Press Release

ကိုဗစ်-၁၉ ရောဂါကို အတူတကွတိုက်ဖျက်ရန် တယ်လီနောနှင့် သုံးစွဲသူများမှ အမျိုးသားအဆင့် ဗဟိုကော်မတီထံ မြန်မာကျပ် သန်း ၇၀ လှူဒါန်း

22 July, 2020 - Yangon

  • မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အားကူညီထောက်ပံ့နိုင်ရန် ရည် ရွယ်၍ တယ်လီနောသုံးစွဲသူများအနေဖြင့် စာတိုပေးပို့၍ အလွယ်တကူလှူဒါန်းနိုင်သော အစီအစဉ်ကို အသိပေး လုပ်ဆောင်ခဲ့
  • သုံးစွဲသူများမှ မြန်မာကျပ် . သန်းကို စာတိုပေးပို့မှုမှတစ်ဆင့် လှူဒါန်းခဲ့ပြီး တယ်လီနောမြန်မာမှ မြန်မာ ကျပ် သန်း  ၆၀ (သန်း ၆၄.၃ ကျပ်) ကျော်ကို ထပ်ဆောင်းလှူဒါန်း
  • တယ်လီနောမြန်မာသည် အမျိုးသားအဆင့်အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်များ ဖြစ်ပေါ် နေချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို အင်တိုက်အားတိုက် ပါဝင် လုပ်ဆောင်လျက်ရှိပြီး ဘေးအန္တာရာယ်သင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ အထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကျော်ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။ ။ တယ်လီနောမြန်မာသည် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရေး အတွက် မြန်မာကျပ် သန်း ၇၀ ကို နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့် ဗဟိုကော်မတီထံ ယနေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။ တယ်လီနောသုံးစွဲသူများသည် မြန်မာကျပ်ငွေ ၅.၇ သန်းကို စာတိုပေးပို့မှုမှတစ်ဆင့် လှူဒါန်းခဲ့ပြီး တယ်လီနောမြန်မာမှ မြန်မာကျပ် သန်း ၆၀ ကျော် (သန်း ၆၄.၃ ကျပ်) ကို ထပ်ဆောင်းလှူဒါန်းခဲ့သည်။

ဧပြီ ၉ ရက်နေ့မှ ဇွန် ၃၀ ရက်အတွင်း စာတိုပေးပို့မှုမှတစ်ဆင့် လှူဒါန်းမှုများကို တယ်လီနောသုံးစွဲသူများမှ အကြိမ် ကြိမ်ပေးပို့လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် စေတနာသဒ္ဒါတရားထက်သန်မှုနှင့် စည်းလုံးညီ ညွတ်မှုကို ပြသခဲ့သည်။

"မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုဟာ ထင်ရှားကျော်ကြားလှပြီး အခု စာတိုပေးပို့ လှူဒါန်းမှု အစီအစဉ်ကလည်း ဒါကို ထပ်လောင်းသက်သေပြသလိုပါပဲ။ ဒါက ကိုဗစ်-၁၉ ကာလမှာ အားလုံး စည်း စည်းလုံးလုံး ရင်ဆိုင်ကျော်ဖြတ်နေတယ်ဆိုတာကို ပြသခဲ့ပြီး အခုလို မြန်မာနိုင်ငံအနှံ့က လူမှုအသိုင်းအဝိုင်းတွေ လိုအပ်နေချိန်မှာ ပြန်လည်ကူညီခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ တယ်လီနောမြန်မာအနေနဲ့ အမျိုးသား အဆင့် အရေးပေါ်အခြေ‌အနေကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်သွား မယ်ဆိုတာကို ကတိပြုပါတယ်။" ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Hans Martin Høegh Henrichsen မှ ပြောကြားခဲ့သည်။

Telenor Covid Donation
 

တယ်လီနောမြန်မာသည် မြန်မာ့ပထမဦးဆုံး ကိုဗစ်-၁၉ လူနာကို မတ်လအတွင်း တွေ့ရှိစဉ်ကတည်းက ကိုဗစ်-၁၉ ရောဂါအခြေ‌အနေနှင့် ပတ်သက်၍ အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး လူမှုအသိုင်းအဝိုင်းများ လုံခြုံ ရေး၊ ဆက်သွယ်ချိတ်ဆက်မှု မပြတ်တောက်စေရေး၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကို ဦးစားပေး လုပ် ဆောင်လျက်ရှိသည်။ ထိုသို့အားထုတ်မှုများတွင် စောင့်ကြည့်ခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်း တို့ထံ လာရောက်တွေ့ဆုံသူများ ဘေးကင်းလုံခြုံစေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် တစ်ကိုယ်ရေသုံး သန့်ရှင်းရေး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို Network Activities Group (NAG) မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ   ယာယီကိုဗစ်-၁၉ စောင့်ကြည့်စင်တာ ၁၅ ခု သို့ လှူဒါန်း ပေးအပ်ခဲ့ခြင်းလည်း ပါဝင်ပါသည်။ ထို့အပြင် အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသည့် ပြည်သူများ အဆက်အသွယ် မပြတ်တောက်စေရန် တယ်လီနောမြန်မာသည် ဒေတာ 1GB ပါဝင်သည့် ဆင်းကတ်ပေါင်း (၂၅,၀၀၀) ကို သက်ဆိုင်ရာစင်တာများရှိ ဒေသတွင်းအစိုးရအဖွဲ့အစည်းများထံသို့ ပံ့ပိုးကူညီပေးခဲ့သည်။

Telenor Covid Donation
 

တယ်လီနောသည် တစ်နေရာတည်းတွင် ပြီးပြည့်စုံအောင် အသုံးပြုနိုင်သည့် MyTelenor အက်ပလီကေးရှင်းတွင် Telenor Classroom (တယ်လီကွန်း-ပညာရေး ဝန်ဆောင်မှု) နှင့် Telenor Wellness (တယ်လီနောကျန်းမာခြင်း ဆုလာဘ်) ကဲ့သို့သော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် တယ်လီ နောသည် ဆက်သွယ်ချိတ်ဆက်မှုအလှမ်းဝေးနေသော လူမှုအသိုင်းအဝိုင်းများမှ ဆရာ၊ ဆရာမများအတွက်  ပညာ ရေးဝန်ကြီးဌာန၏ MDEP ဝက်ဆိုဒ်ကို အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်နှင့် အခြေခံပညာဦးစီးဌာန သင်ကြားရေး ရင်းမြစ်များ (DBE Boxes) များကိုလည်း တယ်လီနောမှ ပေးအပ်လှူဒါန်းခဲ့သည်။

လူမှုအသိုင်းအဝိုင်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးမည့် ကတိကဝတ်နှင့်အညီ တယ်လီနောမြန်မာသည် အမျိုး သားအဆင့် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက် ကူညီထောက်ပံ့ ပါဝင်လုပ်‌ဆောင်လျက်ရှိသည်။ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောသည် ၂ဝ၁၅ ခုနှစ်မှ ယနေ့တိုင်အောင် ဘေးအန္တရာယ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက် အပံ့အဖြစ် မြန်မာကျပ်ငွေ သန်း (၁၀၀၀) ကျော်ကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူများထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share