ကျွမ်းကျင်မှုနယ်ပယ်တို့တွင် တသက်တာ အကောင်းဆုံး အတွေ့အကြုံများကိုပါ ရရှိစေသည်။ ဤပွဲကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် ဒီဇင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အော်စလိုတွင် ကျင်းပမည့် Telenor Youth Forum (#TYF15) ကို ယခုနှစ်တွင် တက်ရောက်မည့် ဆန်းသစ် တီထွင်သူလူငယ် ၂၅ ဦးထဲတွင် ပါဝင်မည့်သူ နှစ်ဦးဖြစ်သည်။ နှစ်စဉ်ကျင်းပသောပွဲသည် နိုဘယ်လ်ဆုပေးပွဲ ရက်သတ္တပတ်နှင့်တစ်ချိန်ထဲ ဖြစ်ပြီး ယခုနှစ်အတွက် theme မှာ #KnowledgeForAll ဟု သတ်မှတ်ထားသည်။
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Petter Furberg မှ “ကျွန်တော်တို့ အခုရွေးချယ်ခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်နှစ်ဦးဟာ မိုဘိုင်းချိတ်ဆက်မှုကို အသုံးပြုပြီး လူမှုပတ်ဝန်းကျင်ကို ထိရောက်စေမယ့် ထိုးဖောက်မှုမျိုးကို ဆောင်ကျဉ်းပေးဖို့ ရည်ရွယ်ချက်တွေ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာကို တွေ့ရပါတယ်။ သူတို့က မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်ကောင်းတွေဖြစ်မယ်လို့ ယုံကြည်ထားပြီး ကမ္ဘာတဝှမ်းက သူတို့လိုမျိုး အတွေးအခေါ်ချင်းတူတဲ့ တခြားလူငယ်တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး လူထုအသိုင်းအဝိုင်းကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်ဆန်းသစ်မှုရှိတဲ့ အကြံဉာဏ်တွေ ဖလှယ်သွားနိုင်မယ် လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
အသက် (၂၁) ရှိ ဆုဝေစိုးသည် B.Com (Management& Marketing) ဖြင့် ဘွဲ့ရထားသူဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုအတွက် အကြံဉာဏ်ပေးဆွေးနွေးမှု hotline ကို တည်ထောင်ခြင်းဟူသည့် အဆိုတင်သွင်းမှုဖြင့် Telenor Youth Forum ကို လျှောက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ သူမ၏ မိသားစု စီးပွားရေးလုပ်ငန်းကို ပါဝင်ကူညီပေးနေရင်း မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိသည် ကို သိရှိလာရပြီးနောက် ဖိနှိပ်ခံအမျိုးသမီးများအား ကူညီနိုင်ရန် တဖက်တလမ်းမှ ပါဝင်ဆောင်ရွက်ချင် စိတ်ဖြစ်ပေါ်လာခဲ့သည်။
“အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ အခြေအနေကို ပြောပြဖို့ ရှက်နေတာ၊ ဒါမှမဟုတ် သူတို့အကြောင်းကို ပြောပြတဲ့အခါ လုံလောက်တဲ့ အားပေးမှုမရလောက်ဖူးလို့ ခံစားနေရတဲ့ အတွက် သူတို့ ဖြစ်နေတဲ့ ကိစ္စတွေကို တခြားသူတွေနဲ့ ဆွေးနွေးဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မက အမျိုးသမီးတွေအတွက် သူတို့ရဲ့ အိမ်တွင်းပြဿနာတွေကို ဖုန်းဆက်ပြီး ကျွမ်းကျင်သူတွေနဲ့ အမည်မသိသူက ဖုန်းခေါ်တဲ့ပုံစံနဲ့ ဆွေးနွေးနိုင်ဖို့ hotline တစ်ခုကို တည်ဆောက်ချင်တာပါ။” ဟု ဆုဝေစိုးမှ ပြောကြားခဲ့သည်။
၄င်းမှ ဆက်လက်ပြီး “မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ရွေးချယ်ခံခဲ့ရကို ဝမ်းသာမိပါတယ်။ အော်စလိုမှာ တခြားနိုင်ငံက လူငယ်တွေနဲ့ ဆွေးနွေးပြီးတဲ့ နောက်မှာ အမျိုးသမီးတွေကို ကူညီဖို့ အကြံဉာဏ်ကောင်းတွေကို ရရှိမယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
ဖြိုးသူရဌေးသည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Chemical Engineering မေဂျာ တက်ရောက်နေသည့် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ဖြစ်သည်။ ၄င်းသည် တက္ကသိုလ်ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် စာကြည့်တိုက်တစ်ခုကို မိုဘိုင်း app တစ်ခုအနေဖြင့် တီထွင်နိုင်ရန် ကြံဆနေသူတစ်ဦး ဖြစ်သည်။
“သာမန်တက္ကသိုလ် စာသင်ကြားတာအပြင် ကျောင်းသားတွေက သူတို့သင်ယူနေတဲ့ ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ၊ ဗဟုသုတတွေကို ရရှိနိုင်ပါတယ်။ ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖို့အတွက် တယ်လီနောလိုမျိုး နည်းပညာကုမ္ပဏီကြီးတွေက အကူအညီလိုအပ်ပါတယ်။ TYF မှာ ရွေးချယ်ခံခဲ့ရသူတစ်ဦးအနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့က ကျွန်တော့်အတွက် ပထမဦးဆုံး ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ရွေးချယ်ခံရလို့လည်း ဝမ်းမြောက်မိပါတယ်။” ဟုု၄င်းမှ ပြောကြားခဲ့သည်။
၄င်းမှ ဆက်လက်ပြီး အခြားလူငယ်တွေနဲ့ ဖိုရမ်မှာ ဗဟုသုတတွေ၊ အတွေးအခေါ်တွေ ကို ဖလှယ်ခြင်းကြောင့် အတွေ့အကြုံများရရှိလာမည် ဖြစ်ပြီး ၄င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ပေးမည့် ဆန်းသစ်ထူးခြားသော အိုင်ဒီယာများ ရရှိလာနိုင်မည်ဟု ပြောကြားခဲ့သည်။
တယ်လီနောမှ ဖိုရမ်အတွက် အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များနှင့် စိတ်ကူးစိတ်သန်းပေါ်ပေါက်လာစေအောင် စွမ်းဆောင်နိုင်သည့် မိန့်ခွန်းပြောကြားသူများကို ဖိတ်ခေါ်ထားပြီး ၄င်းတို့အားလုံးမှာ ဗဟုသုတတိုးပွားရေးနှင့် ပညာသင်ကြားရေးကို ပိုမိုရရှိနိုင်စေရန် စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှိသူများဖြစ်သည်။ အဓိက အမှာစကား မိန့်ခွန်းပြောကြားမည့်သူမှာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဗဟုသုတ အချက်အလက်များ စုဆောင်းရာ နေရာ ဖြစ်သည့် Wikipedia ကို တည်ထောင်ခဲ့သူ Jimmy Wales ဖြစ်သည်။
အခြားမိန့်ခွန်းပြောကြားမည်သူများမှာ
“ကျွန်တော်တို့ဖိုရမ်ကို တက်ရောက်မယ့် သူတွေက မတူခြားနားတဲ့ အမြင်ရှုထောင့်တွေအပေါ်မှာ မူတည်ထားတဲ့ အတွေးအခေါ်တွေ အယူအဆတွေကို ယူဆောင်လာပြီး လူထုအသိုင်းအဝိုင်းအသီးသီးက စိန်ခေါ်မှုတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်က တခြားလူတွေအတွက် အတားအဆီးတစ်ခုလို့ မြင်ထားတဲ့ အရာတစ်ခုကို သူတို့တွေက ထိရောက်အောင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတစ်ခုလို့ မြင်တဲ့ အချက်ပါပဲ။ အားလုံးအတွက် အသိဉာဏ်ဗဟုသုတတိုးပွားနိုင်ဖို့ အလွယ်တကူ ရရှိနိုင်ဖို့ တယ်လီနောနဲ့ မိုဘိုင်းနည်းပညာတို့ ပူးပေါင်းပြီး ဘယ်လို ပါဝင်ဆောင်ရွက်နိုင်လဲဆိုတာ သူတို့တွေနဲ့ ဆွေးနွေးသွားချင်ပါတယ်။” ဟု တယ်လီနောအုပ်စု၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Sigve Brekke မှ ပြောကြားခဲ့သည်။
ဖိုရမ်အကြောင်းပိုမိုသိရှိလိုပါက http://www.telenor.com/youthforum/
မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004
ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087