၂၀၁၉ ခုနှစ် တယ်လီနော အလုပ်သင်အစီအစဉ်

တယ်လီနောမြန်မာသည် လက်ရှိတွင် ဝန်ထမ်းပေါင်း ၈၀၀ ကျော်ကို ခန့်အပ်ထားပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်ပေါင်း ၂၂၀ ကျော်နှင့်လည်း လက်တွဲဆောင်ရွက်လျက်ရှိသည်။ စဉ်ဆက်မပြတ်လေ့လာခြင်း၊ အတူတကွဖန်တီးခြင်း၊ ကတိတည်ခြင်းနှင့် လေးစားမှုရှိခြင်းစသည့် အမူအကျင့်စံနှုန်းလေးချက်သည် တယ်လီနော၏ ဝန်ထမ်းများအားလုံးကို ပေါင်းကူးပေးလျက်ရှိသည်။

 

တယ်လီနောမြန်မာအလုပ်သင်အစီအစဉ်တွင် ကုမ္ပဏီမှအတွေ့အကြုံရှိ ပညာရှင်များက ကျောင်းသူကျောင်းသားများကို အနီးကပ်ကြီးကြပ်ညွှန်ကြားကာ လုပ်ငန်းခွင်အတွေ့အကြုံများကို မျှဝေပေးသွားမည်ဖြစ်သည်။ယခုအလုပ်သင်အစီအစဉ်သည် အလုပ်အတွေ့အကြုံများသာမက ကျောင်းသူကျောင်းသားများ ကော်ပိုရိတ်လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အဆင်သင့်ဖြစ်နေစေရန် အပြုသဘောဆောင်သော အကြုံပြုချက်များလည်း ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ရွေးချယ်ခံရသည့် အလုပ်သင်ကျောင်းသားကျောင်းသူများသည် ဘေးအန္တရာယ်ကင်းပြီး လျင်မြန်စွာ တိုးတက်နေ သော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ခွင့်ရမည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။

အလုပ်သင်အစီအစဉ်ကို သတင်းအချက်အလက်နှင့် နည်းပညာ၊ ကွန်ပျူတာသိပ္ပံ၊ ကွန်ပြူတာနည်းပညာ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာစသည့် ဘာသာရပ်များကို အဓိကပြုထားသည့် နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်သည်။အလျင်အမြန်ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ငန်းအတွေ့အကြုံရယူလိုသည့် မြန်မာလူငယ်များအနေဖြင့် တယ်လီနောမြန်မာ၏ အလုပ်သင်အစီအစဉ်ကို ဩဂုတ်လ ၂၆ ရက်မှ ၃၀ ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

လူရွေးချယ်ခြင်းကို စက်တင်ဘာလတွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကိုသာ လူတွေ့မေးမြန်းရန်အတွက် ဆက်သွယ်သွားမည်ဖြစ်သည်။ အလုပ်သင်အစီအစဉ်သည် အောက်တိုဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၇ ရက်အထိ ၂ လ ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ တယ်လီနောရုံးများတွင် ခန့်ထားသွား မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် အလုပ်သင်အစီအစဉ်အတွက် စိတ်ပါဝင်စားသောကျောင်းသားကျောင်းသူများအနေဖြင့် လျှောက်လွှာများကို တယ်လီနော၏ ဝက်ဘ်ဆိုက်မှဒေါင်းလုတ်ရယူကာ ပြည့်စုံစွာဖြည့်စွက်ပြီး internship@telenor.com.mmသို့ ပေးပို့ လျှောက်ထားနိုင်သည်။



Download Here!
Internship Application Form_Telenor Myanmar(excel)

Internship Application Form_Telenor Myanmar(pdf)
 

မီဒီယာများ ဆက်သွယ်နိုင်ရန် (တယ်လီနောမြန်မာ)

နုယဉ်မြင့်
Khinnuyin.myint@telenor.com.mm

ကေသီလှိုင်
internship@telenor.com.mm

My Account
Live Chat
Share Share