Press Release

ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်း နောက်ဆုံးရက်သတ္တပတ်သို့ရောက်ရှိ - စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များကို ဇွန်လ ၃၀ ရက်နောက်ပိုင်း ဖျက်သိမ်းသွားမည်

24 June, 2020 - Yangon

  • ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ညွှန်ကြားချက်များအရ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်အားလုံးသည် ဇွန် ၃၀ နောက်ပိုင်းတွင် ဖျက်သိမ်းသွားမည်
  • ဖျက်သိမ်းခြင်းခံရသော ဆင်းကတ်များမှ ကျန်ရှိသော လက်ကျန်ငွေများကို ညွှန်ကြားချက်အတိုင်း အစိုးရသို့ လွှဲပြောင်းပေးသွားမည်ဖြစ်
  • အပိုလက်ဆောင်များနှင့်အတူ ဝန်ဆောင်မှုများ ဆက်လက်သုံးစွဲပြီး လက်ကျန်ငွေများ မဆုံးရှုံးစေရန် အတွက် ဇွန် ၃၀ မတိုင်မီ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းများကို ချက်ချင်းလုပ်ဆောင်ကြရန် သုံးစွဲသူ များအား တိုက်တွန်း

မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ လမ်းညွှန်ချက် များအရ ဆင်းကတ်အားလုံးသည် စိစစ်အတည်ပြုနိုင်သော သက်သေခံကတ် (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) ဖြင့် မှတ်ပုံတင်ရမည်ဖြစ်သည်။ သုံးစွဲသူတစ်ဦးချင်းစီသည် အော်ပရေတာတစ်ခုလျှင် ဆင်းကတ် ၂ ခုသာ ကိုင်ဆောင်ခွင့်ရှိမည်ဖြစ်သည်။

ထိုလမ်းညွှန်ချက်များသည် မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရေတာအားလုံးအနေဖြင့် တန်းတူညီမျှ လိုက်နာလုပ် ဆောင်ရမည်ဖြစ်သည်။ အော်ပရေတာတိုင်းသည် မှန်ကန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့် အတည်ပြုမှုမရှိဘဲ ဆင်းကတ်များအား သုံးစွဲခွင့်ပေးခြင်း သို့မဟုတ် သုံးစွဲသူများအား နိုင်ငံသားစိစစ်ရေးကတ်တစ်ကတ်လျှင် ဆင်းကတ် ၂ ကတ်ထက်ပို၍ သုံးစွဲခွင့်မပြုရန် လမ်းညွှန်မှုရရှိထားသည်။

မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆင်းကတ်များသည် ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းတွင် ဖျက်သိမ်းခြင်းခံရမည်ဖြစ်သည်။ ထို့ပြင် ဖျက်သိမ်းခံ ရသော ထိုဆင်းကတ်များမှ ကျန်ရှိသော သုံးစွဲသူလက်ကျန်ငွေအားလုံးကို PTD ၏ ညွှန်ကြားချက်အတိုင်း အစိုးရသို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆင်းကတ်ဖျက်သိမ်းခြင်းခံရသော သုံးစွဲသူများသည် မည်သည့် လျော်ကြေးမျှရရှိမည်မဟုတ်သည့်အပြင် ဇွန် ၃၀ နောက်ပိုင်းတွင် ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်း များကိုလည်း ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။

မြန်မာနိုင်ငံ၏ အကောင်းဆုံး ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အင်တာနက်ကို ချောမွေ့စွာသုံးစွဲနိုင်ရန်၊ မိမိ တို့၏ လက်ရှိလက်ကျန်ငွေများ မဆုံးရှုံးစေရန်နှင့် ဆုလက်ဆောင်အဖြစ် ပေးအပ်သော ဒေတာ 5 GB အထိ သို့မဟုတ် မြန်မာငွေကျပ် ၁၀၀၀ အထိကို ဆုလက်ဆောင်အဖြစ် ရယူပြီး သုံးစွဲသူများအနေဖြင့် ဆင်းကတ်များ အား ချက်ချင်းမှတ်ပုံတင်ကြရန် တိုက်တွန်းနှိုးဆော်ပါသည်။ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ပြီးပါက မိမိတို့၏ မိုဘိုင်းဖုန်းနံပါတ်နှင့် ချိတ်ဆက်ထားသော လူမှုမီဒီယာအကောင့်များ၊ အွန်လိုင်းငွေပေးချေမှုများ၊ Direct Carrier Billing services  နှင့် အပိုထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကိုလည်း အဆင်ပြေချောမွေ့စွာ ဆက်လက် အသုံး ပြုနိုင်မည်ဖြစ်သည်။

ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းကို အခမဲ့လုပ်ဆောင်နိုင်ပြီး အွန်လိုင်းချန်နယ်များမှတစ်ဆင့်လည်း လွယ်ကူ လျင်မြန်စွာ မှတ်ပုံတင်နိုင်ပါသည်။ ထို့ပြင် တယ်လီနောစတိုး သို့မဟုတ် လက်လီအရောင်းဆိုင်များတွင်လည်း တယ်လီနောဆင်းကတ်များနှင့် မိမိတို့၏မှတ်ပုံတင်များကို ယူဆောင်ကာ သွားရောက်မှတ်ပုံတင်နိုင်ကြပါသည်။ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ရာတွင် သုံးစွဲသူများအတွက် ရည်ရွယ်၍ တယ်လီနောမှ ထောက်ပံ့ပေးထားသော အဆင့်မြင့်နည်းပညာ OCR သည် နိုင်ငံသားစိစစ်ရေးကတ်များမှ နာမည်အပြည့်အစုံနှင့် မှတ်ပုံတင်နံပါတ်ကို ဖတ်ရှုမှတ်သားနိုင်သဖြင့် မှတ်ပုံတင်မှုအစီအစဥ် လျင်မြန်လွယ်ကူပါသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်း လုပ်ငန်း စဉ် အောင်မြင်စွာပြီးဆုံးပါက ဆုလက်ဆောင်များကို ရရှိသွားမည်ဖြစ်သည်။

ဆင်းကတ်ပြန်လည်မှတ်ပုံတင်ရန် နည်းလမ်းများကို https://www.telenor.com.mm/en/about/simregistration တွင် ဖတ်ရှုနိုင်ပါသည်။

သုံးစွဲသူများသည် *979*3*3# သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ ၅၀၀ သို့ “REG” စာတိုပေးပို့၍သော်လည်း ကောင်း မိမိတို့သုံးစွဲသော ဆင်းကတ်ပိုင်ဆိုင်မှုကို စစ်ဆေးသိရှိနိုင်ပါသည်။ ထို့ပြင် တယ်လီနောဝက်ဆိုဒ်MyTelenor အက်ပလီကေးရှင်းFacebook Messenger သို့မဟုတ် Viber Chat တို့မှ တစ်ဆင့်လည်း ဆင်းကတ်များကို ပြန်လည်မှတ်ပုံတင်နိုင်ပါသည်။ သုံးစွဲသူများသည် အနီးစပ်ဆုံး တယ်လီနောစတိုး သို့မဟုတ် တယ်လီနောဆင်းကတ်ရောင်းချသော မည်သည့်လက်လီ အရောင်းဆိုင်တွင်မဆို သွားရောက်၍လည်း ပြန်လည် မှတ်ပုံတင်နိုင်ပါသည်။

ဆင်းကတ်ပြန်လည်မှတ်ပုံတင်ရန် အခက်အခဲရှိနေသော သုံးစွဲသူများအနေဖြင့် မိမိတို့၏ လက်ကျန်ငွေများ မဆုံး ရှုံးစေရန်အတွက် မှန်ကန်စွာမှတ်ပုံတင်ထားပြီးသော တယ်လီနောဆင်းကတ်ထဲသို့ ကျန်ရှိသည့် ဒေတာနှင့် လက်ကျန်ငွေများကို လွှဲပြောင်းခြင်းဖြင့် လက်ကျန်ငွေများဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

အကယ်၍ သုံးစွဲသူတွင် နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိခြင်း သို့မဟုတ် ထိုစိစစ်ရေးကတ်မှာ ဖတ်ရှုရန်အ တွက် ခက်ခဲခြင်းများ ဖြစ်ပေါ်နေပါက နီးစပ်ရာ အစိုးရရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြန်လည်လျှောက် ထားနိုင်ပါသည်။

တယ်လီနောမှ ၎င်း၏ အွန်လိုင်းချန်နယ်များ၊ လက်လီအရောင်းဆိုင်များတွင် ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်း သတ်မှတ်ကာလသို့ နီးကပ်လာသည်နှင့်အမျှ သုံးစွဲသူ အများအပြား ပြန်လည်မှတ်ပုံတင်လာမည်ဟု ခန့်မှန်းတွက် ချက်ထားပါသည်။ ရှည်လျားသော လူတန်းစီမှုကို ရှောင်ရှားရန်၊ လူအချင်းချင်း ခွာခွာကင်းကင်းနေနိုင်ရန်အတွက် သုံးစွဲသူများအား ဆင်းကတ်များကို သတ်မှတ်နောက်ဆုံးရက်သို့ စောင့်ဆိုင်းမနေဘဲ ချက်ချင်းမှတ်ပုံတင်ကြရန်နှင့် ဖြစ်နိုင်ပါက အွန်လိုင်းချန်နယ်များမှ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းများ ပြုလုပ်ကြရန် တယ်လီနောမှ အလေးအနက်ထား တိုက်တွန်းနှိုးဆော်ပါသည်။

ဆင်းကတ်ပြန်လည်မှတ်ပုံတင်ရန် ကြိုးပမ်းလုပ်ဆောင်ရမှုများကြောင့် သုံးစွဲသူများ အဆင်မပြေမှုများနှင့် ကြုံ တွေ့ရသည့်အတွက် တယ်လီနောမြန်မာအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး သုံးစွဲသူများနှင့် မိတ်ဖက်များ အ နေ ဖြင့်ရင်ဆိုင်ကြုံတွေ့လာနိုင်မည့် အခက်အခဲများ နည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရေးအတွက် လုပ်ဆောင် သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော် ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမို သိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက် အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ် ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက် ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share