Press Release

ဆက်သွယ်ရေးလုပ်ငန်းနှင့် ချိတ်ဆက်နေသည့် ကဏ္ဍများက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုကြောင်း Frontier အစီရင်ခံစာဖော်ပြ

17 December, 2019 - Yangon

  • တယ်လီနော၀န်ဆောင်မှုပေးနေသည့် အာရှဒေသများတွင်ဆက်သွယ်ရေးနှင့် ၎င်းနှင့်အထူးချိတ်ဆက်နေသည့်ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစုစုပေါင်း၏ ၆၅-၇၅%ကိုကူညီထောက်ပံ့ပေးခဲ့
  • တယ်လီနောသည်လူဦးရေ၁၆၆သန်းကျော်ကိုချိတ်ဆက်ပေးလျက်ရှိပြီးအာရှဈေးကွက်များတွင်၂၀၁၈ ခုနှစ်၌ စီးပွားရေးတန်ဖိုးအမေရိကန်ဒေါ်လာ၄.၁ဘီလီယံအထိယူဆောင်ပေးနိုင်ခဲ့

Frontier Economics မှ လေ့လာထားသည့်ဆက်သွယ်ရေးကဏ္ဍဆိုင်ရာအစီရင်ခံစာအသစ်တွင် တယ်လီနောမှ ဖြန့်ကျက်ဝန်ဆောင်မှုပေးလျက်ရှိသည့် အာရှဒေသတစ်ခွင်ရှိစျေးကွက်များတွင် စီးပွားရေးပိုင်းဖွံ့ဖြိုးတိုးတက်မှု၏ လေးပုံသုံးပုံခန့်နီးပါးသည်ဆက်သွယ်ရေးကဏ္ဍများမှကူညီထောက်ပံ့ပေးခဲ့ကြောင်းလေ့လာတွေ့ရှိရသည်။ “The Mobile Effect: How Connectivity Enables Growth”အမည်ရှိယင်းအစီရင်ခံစာသည်တယ်လီနောလုပ်ငန်းစုမှ အာရှတိုက်တွင်းလုပ်ငန်းဖြန့်ကျက်ဝန်ဆောင်မှုပေးနေသည့် မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်စသည့်နိုင်ငံ(၅) နိုင်ငံတို့၌စီးပွားရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် မည်မျှကူညီသက်ရောက်သည်ကိုလေ့လာတိုင်းတာသည့် အစီရင်ခံစာတစ်ရပ်ပင်ဖြစ်သည်။

“စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်ရဲ့ အရေးပါတဲ့စွမ်းဆောင်နိုင်မှုတစ်ခုဖြစ်တဲ့ဆက်သွယ်ရေးကဏ္ဍဟာလုပ်ငန်းစွမ်းဆောင်ရည် အများအပြားကိုတိုးတက်လာစေခဲ့သလိုတီထွင်ဆန်းသစ်မှုကိုအရှိန်အဟုန်မြှင့်တင်ပေးတဲ့အပြင် ထုတ်ကုန်သစ်တွေနဲ့ ဝန်ဆောင်မှုအသစ်တွေအတွက် စျေးကွက်ချဲ့ထွင်မှုတွေကိုလည်းဦးဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာသုံးသပ်ချက်အရတယ်လီနော၀န်ဆောင်မှုရှိသည့် အာရှနိုင်ငံများတွင် ဆက်သွယ်ရေး၀န်ဆောင်မှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့နယ်ပယ်တွေကစျေးကွက်ထဲမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတန်ဖိုး စုစုပေါင်းရဲ့ (၆၅) ရာခိုင်နှုန်းကနေ(၇၅) ရာခိုင်နှုန်းလောက်ကိုကူညီ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီနယ်ပယ်တွေဟာတစ်နှစ်ကို(၆) ရာခိုင်နှုန်းကနေ(၁၂) ရာခိုင်နှုန်းထိအရှိန်အဟုန်နဲ့ ကျယ်ပြန့်လာတာကိုလည်းတွေ့ရပါတယ်။ဒီအချက်ကနေလုပ်ငန်းဖြန့်ကျက်ဝန်ဆောင်မှုပေး နေတဲ့ နိုင်ငံတိုင်းရဲ့ ဖွံ့ဖြိုးမှုကိုဖြစ်ထွန်းစေမှု၊ အထောက်အပံ့ဖြစ်စေမှုစတာတွေမှာတယ်လီနောရဲ့အာရှတစ်ခွင် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ သက်ရောက်မှုကိုပြသနေပါတယ်။”ဟု Frontier Economics ရဲ့ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာသုတေသနအဖွဲ့၏ အကြီးတန်းစီးပွားရေးဆိုင်ရာအကြံပေး Clive Kenny မှပြောကြားခဲ့သည်။

စောင့်ကြည့်ရမည့် တိုးတက်မှုနယ်ပယ်များ (ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ၊လက်လီလက်ကားရောင်းဝယ်မှု၊ ပညာရေး ၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး)

ယေဘုယျအားဖြင့် ဆက်သွယ်ရေးကိုထိထိရောက်ရောက် အသုံးပြုသည့် ကဏ္ဍများသည် အခြားသောကဏ္ဍများထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပမာဏများစွာအထောက်အကူပြုကြောင်းဤလေ့လာမှုအစီရင်ခံစာကဖော်ပြထားသည်။ အဆိုပါ အခန်းကဏ္ဍများတွင် ငွေကြေးဝန်ဆောင်မှု၊ လက်လီလက်ကားကုန်သွယ်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများသည် ကျယ်ပြန့်သည့် ကျေးလက်-မြို့ပြ အလုံးစုံဘဏ္ဏာရေး ပါဝင်မှုကိုဖြစ်ထွန်းစေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဘဏ္ဏာရေးဆိုင်ရာပါဝင်ဆောင်ရွက်မှုလမ်းပြမြေပုံအရမြန်မာနိုင်ငံသည် ငွေကြေးဝန်ဆောင်မှုရယူအသုံးပြုနှုန်းကို ၂၀၁၄ခုနှစ်တွင် နိုင်ငံတွင်းလူဦးရေ၏ (၃၀) ရာခိုင်နှုန်းမှ ၂၀၂၀ ခုနှစ်တွင် (၄၀) ရာခိုင်နှုန်းအထိတိုးတက်လာစေရန်ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့်အပြင်ငွေကြေးဆိုင်ရာထုတ်ကုန် တစ်ခုထက်ပိုပြီးအသုံးပြုသည့် အရွယ်ရောက်ပြီးသူအရေအတွက် အချိုးကိုလည်းအထက်ဖော်ပြပါ အချိန်ကာလအတိုင်း(၆) ရာခိုင်နှုန်းမှ (၁၄) ရာခိုင်နှုန်းထိတိုးတက်လာရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ (၇၀)ရာခိုင်နှုန်းမှာကိုယ်ပိုင်ဘဏ်စာရင်းမရှိကြသည့် အခြေအနေတွင် တယ်လီနောလုပ်ငန်းစုအနေနှင့် မတူညီသည့်ဘဏ္ဍာရေးလုပ်ငန်းများကိုပေါင်းကူးပေးနိုင်မည့် နည်းလမ်းကိုတွေ့ရှိခဲ့သည်။ ထို့ကြောင့်ရိုးမဘဏ်နှင့် ပူးပေါင်းပြီးမိုဘိုင်းကွန်ရက်မှတဆင့် ငွေကြေးဝန်ဆောင်မှုများပံ့ပိုးလုပ်ဆောင်ပေးနိုင်ရန်Wave Moneyကိုတည်ထောင်ခဲ့သည်။ ယနေ့တွင် Wave Money သည် နိုင်ငံတွင်းအရွယ်ရောက်ပြီးသူအရေအတွက်၏ (၃၅) ရာခိုင်နှုန်းသို့မဟုတ် လူဦးရေ(၇) သန်းကျော်၏ ဘဝများကိုမြှင့်တင်ပေးနိုင်ခဲ့ပြီး၎င်းတို့အနက် အများစုမှာယခင်ကလုံခြုံစိတ်ချရသည့် ငွေပေးချေမှု၊ ငွေစုမှုသို့မဟုတ် အာမခံများကိုလက်လှမ်းမမီခဲ့ကြသူများဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Wave Money ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှတဆင့် ငွေလွှဲမှုစုစုပေါင်းသည် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP)၏ (၂) ရာခိုင်နှုန်းနီးပါးထိကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

တယ်လီနော မှ အာရှတိုက်တွင် ကူညီထောက်ပံ့ပေးမှု

အာရှတိုက်တွင်လုပ်ငန်းဆောင်ရွက်မှုနှစ်ပေါင်း (၂၀)ကျော်ပြီဖြစ်သည့် တယ်လီနောသည် ၂၀၁၈ခုနှစ်တွင် လူဦးရေ ၁၆၆ သန်းကိုဆက်သွယ်ဝန်ဆောင်မှုပေးလျက်ရှိပြီး ၎င်း၏ အာရှစျေးကွက်များသို့ စီးပွားရေးတန်ဖိုးအမေရိကန် ဒေါ်လာ(၄.၁)ဘီလီယံအထိယူဆောင်ပေးနိုင်ခဲ့သည်။ ဤသို့ ဆက်သွယ်ရေးပိုင်းဆိုင်ရာလိုအပ်ချက်များကို‌ ဖြည့်ဆည်းပေးနိုင်ရန် များပြားသည့် ရင်းနှီးမြှုပ်နှံမှုများ၊အထူးသဖြင့် ကွန်ရက်ချိတ်ဆက်မှုများတွင် အာရှတစ်လွှားဆက်သွယ်ရေးအခန်းကဏ္ဍရှိ ရင်းနှီးမြှုပ်နှံသူများအထူးပင်လိုအပ်လျက်ရှိသည်။ ၂၀၁၅ မှ ၂၀၁၈ ခုနှစ်အထိတယ်လီနောသည် အာရှရှိ ၎င်း၏ စျေးကွက် ငါးနေရာတွင် အမေရိကန်ဒေါ်လာ(၅.၅) ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ပြီးပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ထိပ်သီးလုပ်ငန်း (၃)ခုအနက် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

“ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်ရှိထုတ်လုပ်နိုင်စွမ်းအားမြင့်မားတဲ့ကဏ္ဍတွေဟာမိုဘိုင်းနည်းပညာတွေကြောင့် ပိုမိုပြီးလုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။ ဒီနည်းပညာတွေကနိုင်ငံအများစုကအထူးသဖြင့် အာရှလိုမိုဘိုင်းအဓိကဖြစ်နေတဲ့ ဒေသတွေအတွက် အရေးပါပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာအဓိကပါဝင်နေသလိုရေရှည်ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ တယ်လီနောဟာလုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံတွေအကြားအချက်အချာကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကသိသာထင်ရှားတဲ့ ဖြစ်စဉ်တွေကိုလုပ်ဆောင်ခဲ့သလိုပါပဲ၊ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးကဏ္ဍဖော်ဆောင်နိုင်ရေးမှာမိုဘိုင်းကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ရအုံးမှာပါ။ အဲ့ဒီလို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဒီဂျစ်တယ်ကဏ္ဍနဲ့ နည်းပညာဆိုင်ရာအပြောင်းအလဲတွေရဲ့ အရွေ့ကိုရှေ့ဆက်နိုင်စေမယ့်၊ အားကောင်းတဲ့ ဂေဟစနစ်ကို‌ ဖော်ဆောင်နိုင်ဖို့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံသားတွေကအတူတကွ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။”ဟုတယ်လီနောလုပ်ငန်းစု၏ ဥက္ကဌနှင့် အလုပ်အမှုဆောင်အရာရှိချုပ် Sigve Brekke က မှတ်ချက်ပေးပြောကြားခဲ့သည်။

ဆက်သွယ်နိုင်မှုမှတဆင့် ပိုမိုကောင်းမွန်သည့် မြန်မာအဖြစ် လျှောက်လှမ်းခြင်း

မြန်မာနိုင်ငံလူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်ကိုဆက်သွယ်ချိတ်ဆက်ပေးထားသောတယ်လီနောမြန်မာသည် မိုဘိုင်းအင်တာနက်အသုံးပြုနိုင်ခြင်းမှ အကျိုးကျေးဇူးများကိုပြည့်ပြည့်ဝဝမရရှိနိုင်သေးသည့် သူများအတွက် အဟန့်အတားများကိုဖယ်ရှားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ မိုဘိုင်းအင်တာနက်အသုံးပြုနိုင်ခြင်း၏ အကျိုးကျေးဇူးများမှတဆင့် အမျိုးသမီးများ၊ ဝင်ငွေနည်းပါးသူများ၊ ကျေးလက်နှင့် လူငယ်အသိုက်အဝန်းများအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုများရှိလာနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် 5G ၀င်ရောက်မှုနှင့် အတူမိုဘိုင်းနည်းပညာ၏အရေးပါမှုသည် ပိုမိုမြင့်မားလာပြီးပြည်သူများ၊ လုပ်ငန်းရှင်များနှင့် အစိုးရများအနေဖြင့် ၎င်းတို့၏ ပကတိလုပ်ကိုင်နိုင်စွမ်းရည်ကိုလည်းပိုမိုမြင့်တက်လာမည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍတိုးတက်လာမှုရယ် ၂၀၁၄ခုနှစ်ကတည်းကပိုမိုကျယ်ပြန့်လာတဲ့ စီးပွားရေးကကျွန်တော်တို့လူသားအချင်းချင်း ဆက်သွယ်နိုင်မှုအပေါ် မြန်ဆန်တဲ့ပြောင်းလဲမှုတစ်ခုအဖြစ်များစွာသက်ရောက်ခဲ့ပါတယ်။အဲ့ဒီသက်ရောက်မှုကြောင့်ပဲရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားပြုလုပ်တဲ့ မိုဘိုင်းအော်ပရေတာတွေအနေနဲ့တီထွင်ဆန်းသစ်မှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ လူ့အသိုက်အဝန်းကို ဆက်လက် တည်ဆောက်သွားမှာဖြစ်ပါတယ်။ စမတ်ဖုန်းအသုံးပြုမှုတိုးမြင့်လာပြီးမိုဘိုင်း broadband ရယူအသုံးပြုနိုင်မှုကျယ်ပြန့်လာတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ခရီးစဉ်ကရောင်နီပျိုးရုံပဲရှိပါသေးတယ်။ ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးအတွက် ဆက်သွယ်ရေးကဏ္ဍဟာ အရေးကြီးတဲ့ ဦးဆောင်သူတစ်ဦးဖြစ် ပါတယ်။ အာရှတိုက်ရဲ့ အကောင်းဆုံး 4Gကွန်ရက်တွေထဲကတစ်ခုဖြစ်တဲ့ တယ်လီနောမြန်မာကအသေးစား-အလတ်စားစီးပွားရေးလုပ်ငန်းတွေရပ်တည်လုပ်ကိုင်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးခြင်းဖြင့် နိုင်ငံရဲ့ ဒီဂျစ်တယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။”ဟုတယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်ဖြစ်သူ Hans Martin HoeghHenrichsen က ပြောကြားခဲ့သည်။

“Frontier အစီရင်ခံစာက ဒေသတွင်းစီးပွားရေးအပေါ် ဆက်သွယ်ရေးရဲ့ အခန်းကဏ္ဍရဲ့သက်ရောက်မှုကိုလေ့လာဆန်းစစ်ထားပါတယ်။ တယ်လီနောကလုပ်ငန်းဖြန့်ကျက်ဝန်ဆောင်မှုပေးနေတဲ့အာရှနိုင်ငံ(၅)ခုမှာဆိုရင်ပြည်သူတွေအတွက် အလုပ်အကိုင်တွေကိုဖန်တီးပေးတယ်။တာဝန်သိကုမ္ပဏီဖြစ်တဲ့အတွက်အခွန်ဘဏ္ဍာ ပြည့်ပြည့်ဝဝထမ်းဆောင်ပါတယ်။ပြီးတော့အားလုံးအတွက် အရည်အသွေးပိုမိုကောင်းမွန်ပြီးအချင်းချင်းဆက်သွယ်နိုင်တဲ့ ဘဝတွေကိုဖော်ဆောင်ပေးပါတယ်။အဲ့ဒီအချက် (လုပ်ဆောင်ချက်)တွေကနေ လူမှုစီးပွားဘဝ တိုးတက်မြင့်မားဖို့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။”ဟုMr. Hansမှထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းဆက်သွယ်ရေးကဏ္ဍ၏ သက်ရောက်မှုနှင့် ပတ်သက်ပြီးပိုမိုသိရှိလိုပါက Frontier အစီရင်ခံစာတွင်လေ့လာနိုင်ပါသည်။ Frontier အစီရင်စာအပြည့်အစုံကိုဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

တယ်လီနောလုပ်ငန်းစုအတွက် Frontier အစီရင်ခံစာအကြောင်း

Frontier အစီရင်ခံစာသည် တယ်လီနောမှ လုပ်ငန်းလုပ်ဆောင်နေသည့် အာရှနိုင်ငံ (၅)နိုင်ငံတွင်းဆက်သွယ်ရေးကဏ္ဍ၏ စီးပွားရေးအပေါ် သက်ရောက်မှုကိုလေ့လာဆန်းစစ်သည့် အစီရင်ခံစာဖြစ်သည်။ လေ့လာတွေ့ရှိမှုများသည် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကိုဖန်တီးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပံ့ပိုးခြင်းစသည့် လုပ်ငန်းစဉ်များတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်မှုများကိုဖော်ပြလျက်ရှိသည်။ အဆိုပါအစီရင်ခံစာသည် ကုန်ထုတ်စွမ်းအားအပေါ် ဆက်သွယ်ရေးလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုများမှ သက်ရောက်မှုများ၊ downstream စျေးကွက်များတွင် စီးပွားရေးလုပ်ဆောင်ချက်များရရှိနိုင်ရေးအတွက် ဆက်သွယ်ရေး၏ အခန်းကဏ္ဍအပြင် လူမှုရေးဆိုင်ရာကုန်ပစ္စည်းများ၏ ပံ့ပိုးမှုနှင့် လူမှုရေးဆိုင်ရာအကျိုးကျေးဇူးများရရှိခြင်းစသည့် ကဏ္ဍများကိုလည်းလေ့လာသုံးသပ်ထားပါသည်။

တယ်လီနောလုပ်ငန်းစုအကြောင်း

တယ်လီနောလုပ်ငန်းစုသည် နော်ဒစ်နိုင်ငံများနှင့် အာရှတခွင်တွင် သုံးစွဲသူပေါင်း ၁၈၃မီလီယံနှင့် နှစ်စဉ် အခွန်ဘဏ္ဍာပမာဏအမေရိကန်ဒေါ်လာ ၁၃ဘီလီယံဝန်းကျင် (၂၀၁၈) ရှိသည့် ထိပ်တန်းဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။ တယ်လီနောသည်စျေးကွက်အများစုတွင် နံပါတ် (၁) သို့မဟုတ် နံပါတ်(၂) နေရာတွင် အမြဲရပ်တည်လေ့ရှိသည်။ တယ်လီနောသည် စီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန်နှင့် လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်ရန် ရည်သန်ထားပါသည်။ လူသား အချင်းချင်း ချိတ်ဆက်ပေးမှုသည် တယ်လီနော၏ အဓိကပင်မအသက်သွေးကြောဖြစ်ပြီးနှစ်ပေါင်း (၁၆၀) ကျော် သုံးစွဲသူများကို ၎င်းတို့ချစ်ခင်ရသူများနှင့် ဆက်သွယ်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အော်စလိုစတော့အိတ်ချိန်း၏ Ticker TEL အောက်တွင် တယ်လီနောမှ မှတ်ပုံတင်စာရင်းဝင်ထားပါသည်။

ပိုမိုသိရှိလိုပါကwww.telenor.comတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင် နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအားပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် တယ်လီနောလုပ်ငန်းစုမှ အပြည့်အဝပိုင်ဆိုင်သည့် လုပ်ငန်းခွဲတစ်ခုဖြစ်သည်။တယ်လီနောမြန်မာအကြောင်းပိုမိုသိရှိလိုပါကwww.telenor.com.mmတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်:

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share