telenor_myanmar_simregistration
telenor_myanmar_simregistration

သက်သေခံကတ်ပြားဖြင့် တယ်လီနောဆင်းကတ်ကို မှတ်ပုံတင်လိုက်ပါ။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆင်းကတ်အားလုံးကို မှတ်ပုံတင်ရန်လိုအပ်သည်ဟု ညွှန်ကြားထားသည်။
လူကြီးမင်း၏ သက်သေခံကတ်ပြားဖြင့် ဆင်းကတ် ၂ကတ်အထိသာ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
တယ်လီနောအနေဖြင့် သုံးစွဲသူများအား ၎င်းတို့၏ ဆင်းကတ်များကို အွန်လိုင်းတွင်ဖြစ်စေ၊ တယ်လီနောအရောင်းဆိုင်တွင်ဖြစ်စေ ပြန်လည်မှတ်ပုံတင်ရန် တိုက်တွန်းအပ်ပါသည်။ မှတ်ပုံတင်ခြင်းအောင်မြင်ပါက ဒေတာ ၅ဂစ်အထိ သို့မဟုတ် မိုဘိုင်းဖုန်းဘေလ် (၁၀၀၀)ကျပ်အထိ အခမဲ့ရရှိနိုင်မည်ဖြစ်သည်။ ၎င်းအပိုဆုကို မိမိအသုံးပြုသော ဆင်းကတ်ကို ပြန်လည်မှတ်ပုံတင်ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုပြောင်းလဲခြင်းအတွက် တစ်ကြိမ်သာ အကျုံး၀င်ပါသည်။
လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉အခြေအနေကြောင့် သုံးစွဲသူများလွယ်ကူအဆင်ပြေစေရန် အွန်လိုင်းနည်းလမ်းများဖြစ်သည့် တယ်လီနော ဝက်ဆိုက် သို့မဟုတ် MyTelenor အက်ပလီကေးရှင်း မှတဆင့် မိမိတို့ ဆင်းကတ်ကို မှတ်ပုံတင်ကြရန် တယ်လီနောအနေဖြင့် တိုက်တွန်းအပ်ပါသည်။ (အောက်တွင်အပြည့်အစုံဖော်ပြထားသည်။)
အကယ်၍အကူအညီလိုအပ်ပါက တယ်လီနော Call Center များထံဖုန်းဖြင့်ဖြစ်စေ၊ စာတိုပေးပို့၍ဖြစ်စေ၊ သို့မဟုတ် နီးစပ်ရာ တယ်လီနောအရောင်းဆိုင်များသို့ သွားရောက်၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သို့ဖြစ်ပါ၍ တစ်ဦးနှင့် တစ်ဦး ခမ်းလှမ်းလှမ်းမှနေရန်၊ မိမိအပါအ၀င်တခြားသူကိုပါ ကာကွယ်ရန် နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့်အတိုင်း လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လက်ရှိဆင်းကတ်အမည်ပေါက်စစ်ဆေးရန်

ဆင်းကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ ဒါမှမဟုတ် ဆင်းကတ်အမည်ပေါက်မှန်မမှန်ကို *979*3*3# ကိုခေါ်ဆိုပြီးဖြစ်ဖြစ် ဒါမှမဟုတ် "REG" လို့ရိုက်ပြီး "500" ကို SMS ပို့ပြီးဖြစ်ဖြစ် အခုပဲ စစ်ဆေးလိုက်ပါ။

ဆင်းကတ်မှတ်ပုံတင်ရန် လိုအပ်သည့်အချက်များ

မှတ်ပုံတင်ရန် လိုအပ်ချက်များ

  • သင်၏ဆင်းကတ် နှင့် လက်ကိုင်ဖုန်း
  • သုံးစွဲသူ၏ သက်သေခံကတ်ပြား (ဥပမာ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်)
  • မည်သည့်နည်းဖြင့်မဆို ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ တစ်စုံတစ်ရာမှ ပေးဆောင်ရန် မလိုပါ။

ဆင်းကတ်မှတ်ပုံတင်ရန်သင့်ထံမှ အောက်ပါအချက်အလက်များကို မေးမြန်းသွားမည်ဖြစ်သည်။

  • အမည်
  • သက်သေခံကတ်ပြား မိတ္တူ + မူရင်း (နိုင်ငံသားစိစစ်ရေးကတ်ပြား/ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်)

နိုင်ငံသားစိစစ်ရေးကတ်ပြား/ နိုင်ငံကူးလက်မှတ်တစ်ခုဖြင့် ဆင်းကတ် ၂ခုအထိသာ မှတ်ပုံတင်နိုင်မည်။

ကိုယ်တိုင်မှတ်ပုံတင်ခြင်း သို့မဟုတ် အွန်လိုင်းမှတဆင့် ဆက်သွယ်ခြင်း

လူကြီးမင်းတို့၏ဆင်းကတ်ကို အွန်လိုင်းတွင် ပြန်လည်မှတ်ပုံတင်လျှင် လိုအပ်သည့် အချက်အလက်များကို ကိုယ်တိုင်ဖြည့်စွက်ရမည်ဖြစ်ပြီး၊ အကူအညီရယူပါက customer care ဝန်ထမ်းမှ ကူညီပေးသွားမည်ဖြစ်သည်။
အောက်ပါလမ်းကြောင်းများမှတဆင့် အခမဲ့ မှတ်ပုံတင်နိုင်မည်။

  1. တယ်လီနောဝက်ဆိုက်မှ တဆင့် ကိုယ်တိုင်မှတ်ပုံတင်ခြင်း
    လက်ရှိ ဆင်းကတ်အား မှတ်ပုံတင်ခြင်း၊ အချက်အလက်များထပ်မံဖြည့်စွက်ခြင်း၊ ပိုင်ရှင်အမည်ပြောင်းခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်။
  2. MyTelenor App မှ တဆင့် ကိုယ်တိုင် မှတ်ပုံတင်ခြင်း
    Android သို့မဟုတ် iOS ဖုန်းပေါ်တွင် MyTelenor app ဒေါင်းလုတ်လုပ်၍ မှတ်ပုံတင်နိုင်သည်။
  3. ဖေ့စ်ဘုတ်မှတဆင့် မှတ်ပုံတင်ခြင်း
    ဖေ့စ်ဘုတ်မှတဆင့် တယ်လီနော၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာသို့ သွားရောက်၍ မှတ်ပုံတင်နိုင်ပါသည်။ /li>
  4. Viber မှ တဆင့် မှတ်ပုံတင်ခြင်း
    တရားဝင် တယ်လီနော Viber အကောင့်မှ အရောင်းကိုယ်စားလှယ် တစ်ဦးဦးအား ဆက်သွယ်၍မှတ်ပုံတင်နိုင်သည်။
  5. အီးမေးလ်မှတဆင့် မှတ်ပုံတင်ခြင်း
    reg@telenor.com.mm သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် မှတ်ပုံတင်နိုင်ပါသည်။

နီးစပ်ရာ တယ်လီနော အရောင်းဆိုင်တွင် မှတ်ပုံတင်ခြင်း

နီးစပ်ရာ တယ်လီနောအရောင်းဆိုင်များသို့ သွားရောက်၍လည်း မိမိဆင်းကတ်ကို မှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပါသည်။ မှတ်ပုံတင်ယူဆောင်သွားရန် မမေ့ပါနှင့်။

ဆင်းကတ်အပိုဆုအတွက် စည်းမျဉ်းစည်းကမ်းများ

• နိုင်ငံသားစိစစ်ရေးကတ် (နိုင်ငံခြားသားများအတွက် ပတ်စပို့) တစ်ခု ကို အော်ပရေတာတစ်ခုအတွက် ဆင်းကတ် ၂ ကတ်အထိ မှတ်ပုံတင်နိုင်ပါသည်။
• အပိုဆုကို ဆင်းကတ်အောင်မြင်စွာပြန်လည်မှတ်ပုံတင်ခြင်း (သို့) အမည်ပြောင်းခြင်းတို့အတွက် ရရှိမှာဖြစ်ပါသည်။
• အပိုဆုရရှိခြင်းများကို မှတ်ပုံတင်ခြင်း အောင်မြင်ပါကလက်ခံရရှိမှာဖြစ်ပါသည်။
• ဆင်းကတ်တစ်ခုအတွက် တစ်ကြိမ်သာအပိုဆုရရှိမှာဖြစ်ပါသည်။
• ရရှိသော ဒေတာအပိုဆုမှာ ကြိုက်ရာအင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါသည်။
• ရရှိသောဖုန်းဘ်လ်အပိုဆုကို တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ တယ်လီနောအချင်းချင်း စာတို(SMS)ပို့ခြင်း နှင့် ကြိုက်ရာအင်တာနက်အသုံးပြုခြင်းကို သုံးသလောက်ပေးနှုန်းထားဖြင့် အသုံးပြုနိုင်မှာဖြစ်ပါသည်။
• အပိုဆုများရဲ့ သက်တမ်းကတော့ ၇ ရက်ဖြစ်ပါသည်။

ဆင်းကတ် အမည်ပေါက်မှတ်ပုံတင်ခြင်းအဆင့်ဆင့်

MyTelenor App ကနေ ဆင်းကတ် အမည်ပေါက်မှတ်ပုံတင်ခြင်းအဆင့်ဆင့်ကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

တယ်လီနော၀က်ဘ်ဆိုက် ကနေ ဆင်းကတ် အမည်ပေါက်မှတ်ပုံတင်ခြင်းအဆင့်ဆင့်ကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

ဆင်းကတ် အမည်ပေါက်မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး အကူအညီတောင်းဖို့ နဲ့ စုံစမ်းမေးမြန်းနိုင်ဖို့ အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

အမေးများသောမေးခွန်းများ
ဘာကြောင့် ဆင်းကတ်မှတ်ပုံတင်ဖို့လိုအပ်တာလဲ?

ဆင်းကတ်များကိုမြန်မာနိုင်ငံအစိုးရ၏ သတ်မှတ်ချက်အရမှတ်ပုံတင်ရန်လိုအပ်ပါသည်။ သုံးစွဲသူများတစ် ဦး ချင်းမှတ်ပုံတင်ထားသောဆင်းကတ်အရေအတွက်ကို (၂) ကတ်အထိ ကန့်သတ်ရန် မိုဘိုင်းအော်ပရေတာများကို ဆက်သွယ်ရေးညွှန်ကြားမူဦးစီးဌာနမှညွှန်ကြားထားသည်။ သင်၏နိုင်ငံသားစိစစ်ရေးကတ် ဖြင့်တယ်လီနောဆင်းကတ်နှစ်ခုသာသင်မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

သင့်ဆင်းကတ် မှတ်ပုံတင်ထားသလား (သို့) မည်သူ့နာမည်နှင့်မှတ်ပုံတင်ထားသလဲ ကိုဘယ်လိုစစ်ဆေးနိုင်လဲ?

သင်၏မှတ်ပုံတင်ခြင်းအခြေအနေကိုစစ်ဆေးလိုပါကနံပါတ် ၅၀၀ သို့“ REG” ကိုပေးပို့ပါ သို့မဟုတ် * 979 * 3 * 3 # ကိုခေါ်၍စစ်ဆေးနိုင်ပါတယ်။ အကယ်၍ ဆင်းကတ်မှတ်ပုံတင်ပြီးသားဖြစ်ပါက မှတ်ပုံတင်ထားသောသူ၏ မှတ်ပုံတင်အမှတ်ကိုတွေ့လိမ့်မည်။ သင်မှတ်ပုံတင်ခြင်းကိုပြောင်းလဲရန်လိုအပ်ပါက ကျေးဇူးပြု၍ အထက်တွင်ဖော်ပြထားသော နည်းလမ်းများထဲမှတစ်ခုကိုသုံးပါ။ ဆင်းကတ်အားလုံးသည်လက်ရှိ ဆင်းကတ်ကိုင်ဆောင်သူတိုင်းအနေဖြင့်မှတ်ပုံတင်ထားခြင်းမရှိပါ။ ယင်းသည် ၂၀၁၄ ခုနှစ်တွင်တယ်လီနော၏ ၀န်ဆောင်မှုကို စတင်ကတည်းက နှစ်များတစ်လျှောက်ကွဲပြားခြားနားသော အလေ့အကျင့်များနှင့်စည်းမျဉ်းများကြောင့်ဖြစ်သည်။

ဆင်းကတ်မှတ်ပုံမတင်ရင်ဘာဖြစ်မလဲ?

သင်၏ ဆင်းကတ်ကိုမှတ်ပုံတင်မထားပါက ဆင်းကတ်များ ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နောက်တွင် ကန့်သတ် ခြင်းများ ဖြစ်နိုင်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ နောက်ပိုင်းတွင် ဆင်းကတ်ကိုပိတ်သိမ်းခြင်းခံရမည်ဖြစ်သည်။ ၀န်ဆောင်မှုများပြတ်တောက်ခြင်းမရှိစေရန် အထက်တွင်ဖော်ပြထားသော ဆင်းကတ် မှတ်ပုံတင်ခြင်းနည်းလမ်းကိုအသုံးပြုပါ။

မှတ်ပုံတင်တာပိုက်ဆံပေးရလား?

ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။ သင်၏ ဆင်းကတ်ကို သင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဖြင့်အောင်မြင်စွာမှတ်ပုံတင်လျှင်အခမဲ့ဒေတာ နှင့် ဖုန်းဘေလ်ကိုရယူနိုင်သည်။

ဘယ်လိုမှတ်ပုံတင်ရမလဲ။ ဘယ်နည်းလမ်းတွေရှိလဲ။

COVID-19 အခြေအနေနှင့် ပတ်သက်၍ သင်၏ ဆင်းကတ်ကိုမှတ်ပုံတင်ရန် ယခုဝက်ဘ်ဆိုက်သို့မဟုတ် MyTelenor အပ်ပလီကေးရှင်းကဲ့သို့သောအွန်လိုင်း channels များကိုအသုံးပြုရန်အကြံပြုလိုပါသည်။ အကယ်၍ တယ်လီနောဆိုင်သို့သွားရန် (သို့မဟုတ်)ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များထံမှအကူ အညီတောင်းရန်လိုအပ်ပါက၊ အခြားသူများနှင့်ဝေးကွာသောအကွာအဝေးတွင် နေပြီး မိမိကိုယ်ကိုကာကွယ်ပါ။ အောက်ပါနည်းလမ်းများဖြင့် မှတ်ပုံတင်နိုင်သည်။

• တယ်လီနောမြန်မာဝက်ဘ်ဆိုက် - http://ecaf.telenor.com.mm
• MyTelenor App Android နှင့် iOS ကို http://bit.ly/mytelenormm မှ download ပြုလုပ်ပြီးမှတ်ပုံတင်ပါ။
• Facebook Messenger မှတဆင့်မှတ်ပုံတင်ပါ။ https://www.facebook.com/TelenorMyanmar
• Telenor Viber မှတဆင့်မှတ်ပုံတင်ပါ။ https://chats.viber.com/TelenorMyanmar
reg@telenor.com.mmသို့အီးမေးလ်ပို့ပါ။
• သင်၏အနီးဆုံး Telenor အမှတ်တံဆိပ်ဆိုင်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ မတူညီသောနေရာ‌ပေါင်း ၂၀၀ ကျော်များတွင်ကြည့်ရှုပါ။

မှတ်ပုံတင်ဖို့ ဘာတွေလိုအပ်လဲ။

အွန်လိုင်းတွင်ဖြစ်စေ၊ ဆိုင်တွင်ဖြစ်စေမှတ်ပုံတင်သည့်အခါ အောက်ပါတို့ကိုလိုအပ်မည်။

• သင်၏ ဆင်းကတ်(နှင့်သင်၏လက်ကိုင်ဖုန်း)
• သင်၏ နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်)နိုင်ငံကူးလက်မှတ်(နိုင်ငံခြားသားများအတွက်)

အောင်မြင်သောမှတ်ပုံတင်ခြင်းတွင်သင်၏အမည်အပြည့်အစုံ၊ သင်၏မှတ်ပုံတင်နံပါတ်နှင့်သင်၏မှတ်ပုံတင်ကတ်၏ရှေ့နှင့်နောက်ဖက်ရှိဓာတ်ပုံများပါ၀င်မည်ဖြစ်သည်။

ဆင်းကတ်မှတ်ပုံတင်ခြင်းအပိုဆုကို ဘယ်လိုရရှိနိင်ပါသလဲ?

ကိုယ့်ဆင်းကတ်ကို ကိုယ်ပိုင်အမည်ပေါက်အဖြစ်အောင်မြင်စွာ ပြန်လည်မှတ်ပုံတင်ခြင်း (သို့) အမည်ပြောင်းလဲပြင်ဆင်ခြင်းအတွက်ရရှိမှာ ဖြစ်ပါသည်။ ဆင်းကတ်တစ်ခုကို အပိုဆုတစ်ကြိမ်သာရရှိမှာ ဖြစ်ပါသည်။

ဆင်းကတ် မှတ်ပုံတင်ခြင်း လက်ကီး အပိုဆုရရှိကြောင်း ဘယ်လိုသိရှိနိုင်မလဲ?

ဆင်းကတ် ပြန်လည်လျှောက်ထားခြင်း(သို့မဟုတ်) ပိုင်ဆိုင်မှုအမည်ပြောင်းလဲမှုအောင်မြင် ပြီးသည့်အခါ အပိုဆုကိုရရှိမည်ဖြစ်သည်။ ပြန်လည်မှတ်ပုံတင်ခြင်းမအောင်မြင်ပါကအပိုဆုထပ်မံပေးနိုင်မည်မဟုတ်ပါ။

အပိုဆုကို ဘယ်နှရက်အတွင်း အသုံးပြုနိုင်မလဲ?

အပိုဆုများရဲ့ သက်တမ်းမှာ ၇ ရက်ဖြစ်ပါသည်။ လက်ကျန်စစ်ရန် *124*1 ကို ကျေးဇူးပြု၍ဖုန်းခေါ်ဆိုပါ။

အပိုဆုဒေတာ နှင့် ဖုန်းဘေလ် နှစ်ခုစလုံးရရှိနိုင်ပါသလား?

မရရှိနိုင်ပါ။ ဒေတာအပိုဆု (5GB အထိ) သို့မဟုတ် ဖုန်းဘေလ်အပိုဆု ၁၀၀၀ ကျပ် အထိ တစ်ခုသာရရှိမည်ဖြစ်သည်။ သင်၏ပြန်လည်မှတ်ပုံတင်ခြင်းအောင်မြင်ပြီးသည်နှင့်အပိုဆု (Bonus) ကိုရရှိမည်။

ရရှိသော အပိုဆုကျပ်ငွေကို မည်သည့် ဝန်ဆောင်မှုများ သုံးစွဲနိုင်ပါသလဲ?

ရရှိသော အပိုဆု ဖုန်းဘေလ် ကို တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းနှင့် ဒေတာအသုံးပြုခြင်းများအတွက် သုံးသလောက်ပေးနှုန်းထားနှင့် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

ဆိုင်မှာ မှတ်ပုံတင်လျှင် အပိုဆုရရှိနိုင်ပါသလား?

ဟုတ်ပါတယ်၊ အောင်မြင်စွာမှတ်ပုံတင်ထားခြင်းမရှိသေးသော ဆင်းများကိုပြန်လည်မှတ်ပုံတင်ခြင်း (သို့) ပိုင်ဆိုင်မှုပြောင်းလဲခြင်းရရှိနိုင်သည်ဖြစ်ပြီး တယ်လီနော၏ မှတ်ပုံတင်နိုင်သည့်လမ်းကြောင်းများမှဆက်သွယ်နိုင်သည်။

ဆင်းကတ် အသစ်ဝယ်ပြီး ပထမဆုံးအကြိမ် မှတ်ပုံတင်အောင်မြင်ပါက အပိုဆုရရှိနိုင်ပါသလား?

ကိုယ့်ဆင်းကတ်ကို မူလပထမ အောင်မြင်စွာ မှတ်ပုံတင်ထားခြင်း မရှိခြင်း (သို့) အမည်ပြောင်းလဲပြင်းဆင် ခြင်းများအတွက်သာ အပိုဆုရရှိမှာ ဖြစ်ပါသည်။

ကိုယ်တိုင် အွန်လိုင်းမှဆင်းကတ် မှတ်ပုံတင်ရန် တခြားအချက်အလက်လိုအပ်ပါသလား?

သင်၏ဆင်း ကိုကိုယ်တိုင်မှတ်ပုံတင်သည့်နည်းလမ်းဖြစ်သည့် http://ecaf.telenor.com.mm (သို့) MyTelenor App ထဲမှတဆင့် မှတ်ပုံတင်ရန် ConnectID (တယ်လီနော ၏ ကိုယ်ပိုင်ခွင့်ပြုချက် ဝန်ဆောင်မူ)သို့ဝင်ရောက် အသုံးပြုရန်လိုအပ်ပါသည်။ Log in ဝင်သည့် အခါ သင်၏ ဆင်းကတ် သို့ နံပါတ် ၄ လုံးပါသောကုဒ်တစ်ခုကိုရရှိမည်ဖြစ်သည်။ ဒီကုဒ်ကိုသုံးပြီး မိမိအသုံးပြုမည့် website (သို့) App (system) ထဲသို့၀င်ရောက်၍ ဆက်လက် မှတ်ပုံတင်ရမည်ဖြစ်သည်။

My Account
Live Chat
Share Share