Press Release

ကျေးလက်ဒစ်ဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု မြင့်မားလာစေရေးအတွက် နွေရာသီ ဒစ်ဂျစ်တယ်သင်တန်း ဖွင့်လှစ်မည်

24 April, 2017 - Yangon

  • ကျောင်းပြီးစလူငယ်များ၊ ဒေသခံများအနေဖြင့်၎င်းတို့၏ အရည်အသွေးများတိုးတက်ရန်နှင့် လက်တွေ့အတွေ့အကြုံများပါ ရရှိစေမည် ဖြစ်

တယ်လီနော မြန်မာလိမိတက် (တယ်လီနော)သည် ေးလံသည့် တိုင်းရင်းသားဒေသများတွင် နွေရာသီကျောင်းပိတ်ကာလအတွင်းဒစ်ဂျစ်တယ် နည်းပညာသင်တန်းများကိုစမ်းသပ်ဖွင့်လှစ်နိုင်ရန် ပြင် ဆင်မှု အဖြစ် သီတင်းတစ်ပတ်ကြာဆရာဖြစ်သင်တန်းတစ်ခုကိုယနေ့ ဖွင့်လှစ်လိုက်ပါသည်။ ယင်းဆရာဖြစ် သင်တန်းကိုတယ်လီနော၊ ယင်းနှင့် လုပ်ငန်းလက်တွဲလုပ်ကိုင်လျက်ရှိသည့် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ကယားနှင့် မန္တလေးရှိတယ်လီနောအလင်းအိမ်အိုင်စီတီနည်းပညာဖွံ့ဖြိုးရေးစင်တာလုပ်ငန်းရှင်တို့နှင့် ပူးပေါင်းဖွင့်လှစ်လိုက်ခြင်း ဖြစ် ပါသည်။

ယင်းပထမအကြိမ် ဆရာဖြစ်သင်တန်းကိုတက္ကသိုလ်ပြီးဆုံးပြီးကာစ အများစုပါ၀င်သည့် ကယားပြည်နယ်မှ လူငယ် ၁၀ ဦးတက်ရောက်လျက်ရှိပြီး ၎င်းတို့၏ စာသင်ကြားမှု အရည်အသွေးများတိုးတက်စေရန် စာသင်ကြားမှု နည်းနာများမိတ်ဆက် ပေးခြင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာနားလည်တတ်ကျွမ်းမှု ပိုမိုမြင့်မားစေရန် သင်တန်းတစ်လျောက် လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ဆရာဖြစ် သင်တန်းသူ/သားများသည် ကွန်ပျူတာနှင့် စမတ်ဖုန်းအခြေခံ ကျွမ်းကျင်မှု၊ လူမှုကွန်ရက် မိတ်ဆက်နှင့် ဘေးကင်းသောအင်တာနက် အသုံးပြုမှု စသည်တို့ကိုပါ လေ့လာသင်ယူကြရမည် ဖြစ်ပါသည်။ လူငယ် သင်တန်းသူ/သားများ၏ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းအထောက်အကူဖြစ်စေရန် အတွက်လည်းအွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် ရှာဖွေသည့် နည်းစနစ်များနှင့် အလုပ်လျှောက်လွှာရေးသားနည်းများကို ပါ လမ်းညွှန် ပြသပေးသွားမည် ဖြစ်ပါသည်။

သင်တန်းသူ/သားများသည် သင်တန်းပြီးဆုံးပါကအောင်မြင်ပြီးမြောက်ကြောင်းအသိအမှတ်ပြုလက်မှတ်များရရှိကြမည် ဖြစ်ပြီးကယားပြည်နယ်တွင် မေလအတွင်းရှေ့ပြေးစမ်းသပ်ဖွင့်လှစ်မည့် ပထမဆုံးအကြိမ် နွေရာသီဒစ်ဂျစ်တယ် နည်းပညာသင်တန်း၌ ပါ၀င်သင်ကြားကြမည် ဖြစ်ပါသည်။ ယခုရှေ့ပြေးအစီအစဉ်တွင် ပါ၀င် သင်ကြားပေးကြမည့် လူငယ် ဆရာများခေါ်ယူမှုကို ပြီးခဲ့သည့် မတ်လအစောပိုင်းကတည်းကစတင်ခဲ့ခြင်း ဖြစ်ပြီးလူငယ်များ၏ ဒစ်ဂျစ်တယ် နည်းပညာသိနားလည်မှု နှင့် စာသင်ကြားပေးနိုင်မှု အခြေအနေတို့ပေါ် မူတည်ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ ထို့ပြင် အရေးအကြီးဆုံးအချက်မှာ ၎င်းတို့သည် သီတင်းတစ်ပတ်ကြာဆရာဖြစ်သင်တန်းကိုဦးစွာ ပြီးမြောက်ပြီးပါကအခြေခံကျောင်းသူ/သားများအတွက် ဖွင့်လှစ်ပေးမည့် တစ်လကြာ နွေရာသီဒစ်ဂျစ်တယ် နည်းပညာသင်တန်းတွင် ပါ၀င်သင်ကြားပေးနိုင်မှု ဖြစ်ပါသည်။

 

“ဒီအစီအစဉ်ကနေပြီးတော့ ကျောင်းပြီးစလူငယ်တွေ၊ ဒေသခံတွေကိုသူတို့ရဲ့ အရည်အသွေးတွေ တိုးတက်အောင်နဲ့ လက်တွေ့ အတွေ့အကြုံတွေပါရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုကျောင်းပိတ်ရက်ကာလမှာကျောင်းသူ/သားတွေ ကိုအခြေခံဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ရင်းနှီးကျွမ်း၀င် ကောင်းမွန်စွာအသုံးချတက်အောင် ကူညီသင်ကြားပေးခြင်းဟာနောင်တစ်ချိန်မှာကိုယ့်ရပ်ရွာတိုးတက် ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာဒစ်ဂျစ်တယ် နည်းပညာသိနားလည်မှု တိုးတက်မြင့်မားအောင် ဆောင်ရွက်တာဟာဒေသတွေရဲ့ ဒစ်ဂျစ်တယ် နည်းပညာအသုံးချမှု ကွာဟချက်ကိုလျှော့ချနိုင်စေယုံသာမကအခြားဒေသတွေရဲ့ ဖွံ့ဖြိုးမှုကိုအမှီလိုက်နိုင်ဖို့ အထောက်အကူပြုတယ်လို့ တယ်လီနောအနေနဲ့ အခိုင်အမာယုံကြည်ထားပါတယ်”ဟုတယ်လီနောမြန်မာ၏ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူကပြောကြားသည်။

အင်တာနက်ကိုလွယ်ကူစွာအသုံးပြုနိုင်မှုနှင့် နည်းပညာများကိုပိုမိုများပြားစွာအသုံးချလာကြမှုတို့ကြောင့် ပေါ်ပေါက် လာနေသည့် အခွင့်အလမ်းကောင်းများစွာကိုအရအမိအသုံးချနိုင်ရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာနားလည် တတ်ကျွမ်းမှု အရည်အသွေးမှာအရေးပါသောကဏ္ဍမှ ပါ၀င်ပါသည်။ တယ်လီနောသည် ဒစ်ဂျစ်တယ် နည်းပညာနားလည် တတ်ကျွမ်းမှုအားပေးမြှင့်တင်မှုကိုတယ်လီနောအလင်းအိမ်စင်တာများမှလည်းတစ်စိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိတွင် တယ်လီနောအလင်းအိမ်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ခုနှင့် နေပြည်တော်တို့တွင် လူမှုအကျိုးပြုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မကုန်မီအလင်းအိမ်ပေါင်း ၂၀၀ ခုထိ် ဖွင့်လှစ်သွားရန်လည်းရည်မှန်းထားပါသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် အလင်းအိမ်များကိုဖွင့်လှစ်တည်ထောင်ရန်အတွက် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

အလင်းအိမ်စင်တာများကိုဒေသခံလုပ်ငန်းရှင်များကဦးစီးဆောင်ရွက်ပြီးပြည်သူများအတွက် အကျိုးရှိစေမည့် အချက်အလက် ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်ရေးသင်တန်းများကိုပေးအပ်နိုင်သည့် လူမှု စီးပွားရေးလုပ်ငန်းတစ်ခုကိုမည်သို့ မည်ပုံလည်ပတ်အောင် ဆောင်ရွက်နိုင်မည်ကိုဒေသခံလုပ်ငန်းရှင်များအားတယ်လီနောနှင့် MIDO တို့ကလေ့ကျင့်သင်ကြားပေးပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor