telenor_myanmar_sim_ownership
telenor_myanmar_sim_ownership

ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်စစ်ဆေးခြင်း

ဆင်းကတ်မှတ်ပုံတင်ခြင်း

တယ်လီနော အသုံးပြုသူများ ဆင်းကတ်မှတ်ပုံရန်အတွက် လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ အွန်လိုင်းမှတဆင့် ဖြစ်စေ စုစုပေါင်း နေရာ (၆)နေရာမှတဆင့် စာရင်းသွင်းခြင်းပြုလုပ်နိုင်ပါသည်။ လူကြီးမင်းတို့၏ ဆင်းကတ်ကို မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် (သို့) ကျောင်းသားကတ် (သို့) ပတ်စပို့ (နိုင်ငံခြားသားများ အတွက်သာလျှင်) ဖြင့် လျှောက်ထားနိုင်ပါသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ တစုံတရာမှ ပေးဆောင်ရန် မလိုအပ်ပါ။

 

အွန်လိုင်းမှတဆင့် ဆင်းကတ်မှတ်ပုံတင်ခြင်း

လူကြီးမင်းတို့၏ တယ်လီနောဆင်းကတ်များကို အွန်လိုင်းမှတဆင့် အခမဲ့မှတ်ပုံတင် စာရင်း ပေးသွင်းနိုင် ပါသည်။

၁။ ၀က်ဘ်ဆိုက်မှတဆင့် မှတ်ပုံတင်ခြင်း
အောက်ပါလင့်ခ်ကို နှိပ်ပြီး ဝက်ဘ်ဆိုက်မှတဆင့် မှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပါသည်။
https://ecaf.telenor.com.mm

၂။ MyTelenor App မှ တဆင့် မှတ်ပုံတင်ခြင်း
အောက်ပါလင့်ခ်ကို နှိပ်ပြီး My Telenor Application မှတဆင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်ပါသည်။
http://bit.ly/mytelenormm

၃။ ဖေ့စ်ဘုတ်မှတဆင့် မှတ်ပုံတင်ခြင်း
ဖေ့စ်ဘုတ်မှတဆင့် မှတ်ပုံတင်ရန် အောက်ပါလင့်ခ်ပါ တယ်လီနော၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာသို့ သွားရောက်၍ မှတ်ပုံတင်နိုင်ပါသည်။
https:/ /www.facebook.com/TelenorMyanmar/

၄။ Viber မှ တဆင့် မှတ်ပုံတင်ခြင်း

Viber မှတဆင့် မှတ်ပုံတင်ရန် အောက်ပါလင့်ခ်ပါ တယ်လီနော၏ တရားဝင် Viber လင့်ခ်သို့ သွားရောက်၍ မှတ်ပုံတင်နိုင်ပါသည်။
https://chats.viber.com/TelenorMyanmar

၅။ အီးမေးလ်မှတဆင့် မှတ်ပုံတင်ခြင်း
reg@telenor.com.mm သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် မှတ်ပုံတင်နိုင်ပါသည်။

၆။ လူကိုယ်တိုင်သွားရောက်၍ စာရင်းပေးသွင်းခြင်း
တယ်လီနောအရောင်းဆိုင်များသို့ သွားရောက်၍ မိမိဆင်းကတ်ကို မှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပါသည်။ မြန်မာနိုင်ငံအဓိကမြို့ကြီးများတွင် တယ်လီနောအရောင်းဆိုင်ခွဲပေါင်း ၉၀ကျော်ရှိပါသည်။ မှတ်ပုံတင်ယူဆောင်သွားရန် မမေ့ပါနှင့်။

အမည်ပေါက်စစ်ဆေးခြင်း

အွန်လိုင်းမှတဆင့် ဆင်းကတ်အမည်ပေါက်စစ်ဆေးရန်အတွက် အောက်ပါ လင့်များမှ စစ်ဆေးနိုင်ပါသည်။

Self Registration Portal >

Self Care Portal >

အမေးများသောမေးခွန်းများ
ဘာကြောင့် ဆင်းကတ်မှတ်ပုံတင်ဖို့လိုအပ်တာလဲ?

နိုင်ငံတော်အစိုးရ၏ သက်မှတ်ချက်အရ ဆင်းကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

သင့်ဆင်းကတ် မှတ်ပုံတင်ထားသလား (သို့) မည်သူ့နာမည်နှင့်မှတ်ပုံတင်ထားသလဲ ကိုဘယ်လိုစစ်ဆေးနိုင်လဲ?

ဆင်းကတ်မှတ်ပုံတင်ခြင်းအခြေနေအား စစ်ဆေးလိုပါက ဖုန်းနံပါတ် ၅၀၀ သို့ REG လို့ရိုက်နှိပ်ပေးပိုရမှာဖြစ်ပြီး USSD ကုဒ်ဖြင့် စစ်ဆေးလိုပါက *979*3*3# ကိုရိုက်နှိပ်၍ ဖုန်းခေါ်ပြီး စစ်ဆေးနိုင်ပါတယ်။ အကယ်၍ ဆင်းကတ်မှတ်ပုံတင်ပီးသားဖြစ်ပါက မှတ်ပုံတင်ထားသောသူ၏ မှတ်ပုံတင်အမှတ် ( သို့ ) ယာဉ်မောင်းလိုင်စင်အမှတ် ( သို့) အခြားသက်သေခံကတ်အမှတ်၏ နောက်ဆုံးနံပါတ် ၄ လုံးကို တိုက်၍ စစ်ဆေးနိုင်ပါတယ်။

ဆင်းကတ်မှတ်ပုံမတင်ရင်ဘာဖြစ်မလဲ?

မှတ်ပုံမတင်ခဲ့ပါက တယ်လီနော ဝန်ဆောင်မှုများကို အသုံးပြု၍ မရနိုင်ပါ။

မှတ်ပုံတင်တာပိုက်ဆံပေးရလား?

ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။

​ဘယ်​လို​မှတ်​ပုံ​တင်​ရ​မ​လဲ။ ​ဘယ်​နည်း​လမ်း​တွေ​ရှိ​လဲ။

နံပါတ် (၁) ဝက်ဘ်ဆိုက်- http://ecaf.telenor.com.mm မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၂) မိုဘိုင်းလ် Application ကနေ Android ဖုန်းဖြစ်စေ Iphone ဖြစ်စေ My Telenor App ကို http://bit.ly/mytelenormm မှာ ဒေါင်းလုပ်ဒ်ရယူ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၃) Facebook Messenger – https://www.facebook.com/TelenorMyanmar မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၄) Viber link - https://chats.viber.com/TelenorMyanmar မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၅) အနေနဲ့ ကတော့ အီးမေးလ်- reg@telenor.com.mm မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၆) မြန်မာနိုင်ငံ အနှံ့ အဓိက မြို့ကြီး မြို့ငယ်တွေရှိ တယ်လီနောရဲ့ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ကျော်မှာ မှတ်ပုံတင်နိုင်ပါတယ်။

နံပါတ် (၇) မြို့နယ် ပေါင်း ၆၀ ခုရှိ အလင်း အိမ်စင်တာတွေက ပို့ချပေးနေတဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်း သင်တန်းတွေမှာလည်း မှတ်ပုံတင်နိုင်ပါတယ်။

မှတ်​ပုံ​တင်​ဖို့ ​ဘာ​တွေ​လို​အပ်​လဲ။

ဆိုင်​မှာ​သွား​၍​ဖြစ်​စေ၊ ​အွန်​လိုင်း​မှ​ဖြစ်​စေ ​မှတ်​ပုံ​တင်​ရန်​အ​တွက် ​အ​ကို/​အ​မ ​ရဲ့ ဆင်းကတ် (​ဖုန်း​ဟန်း​ဆက်​နှင့်​တ​ကွ) ​နဲ့​အ​တူ ​အ​ကို/​အ​မ ​ရဲ့ ​မှတ်​ပုံ​တင် (​သို့) ​ကား​လိုင်​စင် (​သို့) ​ရပ်/​ကျေး ​ထောက်​ခံ​စာ (​သို့) (​နိုင်​ငံ​ခြား​သား​ဆို ​ရင်​တော့) ​နိုင်​ငံ​ကူး​လက်​မှတ် ​လို​အပ် ​မှာ ​ဖြစ်​ပြီး ​အ​ခ​မဲ့ ​မှတ်​ပုံ​တင်​ခြင်း ​ပြု​လုပ်​ဆောင်​ရွက်​နိုင်​ပါ ​တယ် ​ခင်​ဗျာ/​ရှင် ။

MyTelenor app ထဲ သို့ ဘယ်လို ဝင်ရောက်ရမလဲ။

ConnectID ကို အသုံးပြု၍ MyTelenor app ထဲသို့ ဝင်ရောက်အသုံးပြုနိုင်ပါသည်။

ConnectID ကိုမည်ကဲ့သို့ စာရင်းသွင်းရမည်နည်း။

သင်လက်ရှိသုံးနေသော တယ်လီနော ဖုန်းနံပါတ်ဖြင့် စာရင်းသွင်းနိုင်ပါသည်။

ConnectID မိုဘိုင်းလ်ဖုန်း နံပါတ်တစ်ခုတည်းဖြင့် ConnectID အကောင့်ပေါင်းများစွာကို စာရင်းသွင်းနိုင်ပါသလား။

မိုဘိုင်းလ်ဖုန်း နံပါတ်တစ်ခုလျှင် ConnectID အကောင့်တစ်ခုသာ စာရင်းပေးသွင်းနိုင်ပါသည်။

ConnectID MyTelenor App ကို wifi ဖြင့် အသုံးပြုနိုင်ပါသလား။

MyTelenor App ကို wifi ဖြင့် အသုံးပြုနိုင်ပါသည်။

ConnectID wifi ကို အသုံးပြူ၍ MyTelenor ကို ဝင်ရောက်အသုံးပြုချင်လျှင် ဘာတွေ လိုအပ်မည်နည်း။

wifi ဖြင့် MyTelenor app ကို ဝင်ရောက် အသုံးပြုချင်လျှင် သင်လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်ကို ConnectID တွင် စာရင်း သွင်း၍ အသုံးပြုနိုင်ပါသည်။

ConnectID SIM card အသစ်လဲလျှင် MyTelenor အကောင့်မှ အလိုအလျောက် ထွက်သွားပါသလား။

SIM card အသစ်လဲလှယ်ပြီး MyTelenor ကို အသုံးပြုချင်လျှင် နဂို ဝင်ရောက်ထားသော ဖုန်းနံပါတ်ကို MyTelenor setting တွင် Log out ပြုလုပ်ပြီးမှ သာ လက်ရှိ ဖုန်းနံပါတ်ကို အသုံးပြု၍ ရနိုင်ပါမည်။

My Account
Live Chat
Share Share