Press Release

ကိုဗစ်-၁၉ ကာလ၌ မြန်မာလူငယ်များစဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရန် Virtual အလုပ်သင် အစီအစဉ် တယ်လီနော စတင်

23 December, 2020 - Yangon

  • ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ဆက်လက်လုပ်ဆောင်စေပြီး မိမိ၏အနာဂတ်ကို အိမ်မှနေ၍ ကြိုတင်ပြင်ဆင်ထားနိုင်ရန် တယ်လီနောက မြန်မာလူငယ်၁၂ ဦးကို အလုပ်သင်အဖြစ် ရွေးချယ်ခန့်အပ်
  • လျှောက်ထားသူပေါင်း ၃၀၀ ကျော်အနက်မှ ရွေးချယ်ခံခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးသည် တယ်လီနောမြန်မာ၏ ပထမဦးဆုံး အွန်လိုင်းမှ သင်ကြားပို့ချပေးမည့် ဒစ်ဂျစ်တယ် အလုပ်သင်အစီ အစဉ်တွင် ပါဝင်မည်ဖြစ်
  • ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေးဆိုင်ရာ တိုးတက်ပြောင်းလဲလာမှုများနှင့်အတူ မြန်မာနိုင်ငံအနေဖြင့် လုံခြုံပြီး အချင်းချင်း ဆက်သွယ်ချိတ်ဆက်နိုင်ကာ လူမှုအသိုင်းအဝန်း၏ စွမ်းဆောင်ရည်များ ဆက်လက် မြှင့်တင်ပေးရန် လုပ်ဆောင်သွားမည်ဟု တယ်လီနောမြန်မာမှ ကတိကဝတ်ပြု

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။         ။ ကမ္ဘာ့ကပ်ရောဂါနှင့်အတူ လူ့အဖွဲ့အစည်းအပေါ် စိန်ခေါ်မှု များ ရှိနေသော်လည်း တယ်လီနောမြန်မာက မြန်မာလူငယ်များ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မည့် အခွင့် အလမ်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။ တယ်လီနောမြန်မာ၏ ၂၀၂၀ ပြည့်နှစ်အတွက်  ပထမဦးဆုံး Virtual အလုပ်သင်အစီအစဉ်ကို မြန်မာလူငယ် ၁၂ ဦးဖြင့် စတင်သွားမည်ဖြစ်သည်။ အဆိုပါ သုံးလကြာမြင့်မည့် အလုပ် သင်အစီအစဉ်မှတစ်ဆင့် ရွေးချယ်ထားသည့် လူငယ်များအနေဖြင့် အရည်အသွေးများ ပိုမိုတိုးတက်ဖွံ့ဖြိုးပြီး  အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများကို လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။

CPO_Selina
၂၀၁၉ ခုနှစ် အလုပ်သင် သင်တန်းဆင်းပွဲအခမ်းအနားတွင် တယ်လီနောမြန်မာ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် Selina Lomholdt က အမှာစကား ပြောကြားစဥ်

ယခုနှစ်အလုပ်သင်အစီအစဉ်ကို အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀ ကျော် လျှောက်ထားခဲ့သည့်အနက် ၁၂ ဦးကို ရွေးချယ်ခဲ့သည်။ သင်တန်းကာလအတွင်း၌ တယ်လီနော၏ သက်ဆိုင်ရာ ဌာနများမှ အတွေ့အကြုံရှိသော အကြီးတန်းအရာရှိများက သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ယခုအစီ အစဉ်သည် မြန်မာကျောင်းသား၊ ကျောင်းသူများကို ကျွမ်းကျင်လုပ်ငန်းခွင် အတွေ့အကြုံရရှိနိင်စေရန်နှင့် ကော်ပို ရိတ်အဆင့်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နိုင်သည့် အရည်အချင်းများ အဆင်သင့်ရှိစေရန်အတွက် အပြု သဘောဆောင်သော သဘောာထားမှတ်ချက်များ ပေးအပ်ခြင်းဖြစ်သည်။

"တယ်လီနောရဲ့ စံနှုန်းတွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကို အမြဲတမ်း စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ပါပဲ။​ လုပ်ကိုင်စွမ်းရည်ပြည့်ဝနေတဲ့ အနာဂတ် လူငယ်၊ လူရွယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ အဆင့်သင့်တာဝန်ယူ လုပ်ဆောင်နိုင်မှာကို မြင်တွေ့ရမယ့်အတွက် ဝမ်းသာမိသလို သူတို့ရဲ့ အနာဂတ်အတွက် အထောက်အပံ့ကောင်းတစ်ခုအနေနဲ့ ပံ့ပိုးပေးနိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကူးစက် ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်သွားရာမှာ အဖွဲ့အစည်းတွေအနေနဲ့ သမားရိုးကျ အလုပ်သင်အစီအစဉ်တွေကနေ Virtual အလုပ်သင် အစီအစဉ်အဖြစ် တဖြေးဖြေး အကောင် အထည် ဖော်လာနေကြပါတယ်။​ ကျွန်မတို့အနေနဲ့ ဒီပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲ လုပ်ဆောင်ပြီး လူငယ်တွေအနေနဲ့ စဥ်ဆက်မပြတ် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်စေဖို့ ယခုနှစ် အလုပ်သင် အစီအစဉ် တစ်ခုလုံးကို ပထမဦးဆုံးအနေနဲ့ အွန်လိုင်းကနေ သင်ကြားပို့ချပေးသွားမှာပါ။ တယ်လီနောမြန်မာ အနေနဲ့ မြန်မာလူထုတစ်ရပ်လုံးကို သူတို့ရဲ့ အရေးကြီးဆုံး အရာများနဲ့ ဆက်သွယ်ချိတ်ဆက်ပေးသွားချင်တာပါ။ အထူး သဖြင့် မြန်မာလူငယ်၊ လူရွယ်တွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင် ပေးသွားမှာပါ။” ဟု တယ်လီနောမြန်မာ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် Selina Lomholdt က ပြောကြားခဲ့ပါသည်။

ရွေးချယ်ခံရသည့် သင်တန်းသားများသည် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ အလုပ်သင် အစီအစဥ်တွင် စတင်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းသား စုစုပေါင်း ၁၂ ဦးသည် နည်းပညာဌာန၊ စျေးကွက်မြှင့်တင်ရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စီးပွားရေးဆိုင်ရာဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနနှင့် ကော်ပိုရိတ် ရေးရာဌာန စသည်တို့တွင် တယ်လီနောမြန်မာ၏ စီမံခန့်ခွဲရေးအဖွဲ့၏ သင်ကြားပို့ချမှုများကို  အွန်လိုင်းမှတစ်ဆင့်  လေ့လာသင်ယူခွင့်ရရှိကြမည်ဖြစ်သည်။ Virtual အလုပ်သင်အစီအစဥ်အတွင်း ပူပင်ကြောင့်ကြမှုမရှိဘဲ သင်ယူ လေ့လာနိုင်ရန်အတွက် သင်တန်းသားများအတွက် လိုအပ်မည့် သင်ထောက်ကူပစ္စည်းများနှင့် ဆက်သွယ်ရေး အတွက် ကုန်ကျစရိတ်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။ သင်တန်းအစီအစဥ်ပြီးဆုံးသွားပါက သင်တန်း သားများကို တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။

Internship Students
၂၀၁၉ ခုနှစ် အလုပ်သင် သင်တန်းဆင်းပွဲအခမ်းအနားတွင် စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ

“ဒီအစီအစဉ်မျိုးက အနာဂတ်အသက်မွေးဝမ်းကြောင်း အလုပ်ရှာဖွေနေတဲ့  ကျွန်တော်တို့လို နောက်ဆုံးနှစ် ကျောင်းသားတွေအတွက် တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်တော့်အနေနဲ့ ဒီအစီအစဥ်ကနေ လုပ်ငန်းခွင်တွေမှာ ကျင့်သုံးတဲ့ လုပ်ရည်ကိုင်ရည်တွေအပြင် အသိပညာဗဟုသုတတွေပါ ရရှိတဲ့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်း ခွင်မှာ များစွာအထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေဟာ ကျွန်တော့် ဘဝတလျှောက်လုံးအတွက် အမြဲအသုံးဝင်နေမှာပါ။” ဟု ၂၀၁၉ ခုနှစ် အလုပ်သင်သင်တန်းသားဖြစ်သူ ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ၏ နောက်ဆုံးနှစ်ကျောင်းသား ကိုဝေဖြိုးအောင်က မှတ်ချက်ပေးပြောကြားခဲ့ သည်။

၂၀၂၀ ပြည့်နှစ် အလုပ်သင်အစီအစဥ်အတွက်  ရွေးချယ်ခံရသည့် ကွန်ပျူတာအင်ဂျင်နီယာနှင့် နည်းပညာဘာသာ ရပ်ကို လေ့လာသင်ယူနေသည့် ပဉ္စမနှစ်ကျောင်းသူ မချောချစ်စုသာက “တယ်လီနောမြန်မာရဲ့ အလုပ်သင် အစီအစဥ်ကို ပထမနှစ်ကျောင်းစတက်ကတည်းက ကိုယ့်ရဲ့ စီနီယာတွေနဲ့ ကျောင်းက ကြားကတည်းက ကျွန်မအ နေနဲ့ ဒီအစီအစဥ်ကို တက်ရောက်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒီအစီအစဥ်ဟာ ကျွန်မတို့ လိုအပ်နေတဲ့ အရည်အချင်းတွေ အသိပညာဗဟုသုတတွေကို ဖြည့်ဆည်းပေးမှာဖြစ်တဲ့အတွက် အနာဂတ်လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်နေမှာပါ။ အထူးသဖြင့် ဒီနှစ်မှာ ကျွန်မတို့အားလုံးဟာ အွန်လိုင်းကနေ လေ့လာသင်ယူဖို့ဖြစ်လာ ပါတယ်။ ပြောရမယ်ဆိုရင် ဒစ်ဂျစ်တယ်က သင်ယူတာ၊ လေ့လာတာအပြင် ကိုယ့်ရဲ့နေထိုင်ရာနေရာကနေ အလုပ် လုပ်တာကအစ​ နေ့စဥ်ဘဝအတွက် မရှိမဖြစ် အရေးပါလာတဲ့အရာတစ်ခုဖြစ်လာပါတယ်။ ဒီလို ကပ်ရောဂါကာ လအတွင်းမှာတောင် အခုအအစဥ်ကို အကောင်အထည်ဖော်ပေးတဲ့ တယ်လီနောမြန်မာကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။” ဟု အလုပ်သင် အစီအစဥ်အပေါ် သူမ၏ မျှော်မှန်းချက်ကို  ပြောကြားခဲ့သည်။

တယ်လီနောမြန်မာသည် ၎င်း၏အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပြီး ၂၀၁၉ ခုနှစ်အထိ အလုပ်သင်အစီအစဉ်မှ ကျောင်းသား၊ ကျောင်းသူ ၉၁ ဦးအထိ သင်တန်းပေးအပ်ခဲ့ပြီးဖြစ် သည်။ တယ်လီနောမြန်မာ၏ အလုပ်သင်အစီအစဉ်သည် မြန်မာပြည်သူများအတွက် စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည့် တယ်လီနောမြန်မာ၏ လူမှုအကျိုးပြုအစီအစဥ် များမှတစ်ဆင့် လူဦးရေ တစ်သန်းကျော် အကျိုးကျေးဇူးများ ရရှိခဲ့ပြီဖြစ်သည်။

တယ်လီနောမြန်မာ အကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ (၁၇) သန်းထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။       

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း (၁၈၀) သန်းကျော်ရှိသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) နှစ် ကျော်ကြာ တယ်လီနော၏ အဓိကဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသ နှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိ လိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share