telenor_myanmar_safe_internet
telenor_myanmar_safe_internet

ကမ္ဘာတစ်ဝှမ်းတွင် အင်တာနက်သည် နေ့စဉ်လူနေမှုဘဝ၏ ရှုထောင့်များစွာကို ပြောင်းလဲစေပြီး ဖြစ်ပါသည်။ အခြားနိုင်ငံများသည် ဤပြောင်းလဲမှုကို ဆယ်စုနှစ်အချို့ကြာတွေ့ကြုံပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် အင်တာနက်နှင့်တကွ ၄င်းယူဆောင်လာမည့် အခွင့်အရေးနှင့် ဘေးအန္တရာယ်များအား မသိရှိမကျွမ်းဝင်ကြသေးပါ။ ၂၀၁၆ ခုနှစ် တယ်လီနောမြန်မာမှ ကောက်ယူခဲ့ သော စစ်တမ်းကို လူပေါင်း (၁၂၀၀၀) ကျော်ဖြေဆိုခဲ့ပြီး ဖြေဆိုသူလူကြီးများရဲ့ ၂၅% ကဒစ်ဂျစ်တယ် အနိုင်ကျင့်ခံရမှု ပြဿနာက သူတို့နေ့စဉ်ဘဝမှာ အသင့်အတင့်ကနေ ပြင်းထန်တဲ့အခြေအနေ ရှိကြောင်း ဖြေဆိုကြပါသည်။ Channel News Asia ကသတင်းက လူမှုမီဒီယာကနေတဆင့် ဒစ်ဂျစ်တယ် အနိုင်ကျင့်ခြင်း မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီးဖော်ပြခဲ့ပြီး ၄င်းသတင်းတွင် တယ်လီနောမြန်မာရဲ့ စစ်တမ်းအကြောင်းနဲ ဒစ်ဂျစ်တယ်လုံခြုံရေးအကြောင်း ပညာပေး ခြင်းအားဖြင့် လူတွေကို ဒစ်ဂျစ်တယ်နည်းပညာတွင်ကျင်လည်မှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း တို့ပါဝင်သည်။

https://bit.ly/2J4Fs6a

တယ်လီနောမြန်မာသည် ဘေးကင်းပြီး တာဝန်သိသောနည်းလမ်းများဖြင့် “အားလုံးအတွက် အင်တာနက်” ကိုဆောင်ယူလာနိုင်မည်ဟု ယုံကြည်ပါသည်။ ဤအစီအစဉ်တွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်ကိုက်ညီစွာ ချမှတ်ထားသော ရည်မှန်းချက်များမှာ

  • လူမှုရေးနှင့်စီးပွားရေး ရည်ရွယ်ချက်များအတွက် အင်တာနက်၏ လုပ်ဆောင်နိုင်စွမ်းကို ချပြရန်။
  • သုံးစွဲသူများ၊အထူးသဖြင့် ထိခိုက်လွယ်သောသူများအား လုံခြုံ၍တာဝန်သိသောနည်းဖြင့် အင်တာနက်သုံးစွဲခြင်းအကြောင်း ပညာပေးရန်။
  • မိဘများအားသူတို့၏ကလေးများနှင့် အင်တာနက်အကြောင်းဆွေးနွေးရန် နည်းလမ်းကိရိယာများ ထောက်ပံ့ရန်။
  • အလင်းအိမ်အစီအစဉ်နှင့် အခြားပူးပေါင်းဆောင်ရွက်သူများနှင့် လိုအပ်ချက်များအရ ပူးပေါင်းလုပ်ဆောင်သွားရန်။

အစီအစဉ်၏ လုပ်ဆောင်ချက်များမှာ

  • မြန်မာနိုင်ငံတစ်ဝှမ်း အွန်လိုင်းလုံခြုံစွာအသုံးချတတ်စေရန် စာသင်ကျောင်းများတွင် တယ်လီနောမြန်မာ စေတနာ့ဝန်ထမ်းများနှင့်တယ်လီနောအလင်းအိမ်စင်တာများမှ (https://bit.ly/2KBmvuK) ကျောင်းဟောပြောပွဲကျင်းပခြင်းနှင့် တယ်လီနော ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများမှ (https://bit.ly/2Y8K94V)တဆင့် သင်ကြားပေးခြင်း။
  • မိဘလမ်းညွှန်စာအုပ်များကို အွန်လိုင်းနှင့် ပြင်ပနည်းလမ်းများမှတဆင့် ဖြန့်ချီပေးခြင်း။
  • ပညာပေး animation ဗီဒီယိုကို အွန်လိုင်းပေါ်မှ တစ်နိုင်ငံလုံးသို့ဖြန့်ချီပေးခြင်း။

တယ်လီနောမြန်မာ လုံခြုံစိတ်ချရသည့် အင်တာနက် အစီအစဉ်တွင် ပါဝင်သည့် အကြောင်းအရာ များမှာ

  • ကိုယ်ပိုင်အချက်အလက်ခိုးယူခံရခြင်း
  • အွန်လိုင်းပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခြင်း
  • အွန်လိုင်းပေါ်လိမ်လည်ရင်းနှီးမှုရယူခြင်း
  • အမုန်းစကား
  • ညစ်ညမ်းစာနှင့် ပုံများပေးပို့ခြင်း
  • သတင်းတု
  • ပို့စ်မတင်ခင်စဉ်းစားပါ

ကြာချိန်

လုပ်ဆောင်ဆဲ

Links

Parental Guide – http://bit.ly/TelenorSafeInternet

Animated Video - https://bit.ly/2P7GB2F

  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
My Account
Live Chat
Share Share