Press Release

စမတ်ဖုန်းအသစ်ဖြင့် တယ်လီနော အသုံးပြုသူများ ဒေတာ ပမာဏ ၁၀၀ GB အထိ ရရှိသွားမည်

03 October, 2018 - Yangon

  • လက်ရှိ တယ်လီနော ဆင်းမ်ကတ်အသုံးပြုသူများသည်လည်း စမတ်ဖုန်းအသစ် ပြောင်းလဲအသုံးပြုပါက အပို ထပ်ဆောင်း အင်တာနက်ဒေတာများ ရရှိသွားနိုင်မည်ဖြစ်

တယ်လီနောမြန်မာ၏ အကြီးမားဆုံးသော အပိုထပ်ဆောင်း အင်တာနက် ဝန်ဆောင်မှု အစီအစဉ်သစ်တစ်ရပ်အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဤ အစီအစဉ်အရ မည်သည့် 4G/LTE စမတ်ဖုန်းအသစ်တွင်မဆို တယ်လီနောဆင်းမ်ကတ်အသစ် ထည့်သွင်း အသုံးပြုသူများသည် အပိုထပ်ဆောင်း အင်တာနက်ဒေတာ ပမာဏ ၁၀၀ GB အထိ အပို ရရှိမည် ဖြစ်သည်။

စမတ်ဖုန်း အသုံးပြပြီး အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာသည့်အတွက် တယ်လီနောအနေဖြင့် ၎င်း၏ 4G ဆင်းမ်ကဒ်အသုံးပြုသူများ စမတ်ဖုန်းအသစ်လဲသည့်အသုံးပြုသည့်အခါတွင် ဒေတာလက်ဆောင်များရရှိသွားရန် ရည်ရွယ်သည်။ အဆိုပါ အစီအစဉ်အရ ငွေဖြည့်သွင်းမှု ပမာဏ ပိုမိုများပြားသည်နှင့်အမျှ ပိုမိုများပြားသော ဒေတာပမဏများအား လက်ဆောင်အဖြစ်ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ ငွေဖြည့်သွင်းမှုပမာဏ ၃,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ်နှင့် ၁၀,၀၀၀ ကျပ်များအတွက် တယ်လီနော အသုံးပြုသူများ အနေနှင့် အပိုထပ်ဆောင်း အင်တာနက်ဒေတာ ပမာဏ ၅၀၀ MB၊ ၁ GB နှင့် ၂ BG အသီးသီး ရရှိမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ လက်ဆောင်ဒေတာ ပမာဏအား အကြိမ် ၅၀ အထိ ထပ်ပေါင်း ရရှိနိုင်မည် ဖြစ်သည့်အတွက် တယ်လီနော ဆင်းမ်ကဒ်အသစ်ဝယ်ယူသူများ ငွေဖြည့်သွင်းမှု အကြိမ်အရေအတွက် များများပြုလုပ်ပါက စုစုပေါင်း အပိုထပ်ဆောင်း အင်တာနက် ပမာဏ ၁၀၀ GB အထိ လက်ခံရရှိနိုင်မည် ဖြစ်သည်။ (၂ GB x အကြိမ် ၅၀ = ၁၀၀ GB)

တယ်လီနောဆင်းမ်ကတ်အသစ် + 4G စမတ်ဖုန်းအသစ် အသုံးပြုသူများအတွက်

ငွေဖြည့်သွင်းမှု ပမာဏ (မြန်မာကျပ်) အပိုထပ်ဆောင်း အင်တာနက် ပမာဏ ဖြည့်သွင်းနိုင်မည့် အကြိမ် အရေအတွက် အများဆုံး ရရှိနိုင်မည့် ဒေတာ ပမာဏ
၃,၀၀၀ - ၄,၉၉၉ ၅၀၀ MB အကြိမ် ၅၀ အထိ ၂၅ GB
၅,၀၀၀ - ၉,၉၉၉ ၁GB ၅၀ GB
၁၀,၀၀၀ နှင့် အထက် ၂GB ၁၀၀ GB

“4G စမတ်ဖုန်းအသစ် တစ်လုံးကို ပိုင်ဆိုင်ဖို့ဆိုတာဟာ မြန်မာပြည်သူအများစုအတွက် ရင်ခုန်စရာ အခိုက်အတန့် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ရဲ့ အသုံးပြုသူ အသစ်တွေ အင်တာနက် ပိုမို အသုံးပြုရင်း သူတို့ရဲ့ စမတ်ဖုန်းအသစ်တွေနဲ့ ပိုမို ရင်းနှီးကျွမ်းဝင်မှုရှိစေဖို့ ဆောင်ရွက်ပေးချင်တာ ဖြစ်ပြီး သူတို့အနေနဲ့ ဆုတံဆိပ်တွေ ဆွတ်ခူး ရရှိထားတဲ့ တယ်လီနော ဒေတာကွန်ရက်ရဲ့ အကောင်းဆုံး အရည်အသွေးတွေကို ရရှိခံစား သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီ အပိုထပ်ဆောင်း ဝန်ဆောင်မှုတွေကနေတဆင့် အသုံးပြုသူတွေ အနေနဲ့ တယ်လီနော ကနေ ပေးအပ်နေတဲ့ အင်တာနက်ဝန်ဆောင်မှုတွေရဲ့ အကျိုးကျေးဇူး အပြည့်အဝကို ရရှိစေနိုင်မှာ ဖြစ်ပြီး အင်တာနက်ကို အမြဲတမ်းချိတ်ဆက်နေနိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

အလားတူပင် လက်ရှိ တယ်လီနောသုံးစွဲသူများ 4G စမတ်ဖုန်းအသစ် ပြောင်းလဲအသုံးပြုပါကလည်း ထပ်ဆောင်း ဝန်ဆောင်မှု ပုံစံနှစ်မျိုးအား ရရှိသွားနိုင်မည် ဖြစ်သည်။ ပထမတစ်မျိုးမှာ လက်ရှိတယ်လီနော သုံးစွဲသူ များသည် 4G စမတ်ဖုန်း အသစ် ပြောင်းလဲအသုံးပြုပါက အပိုထပ်ဆောင်း အင်တာနက်ပမာဏအား ၁၂ ကြိမ် အထိ ရယူ အသုံးပြုနိုင်မည် ဖြစ်ပြီး ဆိုလိုရင်းမှာ ၎င်းတို့အနေနှင့် ၁၀,၀၀၀ ကျပ်နှင့် အထက် ငွေဖြည့်သွင်းမှု ၁၂ ကြိမ်အထိ ပြုလုပ်ပါက အပိုထပ်ဆောင်း ဒေတာပမာဏ ၂၄ GB အထိရရှိခံစားနိုင်မည် ဖြစ်သည်။

ဒုတိယတမျိုးမှာ အချို့သောစမတ်ဖုန်းအမှတ်တံဆိပ်များတွင် သက်ဆိုင်ရာ အထူးအစီအစဉ်များ သို့မဟုတ် အပိုထပ်ဆောင်း ဝန်ဆောင်မှုများ အသီးသီး ရှိကြသည်။ ဤပရိုမိုးရှင်းများကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ ဖုန်းအမှတ်တံဆိပ်များ အတွက်မူ ၎င်းတို့နှင့် တစ်ဆက်တည်း တွဲလျက် ပါရှိပြီးသော ပရိုမိုးရှင်းများကိုသာ ရရှိခံစား နိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များအား https://www.telenor.com.mm/my/offer/device-100GB တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

လက်ရှိတယ်လီနောဆင်းမ်ကတ် + 4G စမတ်ဖုန်းအသစ် အသုံးပြုသူများအတွက်

ငွေဖြည့်သွင်းမှု ပမာဏ (မြန်မာကျပ်) အပိုထပ်ဆောင်း အင်တာနက် ပမာဏ ဖြည့်သွင်းနိုင်မည့် အကြိမ် အရေအတွက် အများဆုံး ရရှိနိုင်မည့် ဒေတာ ပမာဏ
၃,၀၀၀ - ၄,၉၉၉ ၅၀၀ MB ၁၂ ကြိမ်အထိ ၆ GB
၅,၀၀၀ - ၉,၉၉၉ ၁GB ၁၂ GB
၁၀,၀၀၀ နှင့် အထက် ၂GB ၂၄ GB

“4G စမတ်ဖုန်း အမှတ်တံဆိပ်များစွာနဲ့ ပူးပေါင်းပေးအပ်ခဲ့တဲ့ အပိုထပ်ဆောင်း အင်တာနက်ဒေတာတွေကို တယ်လီနော အသုံးပြုသူတွေ ကြိုက်နှစ်သက်ကြတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီအတွက် အခု အပိုထပ်ဆောင်း ဝန်ဆောင်မှု အသစ်နဲ့အတူ တယ်လီနော အသုံးပြုသူတွေအနေနဲ့ မည်သည့် စမတ်ဖုန်းအမျိုးအစားကိုမဆို အသစ်ပြောင်းလဲ အသုံးပြုမယ်ဆိုရင် အပိုထပ်ဆောင်း ဒေတာပမာဏ ၂၄GB အထိ ရရှိခံစား သွားနိုင်မှာဖြစ်ပါတယ်။” ဟု Amaresh Kumar က ပြောကြားသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံးသော မိုဘိုင်းအော်ပရေတာများအနက် တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများ ကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည် ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm/ တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor