Press Release

"ဆင်းကတ်မှတ်ပုံတင်နေ့များ"ကို တယ်လီနောက မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပသွားမည်

17 November, 2016 - Yangon

  • မြို့ကြီး၊ မြို့ငယ်နှင့် ကျေးရွာများတွင်ပါ ‘ဆင်းကတ်မှတ်ပုံတင်နေ့များ’ကို အပတ်စဉ်နှင့် လစဉ် ကျင်းပသွားမည်
  • အွန်လိုင်းမှ တစ်ဆင့် ကိုယ်တိုင် မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မည့် နည်းလမ်းမျိုးစုံကိုလည်း မိတ်ဆက် ပေးထားပြီး ဖြစ်ကာ လက်လီအရောင်းဆိုင် ၃၄,၀၀၀ ကျော်တွင်လည်း မှတ်ပုံတင်နိုင်မည်

 

 တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) မှ အပတ်စဉ်၊ လစဉ် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ ကို နိုင်ငံအနှံ့ စတင်နေပြီဖြစ်ပြီး မှတ်ပုံတင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ချက်ခြင်းထိုနေရာတွင်ပင် မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။ “သုံးစွဲသူတွေအနေနဲ့ မိမိအဆင်ပြေတဲ့အချိန်မှာ ဆင်းကတ်တွေကို အလွယ်တကူ မှတ်ပုံတင်လို့ရအောင် အွန်လိုင်းချန်နယ် တွေရယ် လူကိုယ်တိုင်သွားပြီး မှတ်ပုံတင်လို့ရမယ့် ဆိုင်တွေကိုပါ စီစဉ်ထားပါတယ်။ ဆင်းကတ်မှတ်ပုံတင်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်ဖို့အတွက် အခုလို ‘ဆင်းကတ်မှတ်ပုံတင်နေ့’တွေကို စီစဉ် ဆောင်ရွက် တာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ စျေးကွက်ဖော်ဆောင်ရေး အမှုဆောင်အရာရှိချုပ် Joslin E Myrthong က ပြောကြား သည်။ “ဆင်းကတ်မှတ်ပုံတင်ထားမယ်ဆိုရင် သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းကနေ တစ်ဆင့် ဆောင်ရွက်နိုင်တဲ့ ငွေရေး ကြေးရေး ဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးတာ ဒါမှမဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာတွေ ရှိလာရင် ဖြေရှင်းနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။”

လက်တလောတွင် ဆင်းကတ်မှတ်ပုံတင်နေ့ကို ရန်ကုန်မြို့၌ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သွားခဲ့ပြီး တယ်လီနော ဝန်ထမ်းများက သုံးစွဲသူများနှင့် တိုက်ရိုက် လိုက်လံတွေ့ဆုံပြီး ဆင်းကတ်ကို လွယ်ကူစွာ မှတ်ပုံတင်ရန် နည်းလမ်းများနှင့် မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းပြခဲ့ကြကာ လက်တွေ့ ချက်ခြင်း မှတ်ပုံတင်နိုင်ရန် ကူညီပေးခဲ့ကြပါသည်။ ‘ဆင်းကတ်မှတ်ပုံတင်နေ့’ကို တယ်လီနောဝန်ဆောင်မှု ရရှိသည့် အခြား မြို့ငယ်များနှင့် ကျေးရွာများအထိ တိုးချဲ့ ပြုလုပ် သွားမည် ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းတွင် တာဝါတိုင် အရေအတွက် ၆,၈၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျှင်မြန်ဆုံး တိုးတက် နေသည့် အင်တာနက်နှင့် ဖြန့်ချိရေးကွန်ရက်မှ တစ်ဆင့် တယ်လီနောသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

တယ်လီနော၏ အွန်လိုင်းနှင့် ကိုယ်တိုင် မှတ်ပုံတင်နိုင်သော ချန်နယ်များမှ တစ်ဆင့် သုံးစွဲသူများသည် ၎င်းတို့၏ ဆင်းကတ်များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ပါသည်။ ထို့အပြင် လိုအပ်သော အထောက်အထားများနှင့် verification ကုတ်နံပါတ် လက်ခံနိုင်သည့် အသုံးပြုဆဲ ဆင်းကတ်တို့ ရှိပါက မိသားစုဝင်များ၊ မိတ်ဆွေများအတွက်ပါ ကိုယ်စား မှတ်ပုံတင်ပေးနိုင်မည် ဖြစ်သည်။

အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆို ecaf.telenor.com.mm သို့ ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကို http://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။ တယ်လီနောမြန်မာ Facebook စာမျက်နှာကို တိုက်ရိုက် မက့်ဆေ့ချ့် ပို့၍လည်း ဆင်းကတ်မှတ်ပုံတင်ရန် မေးမြန်း ဆောင်ရွက်နိုင်ပါသည်။ တယ်လီနော၏ Viber မှ တစ်ဆင့်လည်း မှတ်ပုံတင်ရမည့် လင့်ခ် သို့ ဝင်ရောက်ခြင်းဖြင့် မှတ်ပုံတင်နိုင်မည် ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီမှ မြန်မာနိုင်ငံနေရာ အတော်များများရှိ ထောင်နှင့်ချီသော အရောင်းဆိုင်နေရာများကို အသုံးပြုသူများအား ကုညီပေးနိုင်ရန် ထားရှိထားပြီး မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးခြင်း သို့မဟုတ် ဆင်းကတ် မှတ်ပုံတင်ခြင်းကို လျင်မြန်လွယ်ကူစွာ ပြုလုပ်နိုင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိတွင် ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း အမှတ်အသား ထားရှိသော ဆင်းကတ် လက်လီ အရောင်းဆိုင်ပေါင်း ၃၄,၀၀၀ ကျော်သည် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား ပေးအပ်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနှံ့ အဓိက မြို့ကြီးမြို့ငယ်များရှိ တယ်လီနော၏ ကိုယ်ပိုင်အရောင်းဆိုင်ပေါင်း ၉၀ ခန့်တွင်လည်း ဆင်းကတ် မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုများ ဆက်လက် ပေးအပ်လျက်ရှိသည်။ ဆင်းကတ်ပိုင်ဆိုင်သူ အမည်ပြောင်းလဲခြင်း ကိုလည်း အဆိုပါဆိုင်များတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

တယ်လီနောအနေနှင့် သုံးစွဲသူများအား ၎င်းတို့၏ဆင်းမ်ကတ်မှတ်ပုံတင်ထားရှိမှု အခြေအနေများအား စစ်ဆေးနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ပေးနေသည်။ သုံးစွဲသူများအနေနှင့် ၎င်းတို့၏ ဆင်းကတ်များမှတ်ပုံတင်ထားရှိမှု အခြေအနေ များအား *979*3*3# သို့ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင် အရောင်းဆိုင် ၉၀ ခန့် နှင့် သတ်မှတ်ထားသော လက်လီအရောင်းဆိုင်များသို့ သွားရောက်၍ုသော်လည်းကောင်း၊ ဖုန်းနံပါတ် ‘၅၀၀’ သို့ ‘REG’ စာလုံးကိုရိုက်နှိပ်၍ ပေးပို့ု၍ သော်လည်းကောင်း စစ်ဆေးနိုင်မည်ဖြစ်သည်။

ဆင််းမ်ကတ်များ မှတ်ပုံတင်ရန်မှာ ဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး ပုုိ့ဆောင်ရေးနှင့် ဆက်သွယ် ရေး ၀န်ကြီးဌာနက မုုိဘုုိင်းဆင်းကတ်များ အားလုံုးကုုိ မတ်လ ၃၁ ရက် ၂၀၁၇ မတုုိင်ခင် မှတ်ပုုံတင် ထားကြရန် ညွှန်ကြားထား ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိအသုံးပြုလျက်ရှိသော နံပါတ်အား မှတ်ပုံတင်ရန််အတွက် နိုင်ငံသား မှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် အခြားသော သက်သေခံကတ် တစ်ခုခု ၏ မိတ္တူ လိုအပ်ပြီး လျှောက်လွှာတွင် လိုအပ်သော အချက်များ ဖြည့်စွက်ပေးရမည် ဖြစ်သည်။ လိုအပ်သော စာရွက် စာတမ်းများ၊ အချက်အလက်များအသုံးပြု၍ နံပါတ်အား မှတ််ပုံတင်ရန် မိနစ်အနည်းငယ် သာ ကြာမြင့်မည်ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ခြင်းကို အခမဲ့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

 

သုံးစွဲသူများဆင်ကတ် မှတ်ပုံတင်နိုင်ရန်နှင့် မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးနိုင်မည့် ချန်နယ်များ သုံးစွဲသူများဆင်းကတ် မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးနိုင်မည့် ချန်နယ်များ
ဝက်ဘ်ဆိုက် - ecaf.telenor.com.mm *၉၇၉*၃*၃# သို့ ဖုန်းခေါ်ဆိုခြင်း
My Telenor App - http://bit.ly/mytelenor24 ဖုန်းနံပါတ် ‘၅၀၀’ သို့ ‘REG’ စာလုံးကို ရိုက်နှိပ် ပေးပို့ခြင်း
မြန်မာနိုင်ငံတစ်ဝန်း လက်လီဆိုင် ၃၄,၀၀၀ ကျော်  
မြန်မာနိုင်ငံတစ်ဝန်း တယ်လီနော ကိုယ်ပိုင်အမှတ် တံဆိပ် အရောင်းဆိုင်ပေါင်း ၉၀ ခန့် (လိပ်စာများ - Telenor Shop) * ဆင်းကတ်ပိုင်ဆိုင်သူ အမည်ပြောင်းလဲခြင်းကိုလည်း အဆိုပါ ဆိုင်များတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်  

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor