Press Release

စိတ်လှုပ်ရှားဖွယ်ဆုမဲများစွာပါ၀င်သည့် ‘ချွင်ချွင်’ ကံစမ်းမဲအစီအစဉ်အား တယ်လီနော မိတ်ဆက်

08 March, 2019 - Yangon

  • တယ်လီနောအသုံးပြုသူများသည် ‘Instant Win’ နှင့် ‘Mega Draw’ အစီအစဉ် ၂ မျိုးမှတဆင့် အထူးလျှော့စျေး ခံစားခွင့်များ၊ မိုဘိုင်းဟန်းဆက်များ၊ iPad များ၊ စမတ်တီဗွီများနှင့် အထူးဆု ဖြစ်သည့် KIA Sportage 2018 – SUV အမျိုးအစား ကားသစ်တစ်စီး အပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ ဆုမဲများစွာအား ကံစမ်းရယူပိုင်ဆိုင်သွားနိုင်မည်ဖြစ်
  • ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်မှစတင်၍ ဧပြီလ ၄ ရက်နေ့အထိ ကာလအတွင်း အသုံးပြုသူများသည် မည်သည် ဒေတာနှင့် ဖုန်းခေါ်ဆိုမှု အစီအစဉ်များကိုမဆို မည်သည့်နည်းလမ်းဖြင့် ဖြစ်စေ ဝယ်ယူလိုက်ရုံဖြင့် ပထမအကြိမ် ‘ချွင်ချွင်’ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်

တယ်လီနောမြန်မာသည် ယနေ့တွင် ‘ချွင်ချွင်’ အမည်ရှိ အထူးကံစမ်းမဲ အစီအစဉ်တစ်ခုအား မိတ်ဆက်ခဲ့ပြီး အဆိုပါ အစီအစဉ်အရ တယ်လီနော အသုံးပြုသူများသည်နေ့စဉ် စိတ်လှုပ်ရှားဖွယ်ရာ ဆုမဲများစွာကို ကံစမ်းရယူသွားနိုင်မည် ဖြစ်သည့်အပြင် အထူးဆုဖြစ်သည့် KIA Sportage 2018 SUV အမျိုးအစား ကားသစ်တစ်စီးကို ဆွတ်ခူးနိုင်မည့် အခွင့်အရေးအတွက်လည်း လက်မှတ်များအား စုဆောင်း ထားနိုင်မည် ဖြစ်သည်။ အဆိုပါ ကံစမ်းမဲအစီအစဉ်အား ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက် (ယနေ့) တွင် စတင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက် အထိ ကံစမ်းခွင့်ရရှိမည် ဖြစ်သည်။

ဤ ‘ချွင်ချွင်’ ကံစမ်းမဲအစီအစဉ်အရ တယ်လီနောမြန်မာ အသုံးပြုသူများသည် မည်သည့် ဒေတာနှင့် အသံ ဖုန်းခေါ်ဆိုမှု အစီအစဉ်ကိုမဆို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ (MyTelenor app, WowBox, Web, USSD, SMS နှင့် E-Load) ဝယ်ယူမှုတိုင်းအတွက် ကံစမ်းမဲ လက်မှတ်ကူပွန်များအား ရရှိသွားမည် ဖြစ်ပြီး ထိုသို့ ဝယ်ယူရာတွင် ဝယ်ယူမှုပမာဏအပေါ် မူတည်၍ ကံစမ်းမဲ လက်မှတ်ကူပွန် အရေအတွက်အား ရရှိသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် အသုံးပြုသူများသည် မြန်မာငွေ ၃၉၉ ကျပ်ထက် နည်းပါးသော အစီအစဉ်တစ်ခုအား ဝယ်ယူပါက လက်မှတ်ကူပွန် ၁ စောင် ရရှိမည် ဖြစ်ပြီး မြန်မာငွေ ၃၀၀၀ ကျပ်ထက် များပြားသည့် အစီအစဉ်တစ်ခုအား ဝယ်ယူပါက လက်မှတ်ကူပွန် ၅ ခု ရရှိမည် ဖြစ်သည်။ အသုံးပြုသူများသည် အဆိုပါ လက်မှတ်များအား ‘Instant Win’ သို့မဟုတ် ‘Mega Draw’ ကံစမ်းမဲ အစီအစဉ် ၂ မျိုးအနက် ၁ မျိုးတွင် ပါဝင်ကံစမ်းရန် အသုံးပြုနိုင်မည် ဖြစ်သည်။

“အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကံစမ်းမဲ အစီအစဉ်တစ်ခုကို အသုံးပြုသူတွေဆီ ပေးအပ်နိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ တယ်လီနောအနေနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အသုံးပြုသူတွေအတွက် ဖြစ်စေ၊ တစ်ဦးချင်း အသုံးပြုသူတွေအတွက် ဖြစ်စေ အကောင်းမွန်ဆုံးနဲ့ အဆန်းသစ်ဆုံး နည်းပညာတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့ အမြဲရည်ရွယ်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အနေနဲ့ တယ်လီနောက ပေးအပ်နေတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေအပြင် အခု မိတ်ဆက်လိုက်တဲ့ စိတ်လှုပ်ရှားစရာ ‘ချွင်ချွင်’ ကံစမ်းမဲ အစီအစဉ်ကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief Executive Officer ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

‘Instant Win’ အစီအစဉ်အား ဝင်ရောက်ကံစမ်းသူများသည် လက်မှတ်ကူပွန် ၁ စောင်လျှင် တစ်ကြိမ် ကံစမ်းနိုင်မည် ဖြစ်ပြီး မိုဘိုင်းဖုန်းများ၊ ဖုန်းခေါ်ဆိုခွင့်မိနစ်များနှင့် တယ်လီနော၏ မိတ်ဖက် အဖွဲ့အစည်းများထံမှ လျှော့စျေးခံစားခွင့်များ အပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ ဆုမဲများစွာအား ချက်ချင်းရယူ ကံစမ်း သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ‘ချွင်ချွင်’ သည် အသုံးပြုသူများအတွက် အခြားသော ကံစမ်းမဲ အစီအစဉ်တစ်ခု ဖြစ်သည့် ‘Mega Draw’ အစီအစဉ်ကိုလည်း ပေးအပ်သွားမည် ဖြစ်ပြီး ဝင်ရောက်ကံစမ်းသူများသည် အထူးဆု ဖြစ်သည့် KIA Sportage 2018 – SUV အမျိုးအစား ကားသစ်တစ်စီး အပြင် နောက်ဆုံးပေါ် Samsung 55” စမတ်တီဗွီများ နှင့် Apple ipads များကိုလည်း ရယူပိုင်ဆိုင်နိုင်မည့် အခွင့်အရေးအား ရရှိသွားမည် ဖြစ်သည်။ အဆိုပါ ‘Mega Draw’ အစီအစဉ်၏ ကံထူးရှင်များအား ကံစမ်းမဲကာလပြီးဆုံးချိန်တွင် ကြေညာပေးသွားမည် ဖြစ်သည်။

ယနေ့ Novotel ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် တယ်လီနောသည် ၎င်း၏ ဂိမ်း၊ ဖျော်ဖြေရေးနှင့် ပညာရေးဆိုင်ရာ နောက်ဆုံးပေါ် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တယ်လီနောမှ မည်သို့ ပံ့ပိုး ကူညီနေသည် ဟူသည့် အကြောင်းနှင့် ပတ်သက်၍လည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် တက်ရောက်လာသော စာနယ်ဇင်းများနှင့် ဧည့်သည်တော်များသည် အသစ်ပြန်လည်ဖန်တီးထားသော ‘MyTelenor 3.0 App’ တွင် ပါဝင်သည့် လုပ်ဆောင်ချက်များကိုလည်း ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်သုံးစွဲခဲ့ကြသည်။ အဆင့်မြှင့်တင်ထားသည့် ဤ လူကြိုက်များသော MyTelenor app သည် တယ်လီနော ဒစ်ဂျစ်တယ်အဖွဲ့၏ ကြိုးပမ်းလုပ်ဆောင်မှု တစ်ခုဖြစ်ပြီး အစီအစဉ်များဝယ်ယူခြင်းနှင့် လက်ကျန်ငွေ စစ်ဆေးခြင်း အစရှိသည့် လုပ်ဆောင်ချက်များအား အလွယ်တကူ ရယူနိုင်စေရန်နှင့် ဖျော်ဖြေရေး အစီအစဉ်များစွာ၊ စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲများနှင့် မိမိစိတ်ကြိုက် ဝန်ဆောင်မှုများအား ဖန်တီးရယူနိုင်မည့် အခွင့်အရေးများ စသည့် တီထွင်ဆန်းသစ်မှု များစွာကိုပါ ထည့်သွင်းပြုလုပ်ထားသည့်အတွက် အသုံးပြုသူများအနေနှင့် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနောသည် နိုင်ငံတကာသုံး အကြွေးဝယ်ကတ်များနှင့် ဘဏ်မှတဆင့် ငွေပေးချေမှုစနစ်များအား အသုံးပြု၍ တယ်လီနောဆင်းမ်ကတ်များအား ဖုန်းငွေဖြည့်သွင်းသွားနိုင်မည့် လုပ်ဆောင်ချက်အား MyTelenor app တွင် ထည့်သွင်းပေးအပ်နိုင်ခဲ့ပြီး အဆိုပါ စနစ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်မိတ်ဆက်သည့် အော်ပရေတာ ဖြစ်လာခဲ့သည်။ ထိုသို့ အထူးကောင်းမွန်လှသော လုပ်ဆောင်ချက်များအား MyTelenor 3.0 app တွင် ထည့်သွင်းပေးထားသည့် အတွက် အသုံးပြုသူများသည် မိုဘိုင်း ဝန်ဆောင်မှုများအား တစ်နေရာတည်းတွင် အလွယ်တကူ ရယူနိုင်သွားနိုင်မည် ဖြစ်သည်။

“တယ်လီနောမြန်မာအနေနဲ့ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးနေတယ် ဆိုတဲ့အချက်ကို ခိုင်မာစွာ သက်သေပြသခဲ့ပြီး ဖြစ်သလို ကျွန်တော်တို့ရဲ့ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေဟာ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အသုံးပြုမှု အတွေ့အကြုံတွေကို ယူဆောင်ပေးလာနိုင် ခဲ့တဲ့အတွက်လည်း တစ်ကယ့်ကို စိတ်လှုပ်ရှားပီတိ ဖြစ်မိပါတယ်။ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်ခရီးလမ်းမှာ အထောက်အကူဖြစ်စေဖို့အတွက် တယ်လီနောအနေနဲ့ အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပိုမိုသာလွန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ၊ အဆင်ပြေလွယ်ကူမှုတွေ ရရှိသွားနိုင်စေဖို့ ဆက်လက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

မြန်မာနိုင်ငံမှ ၎င်း၏ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် လတ်တလောတွင် ‘ခင်မင်’ Chatbot ဝန်ဆောင်မှု၊ Mobile Legends ဂိမ်းကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်များ ပေးအပ် သည့် အစီအစဉ်၊ တယ်လီနောအသုံးပြုသူများသာ သီးသန့်ရယူနိုင်မည့် Disney Portal၊ ပုံစံသစ်ဒေတာစုဘူးဗေဒင်နှင့် တခြားသောဝန်ဆောင်မှုများ အစရှိသည့် အစီအစဉ်များစွာအား မိတ်ဆက်ပေးအပ်ခဲ့သည်။

‘ချွင်ချွင်’ ကံစမ်းမဲအစီအစဉ်အား မြန်မာနိုင်ငံရှိ တယ်လီနောအသုံးပြုသူများသာ ပါဝင်ခွင့်ရရှိမည် ဖြစ်ပြီး MyTelenor App version 3.0 မှတဆင့် ဝင်ရောက်ကံစမ်းနိုင်မည် ဖြစ်သည်။ အဆိုပါ MyTelenor App 3.0 အား Google Play Store နှင့် App Store များမှတဆင့် အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည်။

ဝယ်ယူမှု ပမာဏ (မြန်မာကျပ်) ရရှိမည့် လက်မှတ်ကူပွန် အရေအတွက်
၃၉၉ ကျပ် နှင့်အောက်
၄၀၀ ကျပ် နှင့် ၁၀၀၀ ကျပ်ကြား
၁၀၀၁ ကျပ်နှင့် ၃၀၀၀ ကျပ်ကြား
၃၀၀၀ ကျပ်အထက်

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share