Press Release

ငွေဖြည့်အပိုဆုများ ဆက်လက်ပေးအပ်တော့မည်မဟုတ်ကြောင်း ကြေညာခြင်း

08 February, 2019 - ရန်ကုန်

သုံးစွဲသူများအားလုံးအတွက် ပေးအပ်နေသည့် ပရိုမိုးရှင်းဝန်ဆောင်မှုများ ပိုမိုရှင်းလင်းလွယ်ကူစေရန် ရည်ရွယ်ပြီး ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်သွယ်ရေးအာဏာပိုင်တို့အကြား သဘောတူညီခဲ့ကြသည့်အတိုင်း တယ်လီနော မြန်မာက သုံးစွဲသူများအတွက် လက်ရှိပေးအပ်နေသည့် ငွေဖြည့်အပိုဆုများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့  ၂၀၁၉ ခုနှစ် ည ၂၃နာရီ ၅၉ မိနစ်အထိသာ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Customer များထံတွင် လက်ကျန် ကျန်ရှိနေသေးသော ငွေဖြည့်အပိုဆုပမာဏများကိုမူ ကျန်ရှိသက်တမ်းကာလအတိုင်း အပြောင်းအလဲမရှိ ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပြီး ငွေဖြည့်အပိုဆုများမှအပဖြစ်သော အခြား ပရိုမိုးရှင်း ၀န်ဆောင်မှုများကိုမူ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။

တယ်လီနောသုံးစွဲသူများအတွက် အကောင်းဆုံးသော သုံးစွဲမှုအတွေ့အကြုံများ ရရှိစေရန်အတွက် ၀န်ဆောင်မှု အသစ် များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။ တယ်လီနောကို အသုံးပြုမှုအတွက် ကျေးဇူးတင်ရှိပါသည်။

ရန်ကုန်
My Account
Live Chat
Share Share