Press Release

စျေးကွက်အတွင်း ပထမဦးဆုံးအဖြစ် ဒေတာများအား အချိန်ကာလ အကန့်အသတ်မရှိ ဆက်လက် ယူဆောင်သွားနိုင်မည့် ဒေတာ စုဘူး အစီအစဉ် မိတ်ဆက်

04 May, 2018 - Yangon

  • ဒေတာ အစီအစဉ်၏ သက်တမ်းကုန်သွားသော်လည်း လက်ကျန် ဒေတာများကို အသုံးပြုသူများ၏ ဆင်းကတ် သက်တမ်းရှိသမျှ အချိန်မရွေး ပြန်လည်ရယူသုံးစွဲနိုင်
  • မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွင်း ပထမဦးဆုံးသော ဝန်ဆောင်မှုပုံစံတစ်ခုဖြစ်

မြန်မာနိုင်ငံတဝန်းမှ အသုံးပြုသူ များအား စျေးနှုန်းအသက်သာဆုံးနှင့် အဆင်ပြေလွယ်ကူမှု အရှိဆုံး ဝန်ဆောင်မှုများအား ပေးအပ်နိုင်ရေး တစ်စိတ်တစ်ဒေသအဖြစ် တယ်လီနောမြန်မာ သည် အသုံးပြုသူများ အကြိုက်နှစ်သက်ဆုံးသော ဝန်ဆောင်မှုတစ်ခုဖြစ်သည့် ဒေတာစုဘူး အစီအစဉ်များတွင် ပါဝင်သည့် ဒေတာပမာဏများအား အချိန်ကာလ အကန့်အသတ်မရှိ ဆက်လက် ယူဆောင်သွား  နိုင်စေရန် ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။  

“ဒေတာစုဘူး အစီအစဉ်မှာ ပါဝင်တဲ့ ဒေတာတွေကို အချိန်ကာလ အကန့်အသတ်မရှိ ဆက်လက်ယူဆောင် သွားနိုင် စေဖို့ ပြောင်းလဲသတ်မှတ်လိုက်နိုင်တဲ့အတွက် ဝမ်းမြောက်မိပြီး ဒီလို ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာလည်း ပထမဦးဆုံးဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အသုံးပြုသူတွေ အဆင်ပြေ လွယ်ကူစေဖို့နဲ့ လုံခြုံ စိတ်ချ စေဖို့ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့ အစီအစဉ်တွေကို ပေးအပ်ထားပြီး မြန်မာနိုင်ငံရဲ့ ရှေ့ဆောင် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ နောက်ထပ် အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပုံစံတစ်ခုကို ဒီနေ့မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေတာအသုံးပြုမှု ပမာဏက ဆက်လက် မြင့်တက် နေတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေ အထောက်အကူ ဖြစ်စေဖို့ ဆက်လက် ပေးအပ်နေမှာလည်း ဖြစ်ပါတယ်။ အခုလို ဒေတာတွေကို အချိန်ကာလ အကန့်အသတ်မရှိ ဆက်လက် ယူဆောင် သွားနိုင်တဲ့အတွက် အသုံးပြုသူတွေ အနေနဲ့  ဒေတာစုဘူး အသုံးပြုတဲ့ အခါမှာ အသုံးမပြုရသေးတဲ့ ဒေတာ တွေ အလဟာသ ဖြစ်သွားမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ နောက်ထပ် ဒေတာစုဘူး အစီအစဉ် အသစ်တစ်ခုကို ရယူ လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီ အသုံး မပြုရသေးတဲ့ ဒေတာတွေကို ပြန်လည် အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ အခုလို မွမ်းမံမှုဟာ တယ်လီနော အနေနဲ့ အသုံးပြုသူတွေ အတွက် ဝန်ဆောင်မှုတွေကို ပိုမို ရိုးရိုးရှင်းရှင်း ဆောင်ရွက် ပေးလိုတဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Joslin Myrthong က ပြောကြားသည်။ 

ဒေတာစုဘူး အစီအစဉ်တွင် အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီ၏ ဒေတာ အသုံးပြုမှု လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှု ရှိသော အမျိုးအစား ၅ မျိုး ပါဝင်သည်။ ယခု အစီအစဉ်အသစ်အရ လက်ကျန်ဒေတာများသည် အသုံးပြုသူ၏ ဆင်းကတ် သက်တမ်းရှိသည့် တလျောက် ကျန်ရှိနေမည်ဖြစ်သည်။ (ဆိုလိုရင်းမှာ အသုံးမပြုရသေး သော ဒေတာများအား ဒေတာစုဘူး အစီအစဉ် အသစ်တစ်ခု မည်သည့်အချိန်တွင် ထပ်မံ ဝယ်ယူလိုက်သည် ဖြစ်စေ ဆက်လက်အသုံးပြုနိုင်ဦးမည် ဖြစ်သည်။) ဒေတာစုဘူး နှင့်ပတ်သက်သည့် အခြား ဝန်ဆောင်မှုများနှင့် အသေးစိတ် အချက်အလက်များမှာ ပြောင်းလဲခြင်းမရှိပါ။

ဒေတာစုဘူး အသုံးပြုသူများ အနေနှင့် နှုန်းထား ပိုမိုသက်သာသော အင်တာနက် ဝန်ဆောင်မှုအား ရယူ အသုံးပြု နိုင်မည် ဖြစ်ပြီး စမတ်အင်တာနက် အစီအစဉ်အား အသုံးပြုခြင်းထက် ၅ ဆအထိ သက်သာသွားမည် ဖြစ်သည်။ ဒေတာစုဘူး အစီအစဉ်များအား အင်တာနက် ဒေတာပမာဏ အနည်းအကျဉ်းသာ အသုံးပြုလိုသူများ အတွက် ၇၉၉ ကျပ်သာ ကျသင့်မည် ဖြစ်သော ၅၀၀ မဂ္ဂါဘိုက် အစီအစဉ်မှစတင်၍ ဒေတာပမာဏ များများ အသုံးပြုလိုသူများ အတွက် ၁၇,၇၄၉ ကျပ်ကျသင့်မည် ဖြစ်သည့် ၁၁ မဂ္ဂါဘိုက် အစီအစဉ်အထိ ဝယ်ယူအသုံးပြု နိုင်မည် ဖြစ်သည်။ ဒေတာစုဘူးအစီအစဉ်တစ်ခု၏ သက်တမ်းမှာ ၃၀ ရက်ဖြစ်ပြီး ဈေးနှုန်းများမှာ အခွန် ပါဝင်ပြီး ဖြစ်သည်။

အသုံးပြုသူများ အနေနှင့် ဒေတာစုဘူး အစီအစဉ်အား *979*2*2# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ MyTelenor app မှ တဆင့်ဖြစ်စေ၊ စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ စာရင်းသွင်း ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ၅၀၀ သို့ DSB500၊ DSB2GB၊ DSB4GB၊ DSB9GB နှင့် DSB11GB စသည်ဖြင့် စာတိုပေးပို့ခြင်းဖြင့် အသုံးပြုသူများအနေနှင့် ကြိုက် နှစ်သက်ရာ ဒေတာစုဘူးအစီအစဉ်အား လွယ်ကူစွာ စာရင်းသွင်း ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အသုံးပြု နိုင်သည့် ဒေတာလက်ကျန် အခြေအနေကိုလည်း *9124# သို့ ဖုန်းခေါ်ယူစစ်ဆေးနိုင်မည် ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor