Press Release

ဆရာ၊ ဆရာမများသင်ကြားရေးအထောက်အကူများ အခမဲ့ရရှိရန်တယ်လီနောမှ ထောက်ပံ့ပေးအပ်

18 May, 2020 - Yangon

  • အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ပညာရေးဝန်ကြီးဌာန  MDEP ဝက်ဆိုဒ်ကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် တယ်လီနောမှ ပံ့ပိုး
  • အင်တာနက်ဖြတ်တောက်ခြင်း ခံထားရသော ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းဆရာ၊ ဆရာမများအား အထောက်အပံ့ပေးရန်နှင့် ခေတ်မီသင်ကြားရေးနည်းပညာများကို လေ့လာနိုင်စေ ရန် ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ သင်ကြားရေးပစ္စည်းများ ပါဝင်သော DBE box များကို တယ်လီနောမှ လှူဒါန်း

 

DBE Box donation handover   DBE Box donation handover
myME ၏ပံ့ပိုးမှုဖြင့် ရခိုင်နှင့် ချင်းပြည်နယ် ရှိ စာသင်ကျောင်း ၁၅၀ကျော်ရှိ ဆရာ၊ဆရာမများ DBE box များတပ်ဆင်အသုံးပြုနိုင်ရန် တယ်လီနောမှ အလှူငွေပေးအပ်

 

ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုဒဏ် ခံစားရသော ကဏ္ဍများကို အထောက်အပံ့များပေးရာတွင် ပိုမိုအားကောင်းစေရန် လုပ်ဆောင်သည့်အနေဖြင့် မြန်မာနိုင်ငံ အနှံ့ရှိ ကျောင်းဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းပလက်ဖောင်းကို (၆) လတာ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် တယ်လီနောမြန်မာမှ ထောက်ပံ့ ပံ့ပိုးသွားမည်ဖြစ်သည်။ ထို့ပြင် ပညာရေးနှင့် ပတ် သက်၍ အကျိုးခံစားခွင့်ကို အားလုံးတန်းတူညီမျှ ခံစားနိုင်ကြစေရန် လတ်တလောတွင် အင်တာနက်ဖြတ် တောက်ခံထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ် (၈) မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ ၂၀၀၀ ကျော်နှင့် ကျောင်းသား ၅၀,၀၀၀ တို့အား အခြေခံပညာဦးစီးဌာန (DBE) သင်ကြားရေးရင်းမြစ်များ (DBE Box) များကို တယ်လီနောမှ ပေးအပ်လှူဒါန်းသွားမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းပလက်ဖောင်းမှတဆင့် ၄ တန်း၊ ၇ တန်း နှင့် ၁၀ တန်း အတန်းများ၏ သင်ရိုး ညွှန်းတမ်းသစ်များကို ဆရာ၊ ဆရာမများအနေဖြင့် လွယ်လင့်တကူ လေ့လာနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ အခြေအနေများကြောင့် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်း ပလက်ဖောင်းသို့ လွယ်လင့်တကူ ဝင်ရောက်ကြည့်ရှုနိုင်မှုသည် ကျောင်းဆရာ၊ ဆရာမများအနေဖြင့် အိမ်တွင် သာနေထိုင်၍ အဆက်အသွယ်အချိတ်အဆက်မပြတ်ဘဲ ကျောင်းသင်ခန်းစာများကို အွန်လိုင်းမှတဆင့် သင်ကြားပို့ချပေးနိုင်မှုသည် ဆရာ၊ ဆရာမများအတွက် အလွန်ပင်အရေးပါလှသည်။

“စာသင်ကျောင်းတွေနဲ့ သင်ထောက်ကူကိရိယာတွေ အဆက်မပြတ်လက်လှမ်းမီ ရရှိရေးကိစ္စဟာ ပညာရေး ဝန်ကြီးဌာနအတွက် အလွန်ကိုအရေးပါပါတယ်။ အခုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ Online learning ကနေတစ်ဆင့် သင်ရိုးသစ်သင်တန်းတက်ရောက်မယ့် ဆရာ၊ ဆရာမတွေအတွက် အင်တာနက် ဒေတာ အခမဲ့အသုံးပြုခွင့် (၆) လစာနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာရှိတဲ့ မြို့နယ်ပေါင်း (၈) မြို့နယ်က ဝေးလံခေါင်ဖျား စာသင်ကျောင်းတွေအတွက် DBE Box အလုံးရေ (၁၅၀) ကို တယ်လီနောက ပံ့ပိုးပေးသွားမှာ ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေအနေနဲ့ သင်ကြားသင်ယူမှုဆိုင်ရာ အရင်းအမြစ်တွေကို စဉ်ဆက်မပြက် လေ့လာဆည်းပူးသွားနိုင်မှာဖြစ်ပါတယ်။” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းမှ ပြောကြားခဲ့သည်။

မြန်မာရွေ့လျားပညာရေးစီမံကိန်း (MyME) မှ ပြုစုထုတ်လုပ်သော DBE Box များတွင် ဆရာ၊ ဆရာမများအ တွက် ဗီဒီယိုများ၊ ဝတ္တုတိုများ၊ ကဗျာများ အသွင်ဖြင့်ပြုလုပ်ထားသော လေ့ကျင့်ရေးအကြောင်းအရာများ သို့မဟုတ် သင်ကြားရေးအထောက်အကူပြုများ၊ လေ့လာသင်ယူသူများအတွက် ရုပ်ပုံဇယားများထည့်သွင်း ထားသော လေ့လာစရာများနှင့် တယ်လီနော၏ ဘေးကင်းလုံခြုံစွာ အွန်လိုင်းအသုံးပြုနိုင်ရေး ပညာပေး အကြောင်းအရာများ ပါဝင်ပါသည်။ DBE Box များကို Raspberry Pi မီနီကွန်ပြုတာတွင် တည်ဆောက်ပြီး လက်ကိုင်ဖုန်းမှတဆင့် Box အတွင်းရှိ အကြောင်းအရာများသို့ ဆက်သွယ်နိုင်သည့် router များပါဝင်သည်။ DBE box အလုံးရေ (၁၅၀) ကို အင်တာနက်ဖြတ်တောက်ခြင်းခံထားရသော မြို့နယ်များမှ ဆရာများထံသို့ ဖြန့်ချိပေးသွားမည်ဖြစ်သဖြင့် ထိုမြို့နယ်များမှဆရာများသည် အွန်လိုင်းပလက်ဖောင်းကို အသုံးပြုနိုင်သော ဆရာများနှင့် ရင်ဘောင်တန်း အမီလိုက်နိုင်ကြမည်ဖြစ်သည်။

“အွန်လိုင်းမှာတင်ထားတဲ့ အကြောင်းအရာတွေ၊ လေ့လာရေးအထောက်အကူပြုတွေကို ဝင်ရောက်မကြည့်ရှု နိုင်တဲ့ ဆရာ၊ ဆရာမတွေဟာ DBE box တဆင့် လေ့လာနိုင်ကြမှာဖြစ်ပါတယ်။ တယ်လီနောဟာ မညီမျှမှုတွေ ကို လျှော့ချဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ကိုဗစ်-၁၉ ဟာ လူမှုရေးမညီမျှမှုတွေကို ပိုမိုကြီးထွားလာအောင် မကြုံ စဖူးနည်းနဲ့ ခြိမ်းခြောက်နေပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကျောင်းတွေနဲ့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် ကဏ္ဍအတော်များများဟာ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုဒဏ်ကို အတော်လေး ခံစားနေရပါတယ်။ အခုလိုကြိုးပမ်းအားထုတ်မှုက မညီမျှမှုကွာဟချက်ကို နည်းနိုင်သမျှနည်း အောင် လုပ်ဆောင်ပေးတာဖြစ်ပြီး ကလေးသူငယ်တွေရဲ့ ဘဝတိုးတက်ရေးအတွက် စိတ်နှစ်မြှုပ်နှံကာ ပညာ သင်ကြားပေးနေတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းဆရာ၊ ဆရာမတွေကို သူတို့အတွက်လိုအပ်တဲ့ သင်ကြားရေး အရင်းအမြစ်တွေ၊ သူတို့အတွက် အရေးအကြီးဆုံးအရာတွေနဲ့ ချိတ်ဆက်နိုင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့် ပါတယ်။”ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Hans Martin Hoegh Henrichsen မှ ပြောကြားခဲ့သည်။

 

DBE Box donation handover    DBE Box donation handover
myME ၏ပံ့ပိုးမှုဖြင့် ရခိုင်နှင့် ချင်းပြည်နယ် ရှိ စာသင်ကျောင်း ၁၅၀ကျော်ရှိ ဆရာ၊ဆရာမများ DBE box များတပ်ဆင်အသုံးပြုနိုင်ရန် တယ်လီနောမှ အလှူငွေပေးအပ်

 

ဆရာ၊ ဆရာမများသည် ပညာရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်သို့ မေလ ၁၅ ရက်၊ ၂၀၂၀ ခုနှစ်မှစတင်၍ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျောင်းများပြန်မဖွင့်မီ သင်ကြားရေး အထောက်အကူပြုသင်တန်းများကို လေ့လာနိုင်သည့်အပြင် ကျောင်းများပြန်ဖွင့်ပြီးပါကလည်း ဆက်လက်လေ့လာနိုင်ကြမည်ဖြစ်သည်။

“တယ်လီနောက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ စတင်အခြေချလုပ်ကိုင်ကတည်းက မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အမြဲတစေ ရှေ့ကနေ ဦးဆောင်နေခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်နဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ လူတိုင်းအတွက် အရည်အသွေးရှိတဲ့ ပညာရေးထောက်ပံ့မှုကိုပေးစွမ်းနိုင်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့ ကျွန်တော်တို့ရဲ့myME Project ကို အကောင် အထည်ဖော်ဖို့အတွက် လုံလောက်တဲ့အရင်းအမြစ်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ အခုဆန်းသစ်တီထွင်လိုက် တဲ့၊ လက်တွေ့မှာလည်း အရေးပါအရာရောက်တဲ့ DBE Box တွေကို အချိန်မီ လှူဒါန်းနိုင်ခြင်းဟာလည်း တယ်လီနောနဲ့ myME Project တို့ရဲ့ နောက်ထပ်ချန်ပီယံ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီ DBE Box တွေ ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အတွက် အရေးပါတဲ့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု myME ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ Time Aye-Hardy မှ ပြောကြားခဲ့သည်။

တယ်လီနောမြန်မာသည် လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၄ ခုနှစ်မှစ၍ လူမှုအကျိုးပြုစီမံကိန်း အများ အပြားအား လုပ်ကိုင်ပေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဘေးကင်းသော အင်တာ နက် စီမံကိန်းအပါအဝင် အခြားလူမှုအကျိုးပြုစီမံကိန်းများလည်း ပါဝင်ပြီး ထိုစီမံကိန်းများမှတစ်ဆင့် လူပေါင်း (၁) သန်းကျော်ကို ယနေ့အချိန်တွင် အကျိုးဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။  တယ်လီနောမြန်မာသည် ကျောင်းပြင်ပ ပညာရေးနှင့်  ဒစ်ဂျစ်တယ်တတ်မြောက်မှု စီမံကိန်းများကို အထောက်အပံ့ပေးရန်အတွက် မြန်မာရွေ့လျား ပညာရေးစီမံကိန်း (MyME)၊ ပလန်အင်တာနေရှင်နယ် (Plan International) တို့နှင့် လက်တွဲ ပူးပေါင်းဆောင် ရွက်ခဲ့သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု များအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ် ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာ များအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share