telenor_myanmar_digital_school
telenor_myanmar_digital_school

တယ်လီနော ဒစ်ဂျစ်တယ်သင်တန်း

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လူမှုမီဒီယာ၊ ဆက်သွယ်ရေး နှင့် ဖျော်ဖြေရေးပိုင်းများတွင် အလွန်မြင့်တက်လျက်ရှိပါတယ်။သို့သော် ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုဖြင့် လူမှုရေး၊ စီးပွားရေးပိုင်းတွေမှာ ပြန်လည်အသုံးချဖို့အတွက် ဖွံ့ ဖြိုးရန်လိုအပ်နေပါသေးသည်။ မြန်မာနိုင်ငံမှာ၂၀၁၆ ခုနှစ်က LirneAsia နဲ့ MIDO တို့ ပူးပေါင်းပြုလုပ်ခဲ့သည် ICT လေ့လာတွေ့ရှိချက်အရ ရ၈ ရာခိုင်နှုန်းသော အင်တာနက်အသုံးပြုသူများသည် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု အားနည်းသည်ကိုတွေ့ရှိခဲ့ ရပါသည်။ ထိုလေ့လာတွေ့ရှိချက်အရ လက်ရှိမြန်မာ့လုပ်သားများသည် ဒီဂျစ်တယ်စီးပွားရေး တည်ဆောက်ရန်အတွက် ၂၁ ရာစုဆိုင်ရာ နည်းပညာကျွမ်းကျင်မှုတွေ မရှိသေးတာကို လေ့လာတွေရှိခဲ့ရပါသည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းရေးတွင် နိုင်ငံသားများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုအဆင့်မြင့်တင်ရန် လိုအပ်ချက်များနှင့် နည်းလမ်းများကို နယ်ပယ် ၆ခုနှင့်ဖော်ပြထားသည့် အကြံပေးလမ်းပြမြေပုံကို တယ်လီနောမြန်မာက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထုတ် Realizing Digital Myanmar အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ (https://bit.ly/2zbZJ4D) ပိုမိုမြင့်မားသောနည်းပညာကျွမ်းကျင်မှု ရယူရာဖို့ရန် ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ပြီး အနာဂတ် အလုပ်အကိုင်အခွင့်အလန်းအတွက်ပြင်ဆင်ပေးခြင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် တယ်လီနောဒစ်ဂျစ်တယ်နည်းပညာအခမဲ့သင်တန်း စီမံကိန်းကို ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့ပါသည်။

တယ်လီနော၏ဒီဂျစ်တယ်နည်းပညာသင်တန်းသည် ပညာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီလမ်းညွှန်မှု၊ တယ်လီနောမြန်မာ၏ဦးဆောင်မှုနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KMD Institute၊ Irrawaddy Green Towers company (IGT) နဲ့ Myanmar ICT for Development Organization (MIDO) တို့ ပူးပေါင်းပါ၀င်မှုများဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ တစ်နှစ်တာကာလအတွင်း ကျောင်းသား/ကျောင်းသူပေါင်း၁၀၀,၀၀၀ခန့်ကို အခြေခံဒစ်ဂျစ်တယ်နည်းပညာ အခမဲ့သင်တန်းပေးရန်ရည်ရွယ်ထားပါသည်။

တနည်းအားဖြင့်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များအနက်နံပါတ်(၁၀) ဖြစ်သော ‘နိုင်ငံတွင်းနှင့်နိုင်ငံများကြားမညီမျှမှုများ လျော့နည်းသွားစေရေး’ပန်းတိုင်ကို ရောက်ရှိရေးတွင့် အထူးသဖြင့် ပညာရေးဘက်မှတစ်တပ်တစ်အားပါ၀င်ကူညီဖြည့်ဆည်းခြင်းဖြစ်ပါသည်။

ဤစီမံကိန်းသည် ၂၀၁၈ခုနှစ်မတ်လမှ မေလထိ (၃) လတာကာလအတွင်း ကျောင်းသား/ကျောင်းသူပေါင်း (၂၅၀၀၀)ကို အောင်မြင်စွာသင်ကြားပေးခဲ့သော တယ်လီနော ၏ နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်း ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ (ပိုမိုသိရှိလိုပါက အောက်ပါ လင့်ခ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။)

https://bit.ly/2EOmrWt

ဤအစီအစဉ်၏အဓိကရည်ရွယ်ချက်များမှာ

  • ကျောင်းသူကျောင်းသားများ နှင့် အစိုးရဝန်ထမ်းများအနေဖြင့်နိုင်ငံတစ်ဝန်းရှိမြို့နယ်အများအပြားတွင်ဖွင့်လှစ်ထားသော KMD သင်တန်းစင်တာနှင့် တယ်လီနော အလင်းအိမ်စင်တာပေါင်း ၁၇၀ခုအနက်နီးစပ်ရာတွင်စာရင်းပေးသွင်းပြီး အရည်အသွေးပြည့်မီသော သင်တန်းဆရာဆရာမများ၏လက်တွေ့သင်ခန်းစာပို့ချမှုများရယူနိုင်ရန်အတွက် ပြည့်စုံကောင်းမွန်စွာတပ်ဆင်ထားသောကွန်ပျူတာလက်တွေ့ခန်းများဖန်တီးပေးရန်။
  • ကျောင်းသား/ကျောင်းသူများ ပိုမိုမြင့်မားသောဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု ရယူရာတွင် အခြေခံအုတ်မြစ် အဖြစ် ဖြည့်ဆည်းပေးရန်။
  • အခြေခံသင်ရိုးများဖြစ်သော Basic Microsoft Word, Excel, Power Point, internet search, email and safe internet စသည့်သင်ရိုးများအနက် မိမိအားသန်ရာ ရွေးချယ်သင်ယူနိုင်စေရန်။

- နိုဝင်ဘာလ ၁ ရက် ၂၀၁၈
ပြီး - အောက်တိုဘာလ ၃၁ ရက် ၂၀၁၉
သင်တန်းတည်နေရာများ - သင်တန်းစာရင်းများကြည့်ရန် ဤနေရာ ကိုနှိပ်ပါ။

  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
My Account
Live Chat
Share Share