Press Release

ဆင်းကတ်များမှတ်ပုံတင်ရန် ၂၅ ရက်သာကျန် - တယ်လီနောသုံးစွဲသူများဆင်းကတ် မှတ်ပုံတင်ရန် နည်လမ်း ၉ သွယ် ဆောင်ရွက်ပေးထား

06 March, 2017 - Yangon

  • အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက်မှတ်ပုံတင်နိုင်သောနည်းလမ်းများ (နိုင်ငံတစ် ှမ်းရှိ ကမောၻဇဘဏ်ခွဲပေါင်း ၈၆ ဘဏ်တွင် အပါအ၀င်)ကိုမိတ်ဆက်ပေးထားပြီး ဖြစ်
  • ဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်မိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်မှုရှိမည် ဖြစ် 

ဆင်းကတ်မှတ်ပုံတင်ရန် နောက်ဆုံးရက်တဖြည်းဖြည်းနီးကပ်လာပြီ ဖြစ်ရာတယ်လီနောသုံးစွဲသူများယင်းတို့၏ ဆင်းကတ်များကိုအဆင်ပြေချောမွေ့စွာဖြင့် မှတ်ပုံတင်နိုင်ကြရန် နည်းလမ်းသစ် များကိုထပ်မံမိတ်ဆက်ပေးလိုက်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများအားလုံးကို၂၀၁၇ခုနှစ်မတ်လ၃၁ရက်နေ့မတိုင်မီသုံးစွဲသူများ၏ဆင်းကတ်များအားလုံးမှတ်ပုံတင်ထားရန်ညွှန်ကြားထားပါသည်။

တယ်လီနောသုံးစွဲသူများသည် လက်ရှိရှိပြီးသားအွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရသည့် နည်းလမ်းများအပြင် တယ်လီနော၏ Facebook၊ အီးမေးလ်နှင့် Viber မှ တစ်ဆင့်လည်းယခုအခါ ဆင်းကတ်များကိုအခမဲ့ မှတ်ပုံတင်နိုင် ပြီ ဖြစ်ပါသည်။ မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်လိုသောတယ်လီဖုန်းနံပါတ်နှင့်အတူအသိအမှတ်ပြု သတ်သေခံကတ်ပြားတစ်ခုခု (ဥပမာ - နိုင်ငံသားစိစစ်ရေးကတ်) ၏ ကြည်လင်ပြတ်သားသောအရှေ့နှင့်အနောက်ဓါတ်ပုံတို့ကိုပေးပို့ ပေးရမည် ဖြစ်ပါသည်။ မှတ်ပုံတင်လိုသောဆင်းကတ်အားစာတိုပေးပို့ခြင်းလက်ခံနိုင်ရန် ဆောင်ရွက်ထားရပါမည်။

“တယ်လီနောသုံးစွဲသူတွေ ဆင်းကတ်တွေကိုအလွယ်တကူမှတ်ပုံတင်နိုင်ကြစေဖို့ အခုလိုနည်းလမ်းသစ်တွေကိုထပ်မံဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဆင်းကတ်မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ကိုတဖြည်းဖြည်းနီးကပ်လာနေတဲ့အချိန်မှာနည်းလမ်းပေါင်းစုံကနေပြီးဆင်းကတ်တွေကိုမှတ်ပုံတင်သူတွေလည်းပိုမိုများပြားလာတာကျနော်တို့ သတိထားမိပါတယ်။ လက်ရှိမှာသုံးစွဲသူစုစုပေါင်းရဲ့ ၇၅% ကျော်ဟာဆင်းကတ်တွေကိုမှတ်ပုံတင်ပြီးစီးပြီး ဖြစ်နေပါပြီ၊ ကျန်ရှိနေသေးတဲ့ သုံးစွဲသူတွေအနေနဲ့လည်းအချိန်မီမှတ်ပုံတင်ထားကြဖို့ ထပ်မံတိုက်တွန်းလိုုက်ရပါတယ်” ဟုတယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။ တယ်လီနောသည် လက်ရှိတွင် သုံးစွဲသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရန် အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရသည့် နည်းလမ်း ၉ သွယ်ကိုဆောင်ရွက်ပေးထားပါသည်။

 

 

အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်


1) ၀က်ဘ်ဆိုက် – http://ecaf.telenor.com.mm
2) App – မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေအိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကိုhttp://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူမှတ်ပုံတင်နိုင်
3) Facebook messenger –https://www.facebook.com/TelenorMyanmar/
4) Viber – ၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈
5) အီးမေးလ် – reg@telenor.com.mm

ကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရန်


6) နိုင်ငံတစ် ှမ်းရှိ ကမောၻဇဘဏ်ခွဲပေါင်း ၈၆ ဘဏ်
7) နိုင်ငံတစ် ှမ်းရှိ ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်းအမှတ်အသားထားရှိသောဆင်းကတ် လက်လီအရောင်းဆိုင်ပေါင်း၄၂,၀၀၀ ကျော်
8) မြန်မာနိုင်ငံအနှံ့ အဓိကမြို့ကြီးမြို့ငယ်များရှိတယ်လီနော၏ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့်
9) မြို့နယ်ပေါင်း၅၂ခုရှိအလင်းအိမ်စင်တာများကပို့ချပေးလျက်ရှိသောဆင်းကတ်မှတ်ပုံတင်ခြင်းသင်တန်းများ
ထို့ပြင် တယ်လီနောသည် အပတ်စဉ်နှင့် လစဉ် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ကိုလည်း နိုင်ငံအနှံ့ ပြုလုပ်နေပြီးသုံးစွဲသူများအားမှတ်ပုံတင်ခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားကာချက်ခြင်းထိုနေရာတွင်ပင် မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်လည်းရှိပါသည်။

ဆင်းကတ်များမှတ်ပုံတင်ရန်မှာဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီးဆင်းကတ်ကိုမှတ်ပုံတင်ထားခြင်း ဖြင့် သုံးစွဲသူများအနေနှင့် မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက် နိုင်သောငွေရေးကြေးရေးဝန်ဆောင်မှုများကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်မည် ဖြစ်ပြီးဆင်းကတ်ပျောက်ဆုံးခြင်းသို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာများရှိလာပါကဖြေရှင်းနိုင် သည့် အကျိုးကျေးဇူးများကိုရရှိကြမည် ဖြစ်ပါသည်။ဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်သက်ဆိုင်ရာဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများမှပေးအပ်ထားသောမိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်သွားမည် ဖြစ်ပြီးဆင်းကတ်မှတ်ပုံတင်ပြီးမှသာ၀န်ဆောင်မှုများ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor