Press Release

စျေးနှုန်းပိုမိုသက်သာပြီး ရိုးရှင်းသည့် ၀န်ဆောင်မှုများကို တယ်လီနောက မိတ်ဆက်

29 July, 2017 - Yangon

  • သုံးစွဲသူများ၏ စိတ်ကျေနပ်မှု ရရှိစေမည့် ပိုမိုရိုးရှင်းမှု

တယ်လီနောမြန်မာသည် သုံးစွဲသူများအတွက် ၀န်ဆောင်မှုများကို ပိုမို ရိုးရိုး ရှင်းရှင်း ဆောင်ရွက်ပေးအပ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်မည့် ၀န်ဆောင်မှုများကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ နေ့စဉ်၊ သီတင်းပတ်နှင့် လစဉ် သုံးစွဲနိုင်မည့် ၀န်ဆောင်မှု ပရိုမိုးရှင်းများကို အလွန်လွယ်ကူစွာ ရယူသုံးစွဲနိုင်ကြမည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် စျေးနှုန်းချိုသာပြီး ထူးခြား ဆန်းသစ်တဲ့ ၀န်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ပေးအပ်နေဖို့က တယ်လီနောရဲ့ ဦးစားပေးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စျေးကွက်သည်လည်း သုံးစွဲသူတွေ အကျိုးရှိ စေဖို့ အတွက် ပရိုမိုးရှင်းတွေကို ပိုမို မိတ်ဆက် လာကြတာနဲ့ အတူ ကျနော်တို့ မကြာခဏ မိတ်ဆက်တဲ့ ၀န်ဆောင်မှုတွေဟာ စျေးကွက်အတွက် သုံးစွဲသူတွေအတွက် ထူးခြားပြီး အသစ်အသစ်တွေ ဖြစ်နေတာမို့ သုံးစွဲသူတွေ အနေနဲ့ အသုံးပြုရာမှာ စိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်တယ် ဆိုတာ ကျနော်တို့ သဘောပေါက် နားလည် ထားပါတယ်။ အခုဆိုရင် ပိုမို ရိုးရိုး ရှင်းရှင်း အသုံးပြုနိုင်မယ့် ၀န်ဆောင်မှုတွေကို မိတ်ဆက်လိုက်တာမို့ သုံးစွဲသူ တွေအနေနဲ့ ကျနော်တို့ရဲ့ အရည်အသွေးမြင့် ၀န်ဆောင်မှုတွေကို ပိုုမို အဆင်ပြေပြေ ရယူအသုံးပြုနိုင်ပြီလို့ ယုံကြည်မိပါတယ်” တယ်လီနောမြန်မာ၏ စျေးကွက်ဖော် ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

မိတ်ဆက်လိုက်သည့် ၀န်ဆောင်မှုများထဲမှ တစ်ခုမှာ တယ်လီနော သုံးစွဲသူအချင်းချင်း ခေါ်ဆိုမှုအတွက် စာရင်း သွင်းစရာ မလိုပဲ ရရှိနိုင်သည့် ပရိုမိုးရှင်းတစ်ခုဖြစ်ပါသည်။ တယ်လီနောသုံးစွဲသူများသည် တစ်မိနစ် ၁၅ ကျပ်သာကျသင့်သည့် တယ်လီနောအချင်းချင်း ခေါ်ဆို သည့် ၀န်ဆောင်မှုကို e-load ဖြင့် ငွေဖြည့်သွင်းခြင်းဖြင့် ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယင်းဝန်ဆောင်မှု အတွက် စာရင်းသွင်းခ လုံးဝ ပေးသွင်းရန် မလိုပဲ မိမိတို့နှင့် ကိုက်ညီသည့် သုံးစွဲမှုအတွက် e-load ဖြင့် ငွေဖြည့်ရန်သာ လိုအပ်ပါသည်။ သုံးစွဲသူများသည် ၅ ရက် သက်တမ်းရှိသည့် ၀န်ဆောင်မှုကို ၄၉၉ ကျပ်နှင့် ၁၅ ရက် သက်တမ်းရှိ ၀န်ဆောင်မှုကို ၁၄၉၉ ကျပ်တို့ဖြင့် ရရှိနိုင်ပါသည်။

သုံးစွဲသူများ အနှစ်ချိုက်ဆုံး Facebook သုံး နေ့စဉ်သုံးနှင့် သီတင်းပတ်စဉ်သုံး အစီအစဉ်များကိုလည်း ၁၉၉ ကျပ်နှင့် ၉၉၉ ကျပ်အသီးသီးဖြင့် ဆက်လက်ရရှိနေမည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် နေ့စဉ်၊ သီတင်းပတ် နှင့် လစဉ် သုံးစွဲနိုင်မည့် ၀န်ဆောင်မှု ပရိုမိုးရှင်း များ၏ အသေးစိတ်ကို တယ်လီနော၏ ၀က်ဆိုက် တွင် လေ့လာနိုင်ပါသည်။ ပုံမှန်အစီအစဉ်နှင့် စိတ်ကြိုက်ဝန်ဆောင်မှု အစီအစဉ် ရယူထားသည့် သုံးစွဲသူများသည် အသံနှင့် အင်တာနက်ဒေတာ ၀န်ဆောင်မှုများကို ၂၇ ကျပ်/မိနစ်နှင့် ၈ကျပ်/MB နှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။


တယ်လီနောမြန်မာ

တယ်လီနောသည် သုံးစွဲသူများအတွက် စိတ်ဝင်စားစရာကောင်းပြီး ထူးခြားဆန်းသစ်သည့် ၀န်ဆောင်မှု သစ်များကို ပေးအပ် နိုင်ရန် အစဉ်မပြတ် အားထုတ်လျက် ရှိပါသည်။ ယနေ့အချိန်အခါတွင် တယ်လီနောအနေနှင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး နှင့် အလျင်မြန်ဆုံး တိုးတက် ပြောင်းလဲနေသည့် မိုဘိုင်း ဒေတာကွန်ရက်အဖြစ် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင် အရေအတွက် စုစုပေါင်း ရ,၇၀၀ ကျော်၊ အရောင်းဆိုင်အရေအတွက် စုစုပေါင်း ၁၀၀,၀၀၀ ခန့်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား ၀န်ဆောင်မှု များ ပေးအပ် လျက် ရှိပါသည်။ တယ်လီနောသည် မြန်မာ နိုင်ငံတွင် 4G ဝန်ဆောင်မှုများအား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြို့ကြီး ၂၅ မြို့တွင် 4G ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကာ မြန်မာနိုင်ငံ၏ အကြီးမားဆုံး 4G ကွန်ရက်အဖြစ် ရပ်တည်လျက် ရှိပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor