Press Release

စတင်မိတ်ဆက်ပြီး တစ်နှစ်အကြာတွင် ချင်းပြည်နယ်၏ အရည်အသွေး အကောင်းမွန်ဆုံးသော 4G ကွန်ရက်ဖြင့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့အား တယ်လီနောမြန်မာ ဆင်နွဲ

20 February, 2019 - Yangon

  • ချင်းအမျိုးသားနေ့ကို ကြိုဆိုသည့်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့ကြီးများတွင် သုံးစွဲသူများနှင့် တယ်လီနောမြန်မာ တွေ့ဆုံ
  • လက်ရှိတွင် ချင်းပြည်နယ်ရှိ တယ်လီနောတာဝါတိုင်ပေါင်း ၁၁၃ ခု၏ ၉၀ ရာခိုင်နှုန်းခန့်ကို 4G ကွန်ရက် လွှမ်းခြုံထားပြီး ဖြစ်ကာ ပြည်နယ်အတွင်းရှိ မြို့ကြီးများအားလုံးနှင့် ကျေးရွာပေါင်း ၅၆၉ ရွာတွင် စျေးနှုန်းသက်သာသည့် မြန်နှုန်းမြင့် 2G/3G/4G ကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိ

ယနေ့ ကျရောက်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်နှင့် တယ်လီနော 4G ကွန်ရက် ချင်းပြည်နယ်တွင် တရားဝင်စတင်မိတ်ဆက်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တယ်လီနောမြန်မာသည် ဟားခါးနှင့် တီးတိန်မြို့များရှိ သုံးစွဲသူများနှင့် တိုက်ရိုက်တွေ့ဆုံ သည့် အစီအစဉ်များကို ပြုလုပ်ခဲ့သည်။ တယ်လီနောမြန်မာသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချင်းပြည်နယ်၊ ဟားခါးမြို့၌ 4G ဝန်ဆောင်မှုအား တရားဝင် စတင်မိတ်ဆက်ခဲ့သော ပထမဦးဆုံး ဆက်သွယ်ရေး အော်ပရေ တာဖြစ်ပြီးလက်ရှိတွင် ချင်းပြည်နယ်ရှိ မြို့ကြီးများအားလုံးနှင့် ကျေးရွာများတွင် ၎င်း၏ မြန်နှုန်းမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား သက်သာသောနှုန်းထားဖြင့် ပေးအပ်နေပြီ ဖြစ်သည်။

နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန်ဟူသော ရည်သန်ချက်နှင့်အညီ တယ်လီနောမြန်မာသည် ချင်းပြည်နယ်ရှိ ဖလမ်းနှင့် ဟားခါးမြို့များတွင် 2G နှင့် 3G ကွန်ရက်များအား ၂၀၁၆ ခုနှစ်၌ စတင်တည်ဆောက်ခဲ့သည်။ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသော်လည်း တယ်လီနော မြန်မာသည် ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်တို့အား နယ်မြေဒေသပေါင်းစုံရှိ ပြည်သူများအတွက် ဆက်လက်တိုးချဲ့ တည်ဆောက်ခဲ့ရာ တရားဝင်မိတ်ဆက်ပြီး တစ်နှစ်ခန့်အကြာ ယခုလက်ရှိတွင် ချင်းပြည်နယ်မှ 4G ဒေတာအသုံးပြုမှု ပမာဏသည် ၂၀၁၈ ခုနစ်နှင့် နှိုင်းယှဉ်ပါက ငါးဆနီးပါးအထိ တိုးတက်လာခဲ့သည်။ အလားတူပင် ချင်းပြည်နယ်ရှိ တယ်လီနော ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၁၃ တိုင်၏ ၉၀% ခန့်ကိုလည်း 4G စနစ်အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး စုစုပေါင်း အရောင်းဆိုင် အရေအတွက်သည်လည်း ၄၃၀ ဆိုင်အထိ မြင့်တက်လာခဲ့သည်။ ထို့အပြင် လက်ရှိတွင် တယ်လီနောမြန်မာသည် ချင်းပြည်နယ်ရှိ မြို့ကြီးများနှင့် ရွာပေါင်း ၅၆၉ ရွာတွင် ၎င်း၏ ဆုတံဆိပ်များ ဆွတ်ခူးရရှိထားသော 2G/3G/4G ကွန်ရက်များမှတဆင့် စျေးနှုန်းသက်သာသည့် မြန်နှုန်းမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“အခုလို (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းတိုင်းရင်းသားတွေနဲ့အတူ ဆင်နွဲခွင့်ရတဲ့အတွက် တယ်လီနော အနေနဲ့ အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ချင်းပြည်နယ်ကို 4G ကွန်ရက်လွှမ်းခြုံဖို့ ပြီးခဲ့တဲ့နှစ်က စတင် လုပ်ဆောင်ခဲ့ပြီး အခုလက်ရှိမှာတော့ ချင်းပြည်နယ်မှာရှိတဲ့ တယ်လီနောကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ မြန်ဆန်မှု အရှိဆုံး၊ အရည်အသွေးအကောင်းမွန်ဆုံး ကွန်ရက်တစ်ခုအဖြစ် ရပ်တည်နေပြီး ဒေသခံပြည်သူတွေကိုလည်း အကျိုး ကျေးဇူး အများအပြားရရှိအောင် ချိတ်ဆက်ပေးနိုင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒေတာအသုံးပြုမှုပမာဏကလည်း သိသိ သာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက် နိုင်ဖို့သာမက နိုင်ငံတစ်ဝန်းက ပြည်သူတွေရဲ့ဘဝအတွက် အကျိုးရှိစေမယ့် ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဖို့ သံန္နိဌာန်ချထားတာနဲ့အညီ တယ်လီနောမြန်မာအနေနဲ့ နိုင်ငံတဝန်းမှာ ကွန်ရက်ချဲ့ထွင်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အနောက်မြောက်ဒေသဆိုင်ရာ စီးပွားရေး တာဝန်ခံ ဖြစ်သူ Nitin Choudhary က ပြောကြားသည်။

ယနေ့ခေတ်တွင် ဆက်သွယ်ရေးစနစ်သည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ရာ၌ အရေးအပါဆုံးသော လိုအပ်ချက်တစ်ခု ဖြစ်လာသည်နှင့်အညီ ချင်းပြည်နယ်တစ်ဝန်းရှိ ပြည်သူများသည်လည်း ယခုအချိန်တွင် မိမိတို့၏ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အဆင်ပြေလွယ်ကူစွာ အထစ်အငေါ့မရှိ အချိန်မရွေး နေရာမရွေး ဆက်သွယ်ပြောဆိုနိုင်ပြီ ဖြစ်သည်။ ထို့အပြင် ချင်းပြည်နယ်ရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် လိုအပ်သည့် ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများအား သင်ကြားပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောအလင်းအိမ်စင်တာများအား ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင် ချင်းပြည်နယ်ရှိ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့များ၌ ဖွင့်လှစ်ခဲ့သည်။ ဖွံဖြိုးမှုအတွက် မြန်အိုင်စီတီအဖွဲ့ (MIDO) နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် အလင်းအိမ်စင်တာအစီအစဉ်မှတဆင့် ဒေသခံပြည်သူများအား မိုဘိုင်းဖုန်းကို ထိရောက်စွာ အသုံးပြုနည်း၊ ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုနည်းနှင့် အင်္ဂလိပ်ဘာသာစကားကို အင်တာနက်မှ ကိုယ်တိုင် လေ့လာသင်ကြားနိုင်မည့် သင်ခန်းစာများအပါအဝင် အခြေခံဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုများအား အခမဲ့ပို့ချ သင်ကြားပေးလျက်ရှိသည်။

“ဒီနေ့ဟာ ကျွန်မတို့ချင်းလူမျိုးအတွက် အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပြီး အခုလို အခါသမယမှာ အကောင်းဆုံးအချက်တစ်ခုကတော့ ကျွန်မတို့ချစ်ခင်ရသူတွေနဲ့ အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ဆက်သွယ်ပြောဆိုနေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မ နိုင်ငံခြားမှာ ကျောင်းတက်တုန်းက မွေးရပ်မြေမှာ ရှိတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့ဆိုတာဟာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ အခု ကျွန်မပြန်ရောက် လာတဲ့အချိန်မှာတော့ အရာအားလုံးဟာ ပြောင်းလဲနေခဲ့ပါတယ်။ အချင်းချင်းဆက်သွယ်ဖို့အတွက် ကျွန်မတို့ရဲ့ မိုဘိုင်းဖုန်းကနေ ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံပါပဲ။ တယ်လီနောမြန်မာရဲ့ ကျေးဇူးကြောင့် ကျွန်မတို့မိသားစုဝင် တွေ သူငယ်ချင်းတွေနဲ့ အချိန်မရွေး၊ နေရာမရွေး လွယ်လွယ်ကူကူ ဆက်သွယ်လို့ရတဲ့အပြင် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ အကျိုးကျေးဇူးတွေလည်း အများကြီးရစေပါတယ်။ ကျွန်မတို့အတွက် တယ်လီနောမြန်မာက ယူဆောင်လာပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး အနာဂတ်မှာလည်း အလားတူအရာ တွေကို တယ်လီနောမြန်မာက ဆက်လက်ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု တယ်လီနောမြန်မာ၏ သုံးစွဲသူ လက်ထောက်ဆရာမ တစ်ဦးဖြစ်သည့် မဧဒင်ပါရ်နီနှီယာန်းက ပြောကြားသည်။

တယ်လီနောမြန်မာသည် ချင်းပြည်နယ်အတွင်း ကွန်ရက်လွှမ်းခြုံမှုအား ဆက်လက်တိုးချဲ့တည်ဆောက်လျက်ရှိပြီး ကလေး - ရိခေါ်ဒါရ်၊ ဟားခါး -မင်းတပ်၊ ဟားခါး - ဂန့်ဂေါ အမြန်လမ်းများ၏ ရ၀ ရာခိုင်နှုန်းခန့်ကိုလည်း ၎င်း၏ 2G/ 3G/4G ကွန်ရက်များဖြင့်လွှမ်းခြုံထားနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ကလေး၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ရိခေါ်ဒါရ်၊ ရေဇဝါ၊ မတူပီ၊ မင်းတပ်၊ ဂန့်ဂေါ၊ ပလက်ဝ၊ ဆမီး နှင့် ထင်ရှားသော နေရာဒေသများဖြစ်သည့် နတ်မတောင် (ဝိတိုရိယတောင်)နှင့် အသည်းပုံ ရိဒ်ရေကန် အပါအဝင် ချင်းပြည်နယ်ရှိ နေရာဒေသအားလုံးနီးပါးအား တယ်လီနော မြန်မာ၏ အထစ်အငေါ့မရှိသော အရည်အသွေးမြင့် ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အစိမ်းရောင်စွမ်းအင် (Green Energy) အသုံးပြုရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့ အတွက် ရှေးရှုကာ တယ်လီနောမြန်မာသည် ၎င်း၏ ဆက်သွယ်ရေးတာဝါတိုင် အရေအတွက် စုစုပေါင်း၏ ၈၀%ကျော် အား အဆင့်မြင့် ဆိုလာစနစ်အသုံးပြုကာ လည်ပတ်လျက်ရှိသည်။ ဤသို့ ဆောင်ရွက်ခြင်းအားဖြင့် လောင်စာ အသုံးပြုမှု ပိုမိုလျှော့ချနိုင်မည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်အား မထိခိုင်စေဘဲဆက်လက် ကွန်ရက်ချဲ့ထွင် နိုင်မည် ဖြစ်သည်။ တယ်လီနောသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G ကွန်ရက်အား ပိုင်ဆိုင်ထားကာ နိုင်ငံတဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်မှတဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ အသုံးပြုသူပေါင်း ၁၈ သန်းကျော်အား ဝန်ဆောင်မှု များ ပေးအပ်လျက် ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share