Press Release

ကနဦးအစပျိုးလုပ်ငန်းများအားအားပေးကူညီခြင်း။ ဆန်းသစ်တီထွင်မှုများအားအရှိန်မြှင့်တင်ပေးခြင်း

09 September, 2017 - Yangon

မြန်မာနိုင်ငံမှ ကနဦးအစပျိုးကုမ္ပဏီတစ်ခုဖြစ်သောMMTutorsသည် တယ်လီနော၏ အာရှတိုက်တွင် ကျင်းပပြုလုပ်ခဲ့သော accelerator အစီအစဉ်များမှ အခြားသောအလားအလာကောင်းများပိုင်ဆိုင်ထားသည့် ကနဦးအစပျိုးလုပ်ငန်းခြောက်ခုနှင့်အတူစင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Digital Winners Asia အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားသည် စိတ်ကူးစိတ်သန်းများပေါင်းစည်းမည့် ပွဲတစ်ပွဲ ဖြစ်ပြီးလုပ်ငန်းများအားတိုးချဲ့နိုင်ရန် ငွေကြေးထောက်ပံ့မှုများရရှိနိုင်မည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

အဆိုပါ ကနဦးအစပျိုးလုပ်ငန်း ၇ ခုသည် accleratorsအစီအစဉ်များ ဖြစ်ကြသည့် မြန်မာနိုင်ငံမှ Phandeeyar၊ ပါကစ္စတန်နိုင်ငံမှ Telenor Velocity၊ မလေးရှားနိုင်ငံမှ Digi Challenge-for-Change၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ GP Accelerator နှင့် ထိုင်းနိုင်ငံမှ dtac Accelerate တို့ကိုကိုယ်စားပြုသောအလားအလာအရှိဆုံးကုမ္ပဏီများ ဖြစ်ကြသည်။ အဆိုပါ ကုမ္ပဏီများအားလုံးသည် ကြီးမားသောအလားအလာကောင်းများပိုင်ဆိုင်ထားသည်ဟုလက်ခံထားကြသောအာရှတိုက်၏ ရှေ့ပြေးဈေးကွက်များမှ ထိပ်တန်းနည်းပညာတီထွင်ဖန်တီးသူများစာရင်းတွင် ပါဝင်သူများ ဖြစ်ကြသည်။

အဆိုပါ စွန့်ဦးတီထွင် လုပ်ငန်းများသည် ဈေးကွက်သစ်များအားထိုးဖောက်ရန်၎င်းတို့ အစီအစဉ် ရေးဆွဲထားသောလုပ်ငန်းစဉ်များအားဖန်တီးပြုလုပ်ရမည် ဖြစ်ပြီးတယ်လီနောမှ နှစ်စဉ်ကျင်းပပြုလုပ်သည့် Digital Winners Asia (DWA) အခမ်းအနားတွင် စင်ကာပူ၊ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများမှ နည်းပညာ ကျွမ်းကျင်သူများအားတင်ဆက်ပြသရမည် ဖြစ်သည်။

ထို့အပြင် DMA အခမ်းအနားတွင် ဦးဆောင်ဈေးကွက်များ (ဥပမာစင်ကာပူနိုင်ငံ)၊ နှင့် ဖွံ့ဖြိုးဆဲဈေးကွက်များ (ဥပမာပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ)တွင် ကနဦးအစပျိုးဂေဟစနစ်များထံမှ စီးပွားရေးတိုးတက်မှုပမာဏမည်မျှ ရရှိနိုင်မည်၊ ငွေကြေးထောက်ပံ့မှု မည်သို့ ရရှိနိုင်မည်၊ အဓိကကနဦးအစပျိုးနယ်ပယ်များမှ အကြောင်းအရာအသစ်အဆန်းများနှင့် ဖြစ်ပေါ်လာနိုင်မည့် အလားအလာများ၊ စသည့် အကြောင်းအရာများအားဆွေးနွေးသွားမည် ဖြစ်သည်။

အဆိုပါ ကနဦးအစပျိုးလုပ်ငန်းများသည် စင်ကာပူနိုင်ငံတွင် နှစ်ရက်ကြာကျင်းပပြုလုပ်မည့် “Slush Conference” သို့လည်းတက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ အခမ်းအနားတွင် ဒေသတွင်းမှ ကနဦးအစပျိုးလုပ်ငန်းများ၏ တင်ဆက်ပြသမှုများအား ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည့်အပြင် နည်းပညာပိုင်းဆိုင်ရာခေါင်းဆောင်များထံမှ စိတ်အားတက်ကြွဖွယ်ရာဟောပြောချက်များအားနားထောင်နိုင်မည် ဖြစ်ပြီးအလားအလာရှိသောရင်းနှီးမြှုပ်နှံသူများနှင့်လည်းတွေ့ဆုံနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာထုတ်ကုန်သစ်တွေနဲ့ ဝန်ဆောင်မှုအသစ်တွေကိုဖန်တီးနိုင်ဖို့အတွက် အကောင်းမွန်ဆုံးအိုင်ဒီယာတွေကိုအမြဲတမ်းရှာဖွေနေပြီးတိုးတက်နိုင်တဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်အရည်အသွေးရှိသူတွေကိုလည်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ကူညီပံ့ပိုးမှုတွေ ပြုလုပ်သွားဖို့ အမြဲအသင့်ရှိနေပါတယ်။ ဒီလိုအရာတွေကို ကျွန်တော်တို့ရဲ့ အာရှတိုက်က accelerators အစီအစဉ်တွေမှာပိုမိုများပြားစွာ မြင်တွေ့လာရပါတယ်။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကိုပေးအပ်နေတဲ့ လုပ်ငန်းစုအနေနဲ့ ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ် ရည်ရွယ်ချက်ကတော့ အသုံးပြုသူတွေရဲ့ဘဝတွေ ပိုမိုတိုးတက်လာစေဖို့ တီထွင်ဆန်းသစ်မှုအသစ်တွေ၊ အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ ဖန်တီးပေးသွားဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒေသတွင်းကကနဦးအစပျိုးလုပ်ငန်းတွေကိုအစီအစဉ်တကျ ပိုမိုတိုးတက်လာအောင် ကူညီပေးခြင်းဟာ ကျွန်တော်တို့ရဲ့ အထက်ပါ ရည်ရွယ်ချက်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။” ဟု Head of Innovation ဖြစ်သူVegardAasမှပြောကြားခဲ့သည်။


ရွေးချယ်ခံရသည့် မြန်မာနိုင်ငံမှ ကနဦးအစပျိုးလုပ်ငန်းအကြောင်း

MM Tutors သည် မြန်မာနိုင်ငံတွင်းရှိအရည်အချင်းပြည့်မှီသောပညာသင်ကြားပေးသည့် ဆရာ/ဆရာမများနှင့် သင်ကြားလိုသည့် ကျောင်းသား/ကျောင်းသူများအားချိတ်ဆက်ပေးသည့် အွန်လိုင်းပညာရေးပလက်ဖောင်းတစ်ခု ဖြစ်သည်။ အသုံးပြုသူများသည် ၎င်းတို့၏ လိုအပ်ချက်နှင့် တည်နေရာအပေါ်မူတည်၍ ဘာသာရပ်အလိုက် ပညာသင်ကြားပေးသည့် ဝန်ဆောင်မှုများအားရှာဖွေနိုင်ပြီး ၎င်းတို့အတွက် သီးသန့်ဖန်တီးထားသည့် သင်ခန်းစာများအားသင်ကြားနိုင်ရန် အွန်လိုင်းတွင် ကြိုတင် စာရင်းပေးနိုင်မည် ဖြစ်သည်။ MMTutorsသည် နည်းစနစ်ကျနသောအရည်အချင်းစစ်ဆေးမှု လုပ်ငန်းစဉ်အားပိုင်ဆိုင်ထားပြီး ၎င်းတို့ ခန့်အပ်ထားသည့် ပညာသင်ကြားပေးသူတစ်ယောက်ချင်းစီအားလေ့ကျင့်သင်ကြားပေးခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းတို့အားအချိန်ယူ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပညာသင်ကြားပေးသူများသည် MM Tutors ၏ ဝန်ဆောင်မှုများအားပေးအပ်သွားမည် ဖြစ်သည့်အတွက် ဂရုတစိုက် ရွေးချယ်သွားမည် ဖြစ်သည်။ ပညာသင်ကြားပေးသူများတွင် တက္ကသိုလ် တက်ရောက်နေဆဲကျောင်းသား/ကျောင်းသူများမှသည် ဆရာ/ဆရာမများနှင့် ပါမောက္ခများစသဖြင့် အတွေ့အကြုံ အဆင့်ဆင့်ရှိသူများပါဝင်မည် ဖြစ်သည်။အသုံးပြုသူများအနေနှင့် သင်ကြားမှုမစတင်မီတွင် ၎င်းတို့အားပညာသင်ကြားပေးမည့် သက်ဆိုင်ရာဆရာ/ဆရာမ၏ ကိုယ်ရေးှရာဇဝင် အပြည့်အစုံအား ကြည့်ရှုနိုင်မည် ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Account
Live Chat
Share Share