02 August, 2016 - ရန်ကုန်
သြဂုတ်လ ၁ ရက်၊ ၂၀၁၆ ခုနှစ်၊ ရန်ကုန် - မြန်မာနိုင်ငံမှ ကနဦး အစပျိုးလုပ်ငန်းသစ်များဖြစ်သော ‘MyanZen’ နှင့် ‘Go P’ တို့ တက်ရောက်နေသည့် လေးလကြာ Telenor Accelerate ၏ bootcamp အစီအစဉ်သည် တက် ရောက်နေသည့် လုပ်ငန်းသစ်များ အနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းမှ အကျိုးတူ ရင်းနှီးမြုပ်နှံလိုသူများကို ယင်းတို့၏ စီးပွားရေး အကြံဉာဏ် များအား တင်ပြဆွေးနွေးနိုင်မည့် အစီအစဉ်တစ်ရပ်နှင့်အတူ သြဂုတ်လ နှောင်းတွင် ပြီးစီးတော့မည် ဖြစ်ပါသည်။
‘MyanZen’နှင့်‘Go P’ တို့မှာ ဧပြီလတွင် ကျင်းပခဲ့သည့် တယ်လီနောမြန်မာ၏ ပထမဆုံးအကြိမ် Accelerate အစီအစဉ်တွင် ရွေးချယ်ခံခဲ့ရသော အဖွဲ့ ၂ ဖွဲ့ဖြစ်ပါသည်။ ‘MyanZen’ သည် အသုံးပြုသူများအနေဖြင့် ပစ္စည်း မျိုးစုံကို နေရာမရွေး အချိန်တိုင်း ရောင်းဝယ်နိုင်ရန် ရည်ရွယ် ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ‘Go P’ မှာ ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းများအကြား ပေါင်းကူးပေးရန် ရည်မှန်းထားသည့် ၀န်ဆောင်မှုတစ်ခုဖြစ်သည်။
နောက်ဆုံးရက်ဆွေးနွေးတင်ပြပွဲအတွက် ပြင်ဆင်မှုအဖြစ် ‘Go P’ သည် ယင်း၏ အပ်ပလီကေးရှင်းကို ဂူဂဲလ် Playstore (https://goo.gl/3MmNjT) တွင် ဒေါင်းလုဒ်ရယူနိုင်ရန် ပြီးခဲ့သည့် သီတင်းပတ်က ဆောင်ရွက်ထားပြီးဖြစ်သည်။ ယင်းမှာ ပြည်တွင်းနှင့်ပြည်ပခရီးစဉ်များကို သွားရောက်လည်ပတ်လိုသော မြန်မာပြည်သူ ပြည်သားများအတွက် ခရီးစဉ်များကို လျင်မြန်စွာနှင့် လွယ်ကူစွာ ရွေးချယ်ဝယ်ယူနိုင်စေမည့် ခရီးသွား အပ်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။
“အပ်ပလီကေးရှင်း အသုံးပြုပြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ ခရီးသွား အစီအစဉ်တွေကို တစ်နေရာ တည်းမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရွေးချယ်ဝယ်ယူရရှိစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ iOS သုံးဖုန်းတွေနဲ့ အွန်လိုင်းဝက်ဆိုက်ဒ်မှာပါ ရရှိသုံးစွဲနိုင်အောင် ဆက်လက်လုပ်သွားမှာပါ” ဟု ‘Go P’ မှ ကိုညွှန့်ဝင်းအောင်က ပြောသည်။ တက်ရောက်လျက်ရှိသော bootcamp အနေဖြင့် ယင်းတို့၏ အပ်ပလီကေးရှင်း ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မှုများကို များစွာ အထောက်အကူပြုကြောင်းလည်း ယင်းက ပြောသည်။
‘MyanZen’ သည်လည်း bootcamp အပြီးတွင် ယင်းတို့၏ ၀န်ဆောင်မှုလုပ်ငန်းကို စတင်နိုင်ရန် ဆောင်ရွက် လျက် ရှိသည်။ သူတို့၏ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ကို bootcamp တွင် တက်ရောက်နေစဉ် အတော အတွင်း ရရှိသော အကြံဉာဏ်ကောင်းများဖြင့် ပေါင်းစပ်ခြင်းနှင့် ပိုမိုကောင်းမွန်စေရန် ပြုပြင်မွမ်းမံခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ‘MyanZen’ မှ ကိုပိုင်ထက်အောင်က ပြောသည်။
Seed Accelerator ဟု၍လည်းသိကြသော Startup Accelerator သည် ကနဦးအစပျိုးအဆင့်တွင်ရှိသော လုပ်ငန်းများအား ထောက်ပံမှုပေးနေသည့် အစီအစဉ်များဖြစ်ပါသည်။ ၎င်းအစီအစဉ်များသည် ၃ လ မှ ၄ လ အထိ ကြာမြင့်ပြီး ပညာပေး အလုပ်ရုံဆွေးနွေးပွဲများနှင့် networking ပွဲများ ပါဝင်ပါသည်။ Accelerator အစီအစဉ်တွင် ပါဝင်တက်ရောက်နေသော လုပ်ငန်းသစ်များသည် ရုံးနေရာတစ်ခုတွင် ဝင်ရောက်ပြီး စီးပွားရေး လုပ်ဆောင်မှုများ၊ အကောင်အထည်ဖော်လုပ်ကိုင်မှုများနှင့် ဘဏ္ဍာရေးအစရှိသည်တို့ကို အတွေ့အကြုံရှိ လမ်းညွှန်သင်ကြားသူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များထံမှ သင်ယူကြပါသည်။ အစီအစဉ်အပြီးတွင်‘demo day’ ၌ လုပ်ငန်းသစ်များသည် ရင်နှီးမြုပ်နှံသူများ၏ ရှေ့တွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် တင်ပြမှုများကို ပြုလုပ်ပြီး ၎င်းတို့၏ လုပ်ငန်းများအတွက် ရင်းနှီး မတည်ငွေများရရှိရန် အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။
http://bit.ly/TelenorAccelerate
အဲလက်စ် ညီညီအောင်
Corporate Communications,
nyinyi.aung@telenor.com.mm
(95) 9 79 100 0006