telenor_myanmar_mba_scholarship
telenor_myanmar_mba_scholarship

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွာရေး ပြောင်းလဲမှုများနှင့်အတူ နိုင်ငံခြား ရင်းနီးမြုပ်နှံမှုများ စတင်လာပြီး၊ ရေရှည် တည်တံ့ပြီးဖွံ့ဖြိုး တိုးတက်သည့် စီးပွားရေး ဖွံ့ဖြိုးမှုအတွက်အခြေအနေ ကောင်းများ ဖြစ်လာပါသည်။ McKinsey ၏ ၂၀၁၃ အစီအရင်ခံချက်အရ မြန်မာနိုင်ငံ၏ GDP သည် ၂၀၃၀ ခှနှစ်တွင် ၄ ဆ ပိုမို တိုးတက်လာမည်ဟု မျှော်လင့် ထားပါသည်။ ထို့အပြင်  ၂၀၁၂ ခုနှစ် The International Monetary Fund (IMF) ၏ အစီအရင်ခံစာအရ မြန်မာ နိုင်ငံသည် "အာရှတိုက်ရဲ့ စီးပွားရေးနယ်မြေသစ်" ဖြစ်လာနိုင်သည်ဟု ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ သည် သဘာဝသယံဇာတ ပေါကြွယ်ဝခြင်း ၊ ရေခံမြေခံ ကောင်းမွန်ခြင်းနှင့် အလုပ်သမား ပေါကြွယ်ဝခြင်း တို့ကြောင့် ခိုင်မာသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိတဲ့ နိုင်ငံဖြစ်ပါသည်။ ထိုသို့သော အခြေအနေ များကြောင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများတွင် ကျွမ်းကျင်တတ်မြောက် သော အရည်အချင်းများ ရှိသည့်လူစွမ်းအားအရင်းအမြစ် များလိုအပ်ပါသည်။  မြန်မာနိုင်ငံ တွင် MBA သည်လည်း လေ့လာလိုက်စားမှု အများဆုံး ပညာရပ်ထဲမှ  တခုအပါအဝင်ဖြစ်ပါသည် ။ အများစုသော ကျောင်းသားများသည့် မိမိ ကိုယ်ပိုင်ဝင်ငွေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုသည့် MBAကို တတ်ရောက်ကြပါသည်။ 

 

တယ်လီနော ၏ MBA ပညာသင်ဆု အစီအစဉ်သည် နိုင်ငံရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် လူစွမ်းအား အရင်းအမြစ်ကို တိုးတက်အောင်ပြု လုပ်ပေးနိုင်ရန် အတွက် စီစဉ်ထားပါသည် ။ ဤ MBA ပညာသင်ဆု အစီအစဉ်သည် University of Business and International Studies, Switzerland နှင့် ချိတ်ဆက်ထားသော Myanmar Metropolitan College နှင့်  ပူးပေါင်းအကောင်အထည်ဖော်ပြီး အရည်အချင်းရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆက်သွယ်ရေးနှင့် ICT Management  အထူးပြုသော MBA သင်ခန်းစာများ တတ်ရောက်နိုင်ရန် တယ်လီနောမြန်မာမှ အပြည့်အဝ ပညာသင်ဆု ထောက်ပံ့ပေးမည့်ဖြစ်ပါသည်။

 

 ဤအစီအစဉ်ကို စိတ်ဝင်စားသူအားလုံး အတွက် ဖွင့်လှစ်ထားပြီး ရည်ရွယ်ချက်မှာ

  • ကျောင်းသားများ အား MBA ဘာသာရပ်များအပြင် ဆက်သွယ်ရေး လုပ်ငန်းနှင့်  မြန်မာနိုင်ငံစီးပွားရေး တို့ ဆက်စပ်ပြီး ခေတ်မှီ  လက်တွေကျသော သင်ခန်းစာ များကို တယ်လီနောမှ  ကျွမ်းကျင်ပြီးနိုင်ငံတကာလုပ်ငန်းအတွေ့အကြုံနှစ်ပေါင်းများစွာရှိသော ၀ါရင့်ပညာရှင်များက သင်ကြားပေးရန်။
  • နိုင်ငံခြားမှ ချိတ်ဆက်ထားသည် တက္ကသိုလ်မှ ပေးအပ်မည့် MBA ဘွဲ့အပြင် MBA in Strategic ICT Management certificate ထပ်မံပေးအပ်နိုင်ရန်။
  • တူညီတဲ့ စံနှူန်းများ ဖန်တီးပြီး မြန်မာ့ စီးပွားရေးလောကနှင့် ဆက်သွယ်ရေး လုပ်ငန်းအတွက် လူစွမ်းအားအရင်းအမြစ်များတိုးတက်လာစေရန် ။

 

ကြာချိန် : စတင်ချိန် - ၂၀၁၈, ပြီးဆုံးချိန် - ၂၀၂၁

 

မှီငြမ်း

ဝက်ဆိုဒ် -     http://www.yourmmc.com/

ဖေ့ဘုတ်စာမျက်နှာ - https://www.facebook.com/myanmar.metropolitan.college/

အသေးစိတ်အချက်အလက်များအားအောက်တွင် ကြည့်ပါ ။

 

 တယ်လီနော MBA ပညာသင်ဆုဆိုင်ရာ သတင်းအချက်အလက်များ 

လျှောက်ထားနိုင်သူများ 

  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • ရန်ကုန်တွင် MBA သင်တန်းတက်နိုင်သူဖြစ်ရမည်။
  • တက္ကသိုလ်တွင် အမှတ် ကောင်း ကောင်းဖြင့် ဘွဲ့ရထားသူဖြစ်ရမည်။
  • ICT/နည်းပညာ ကို အသုံးပြုပြီး  ရည်ရှည် တည်တံ့ခိုင်မြဲ သည့် ဖြေရှင်းနည်းများ ဖြင့် စီးပွားရေး နှင့် လူမှုရေးအဖွဲ့အစည်း များ တိုးတက်ရေးအတွက် စိတ်အားထက်သန်သူ ဖြစ်ရမည်။
  • လက်ရှိတယ်လီနောဝန်ထမ်းများနှင့် MMC ဝန်ထမ်းများမပါပါ ။

 

လျှောက်လွာအတွက် လိုအပ်သည့် အချက်များ

  • အွန်လိုင်းလျှောက်လွှာပြည့်စုံစွာဖြည့်ပေးရန်။
  • အွန်လိုင်းလျောက်လွှာဖြည့်ရာတွင်အောက်ပါစာရွက်စာတမ်းများတပါတည်းတွဲတင်(Upload) ရပါမည်။ scan ဆွဲ ပြီးသော်လည်ကောင်း ၊ ဓာတ်ပုံရိုက်၍ သော်လည်ကောင်း အွန်လိုင်းလျှောက်လွှာမဖြည့်ခင် အသင့်ပြင်ထားရပါမည်။ PDF, DOC, DOCX, PNG, JPG, JPEG, GIF files သာ လက်ခံပါသည်။
  • Upload လုပ်ရမည့် စာရွက်စာတမ်းများ။ 
    1. နိုင်ငံသား စိစစ် ရေး ကဒ် (ရှေ့ခြမ်း ၊နောက်ခြမ်း) 
    2. အိမ်ထောင်စုစာရင်း (ရှေ့ခြမ်း ၊နောက်ခြမ်း)
    3. ဘွဲ့လက်မှတ် 
    4. နောက်ဆုံးနှစ် အမှတ်စာရင်း 
    5. အလုပ်ထောက်ခံ စာ (အလုပ်လုပ်ဖူးလျှင်/လက်ရှိလုပ်ကိုင်နေဆဲဖြစ်လျှင်)
    6. လက်ရှိအလုပ်မှဝင်ငွေထောက်ခံစာ
    7. ကိုယ်ရေးအကျဉ်းပုံစံ (CV)
    8. တခြားတတ်မြောက်အောင်မြင်ထားသော လက်မှတ်များ
    9. ပတ်စပို့စ်အရွယ်ဓာတ်ပုံ
    10. “Personal Statement” အား အင်္ဂလိပ် လို စကားလုံး (၃၀၀ မှ ၅၀၀ အတွင်း) ရေးသားဖော်ပြချက် (အောက်ပါအချက်များထည့်သွင်းရေးသားရမည်။ word document ဖြင့် ရေးသားနိုင်ပြီး အွန်လိုင်းလျှောက်လွှာတွင် upload လုပ်ရမည်။ )
      1. သင်ဟာ ဘာကြောင့် တယ်လီနော MBA ပညာသင်ဆုနှင့် ထိုက်တန်သလဲ ။
      2. မိသားစု အကြောင်းနှင့် အခြေအနေ အသေးစိတ်။
      3. သင်ရဲ့ အသက်မွေးဝမ်းကြောင်းရည်မှန်းချက် နှင့် ဒီ ပညာသင်ဆုကနေ သင့်ရည်မှန်းချက်များကို အထောက်အကူ ပြုနိုင်မည့် အကြောင်း။
      4. MBA သင်တန်းမှရရှိသော အသိပညာဗဟုသုတများဖြင့် လူမှု ပတ်ဝန်းကျင် အကျိုးဘယ်လိုသယ်ပိုးမလဲ
      5. အမည်နှင့် မှတ်ပုံတင်နံပါတ် ကို စာမျက်နှာထိပ်တွင်ရေးရန်။

 

ဝင်ခွင့်အဆင့်များ

  1. ပညာသင်ဆု လျှောက်လွာ နှင့် သက်ဆိုင်ရာ စာရွက်စာတမ်း များ ကို ပေးပို့ခြင်း။
  2. ဝင်ခွင့် စာမေးပွဲဖြေဆိုခြင်း။
  3. ပညာသင်ဆု စာမေးပွဲဖြေဆိုခြင်း
  4. စကာတင်ရွေးချယ်ခံရသောသူအား တယ်လီနောနှင့် MMC မှလူတွေ့စစ်ဆေးခြင်း။
  5. ရွေးချယ်ခံရသူများအား ကြေညာခြင်း

(တဆင့်ခြင်းစီ အတွက် စကာတင်ရွေးချယ်ခံရသူများကို ကျောင်းမှ ဆက်သွယ်ပါမည်) 

 

ဝင်ခွင့် အတွက် လျောက်လွာပိတ်ရက် : ၂၃ ရက်၊ ၆လ၊ ၂၀၁၉ ခုနှစ်

တယ်လီနော MBA ပညာသင်ဆုလျှောက်ရန် ဒီနေရာတွင်နှိပ်ပါ ။ 

http://bit.ly/TelenorMBA2019 

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ် သို ့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ဖုန်း -  ၀၉ ၂၆၃၃၃၄၂၂၃

  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
အမေးများသောမေးခွန်းများ
Telenor MBA ပညာသင်ဆုကို ဘယ်သူတွေလျှောက်လို့ရမလဲ?

လျှောက်ထားနိုင်သူများအောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနို်င်ပါတယ်။​​https://www.telenor.com.mm/en/about/mba-scholarship  

Telenor MBA ပညာသင်ဆု ဘယ်နှစ်ယောက်ကိုပေးမှာလဲ?

မန်မာကျောင်းသား (၂၀) ယောက်ကို လေးနှစ်တာကာလ (၂၀၁၈- ၂၀၂၁) အတွင်း ထောက်ပ့ံပေးမှာဖြစ်ပါတယ်။

ဘယ်အချက်တွေပေါ်မူတည်ပြီးရွေးမှာလဲ?

လျှောက်လွှာပြည့်စုံစွာဖြည့်ထားပြီး ပညာထူးချွန်တဲ့ ငွေကြေးထောက်ပံ့မှုလိုအပ်တဲ့ ကျောင်းသားကို ရွေးချယ်မှာဖြစ်ပါတယ်။ လျှောက်ထားရန် လိုအပ်သည့် သတ်မှတ်ချက်တွေ ကိုအောက်ပါ link တွေမှာ ဝင်ကြည့်နိုင်ပါတယ်။

https://www.telenor.com.mm/en/about/mba-scholarship

http://www.yourmmc.com/telenor_mba_scholarship.html

ပညာသင်ဆုကို ဘယ်နှစ်ကြိမ်ပေးမှာလဲ။ နှစ်တိုင်းရှိမှာလား?

Telenor MBA scholarshipကို (၂၀၁၈ - ၂၀၂၁) အတွင်း အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်ပေးရန် ရည်ရွယ်ထားပါတယ်။ လျှောက်လွှာခေါ်ယူမည့် အချိန်တိုင်း တယ်လီနော မြန်မာ နဲ့ MMC Facebook မှာ ကြေငြာပါ့မယ်။ ကြေငြာချက်တွေ လက်မလွှတ် အောင် တယ်လီနောမြန်မာ နဲ့ MMC Facebook page တွေကို like လုပ်ထားဖို့လိုအပ်ပါတယ်။

ဒီတစ်ခေါက်အရွေးချယ်မခံရရင် နောက်တစ်ခေါက်လာဖြေလို့ရလား?

နောက်တစ်ကြိမ်ဖြေလို့ရပါတယ်။ လျှောက်လွှာလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မည်သူမဆို ဖြေလို့ရပါတယ်။

တစ်ဆင့်ခြင်းဆီအတွက် အရွေးချယ်ခံရ/မရ ဘယ်လိုသိနိုင်မလဲ?

ရွေးချယ်ခံရပါက တစ်ဆင့်ခြင်းစီအတွက်လျှောက်လွှာတွင် ပေးထားတဲ့ email လိပ်စာအတိုင်း   အကြောင်းကြားပေးမှာဖြစ်သလို MMC ကိုလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပညာသင်ဆုကအပြည့်ပေးမှာလား၊ ဘယ်လောက်ပေးတာလဲ?

ပညာသင်ဆုက ပညာသင်စရိတ် နှင့် ပြည်တွင်းဘွဲ့ယူအပါအဝင်အပြည့်ပေးပါတယ်။ 

MBA ဘွဲ့ရပြီးပါက Telenor မှာအလုပ်ခန့်မှာလား?

သတ်မှတ်ထားတာမရှိပါဘူး၊ MBA ဘွဲ့ရပြီးချိန် Telenor တွင် အလုပ်နေရာလွတ်တွက် လျှောက်လွှာခေါ်နေရင် လျှောက်ချင်လျှောက်လို့ရပါတယ်။

MBAဘွဲ့ရ ပြီးပါက Telenor မှာအလုပ်ပြန်လုပ်ပေးဖို့လိုပါသလား?

Telenor မှာအလုပ်ပြန်လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။

ဘွဲ့လက်မှတ်မရသေးရင် ဘွဲ့ထောက်ခံစာနဲ့ရလား?

ရပါတယ်။ဘွဲ့လက်မှတ်ရလာပါက ပြန်လည်တင်ပြရန်လိုပါတယ်။

သင်တန်းအချိန်တွေကဘယ်လိုလဲ။

MBA ပုံမှန်အတန်းတွက်က စနေ၊တနင်္ဂနွေ နေ့လည် (၂) နာရီက (၅) နာရီထိ MMC မှာသင်ရမှာဖြစ်ပြီး ရုံးဖွင့်ရက်တွေမှာတော့ ရုံးချိန်ပြီးလျှင် Telenor က senior expert တွေသင်ကြားပေးမည့် ဘာသာရပ်တွေတွက် Telenor ရုံးကိုလာရောက်သင်ယူရမှာ ဖြစ်ပါတယ်။ အသေးစိတ်အစီအစဉ်ကိုတော့ ထပ်မံကြေငြာပါမယ်။ 

My Account
Live Chat
Share Share