Press Release

ကျိုက်ခေါက်ဘုရားနှင့် မော်တင်စွန်းဘုရား ပွဲတော်များတွင် တယ်လီနော၏ ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိ

30 January, 2018 - Yangon

မြန်မာနိုင်ငံ၏ အစည်ကားဆုံးသော ဘုရားပွဲတော်များတွင် အပါအ၀င် ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျိုက်ခေါက်ဘုရားပွဲတော်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မော်တင်စွန်း ဘုရားပွဲတော်များအား လာရောက် လည်ပတ်ကြသည့် ဘုရားဖူး မိဘပြည်သူများအနေနှင့် တယ်လီနော၏ ဈေးနှုန်း အသက်သာဆုံးသော ဖုန်းခေါ်ဆိုမှုနှင့် ဒေတာ ဝန်ဆောင်မှုများအား ရယူ အသုံးပြုနိုင်ကြမည်ဖြစ်ပါသည်။

ပွဲတော်ကာလအတွင်း ဘုရားဖူး မိဘပြည်သူများ အနေနှင့် အထစ်အငေါ့မရှိ အကောင်းမွန်ဆုံးသော ဖုန်းခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများအား အသုံးပြုနိုင်စေရန် အတွက် တယ်လီနောသည် ၎င်း၏ ကွန်ရက်အရည်အသွေးအား အဆင့်မြှင်တင်ထားပြီး ဖြစ်သည်။ ကျိုက်ခေါက်ဘုရားပွဲတော်အား ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး မော်တင်စွန်းဘုရားပွဲတော်အား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။

ပွဲတော်ကာလအတွင်း ဆင်းကတ်များ ရောင်းချပေးသွားမည့်အပြင် Facebook ၊ Viber ၊ Capture ၊ My Telenor အစရှိသည့် app များအား ထည့်သွင်းပေးသည့် ဝန်ဆောင်မှုနှင့် လူမှုကွန်ရက်အကောင့်များ ဖွင့်ပေးသည့် ဝန်ဆောင်မှု များအားလည်း အခမဲ့ပေးအပ်သွားမည် ဖြစ်သည်။ ထို့အပြင် နာမည်ကြီး အနုပညာရှင်များဖြစ်သည့် ရဲအောင်၊ ရွှေထူး၊ ဇေယျ၊ ဖြိုးပြည့်စုံ၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ လူရွှင်တော် ငြိမ်းချမ်းနှင့် အဖွဲ့တို့မှလည်း ကျိုက်ခေါက် ဘုရားပွဲတော်တွင် ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ပြီး မော်တင်စွန်း ဘုရားပွဲတော်တွင်လည်း အလားတူ ဖျော်ဖြေရေး အစီအစဉ် များကို ပြုလုပ်သွားမည် ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm

Yangon
My Telenor