telenor_myanmar_health
telenor_myanmar_health

ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေး

​မြန်​မာ​နိုင်​ငံ​၏ ၅၁.၅​သန်း​သော ​လူ​ဦး​ရေ​၏ ၇၀%​သည် ​ကျန်း​မာ​ရေး ​ဝန်​ဆောင်​မှု​များ​နှင့် ​အ​ကြံ​ပေး​ချက်​များ ​နည်း​ပါး​သည့် ​ကျေး​လက်​ဒေ​သ​များ​တွင် ​နေ​ထိုင်​ပါ​သည်။ ​မြန်​မာ​နိုင်​ငံ​တွင် ​လူ​အ​ယောက် ၁၀၀၀​စီ ​အ​တွက် ​ကျန်း​မာ​ရေး​လုပ်​သား​များ ​အ​ချိုး​သည်ကမ္ဘာ့ ကျန်းမာရေး ​အ​ဖွဲ့​အ​စည်း​၏ ​စံ​ဖြစ်​သော ၂:၃ ထက်​ပင် ​နည်း​နေ​ပါ​သေး​သည်။ ​တာ​ဝန်သိ​လူ​မှု ​အ​ကျိုး​ပြု ​အ​စီ​အ​စဉ်​၏ ​အ​စိတ်​အ​ပိုင်း​အ​ဖြစ် ​တယ်​လီ​နော​မြန်​မာ​သည် Marie Stopes Myanmar (MSM) ​နှင့်​လက်​တွဲ​လုပ်​ဆောင်​ကာ ​ကိုယ်​ဝန်​ဆောင်​မိ​ခင်​များ၊ ​မိ​ခင်​သစ်​များ​နှင့် ​လူ​ငယ်​များ​အား ​မျိုး​ဆက်​ပွား ​ကျန်း​မာ​ရေး​စောင့်​ရှောက်​မှု ​အ​ကြံ​ပေး​ချက်​မျိုး​စုံ​ဖြင့် ​ဝန်​ဆောင်​နိုင်​ရန်​ရည်​ရွယ်​ပြီး Mate App ​အား​ထုတ်​လုပ်​ထား​ပါ​သည်။

MSIM ​သည် ​မြန်​မာ​နိုင်​ငံ​တွင် ​လိင်​နှင့်​မျိုး​ဆက်​ပွား​ကျန်း​မာ​ရေး​ဆိုင်​ရာ ​စောင့်​ရှောက်​မှု​လုပ်​ငန်း​များ​တွင် ​ဦး​ဆောင်​နေ​သော ​အ​ဖွဲ့​အ​စည်း ​ဖြစ်​ပါ​သည်။ ၁၉၉၇​တွင်​ဖွဲ့​စည်း​ထူ​ထောင်​ခဲ့​ပြီး MSIM ​သည် ​လက်​ရှိ​တွင် ​မြို့​နယ် ၄၄​ခု ​နှင့် ​ပြည်​နယ်၊​တိုင်း၈​ခု ​တွင်​လုပ်​ငန်း​လည်​ပတ်​နေ​ပါ​သည်။ MSIM ​၏​ဝန်​ဆောင်​မှု​များ​ကို ​အ​ခြေ​ခံ​အား​ဖြင့် ​မြို့​ပြ​ဒေ​သ​များ​တွင် ​ပုံ​သေ​သတ်​မှတ် ​ဖွင့်​လှစ်​ထား​သော ​ဆေး​ခန်း​နေ​ရာ​များ​နှင့် ​ရွေ့​လျား​ကျန်း​မာ​ရေး ​စောင့်​ရှောက်​မှု ​အ​ဖွဲ့​များ​မှ​တစ်​ဆင့် ​ပေး​အပ်​ထောက်​ပံ့​ပါ​သည်။

Mate App ​ဖြင့် ​ကျန်း​မာ​ရေး​စောင့်​ရှောက်​မှု ​လုပ်​ငန်း​သည် ​မို​ဘိုင်းလ် ​နည်း​ပ​ညာ​အ​သုံး​ပြု​၍ MSIM​၏ ​ကျန်း​မာ​ရေး​စောင့်​ရှောက်​မှု ​ခံ​ယူ​သူ​များ ​ဆီ​သို့ ​အ​သိ​ပ​ညာ​ပေး​လုပ်​ငန်း​များ၊ ​ကျန်း​မာ​ရေး ​ဝန်​ဆောင်​မှု ​မ​တိုင်​ခင်​နှင့် ​ဝန်​ဆောင်​မှု​ပြီး​နောက် ​ထောက်​ပံ​မှု​လုပ်​ငန်း​များ ​ကို ​ထိ​ထိ​ရောက်​ရောက် ​နှင့် ​တွင်​တွင်​ကျယ်​ကျယ်​ဖြစ်​စေ​ရန်​နှင့် ​လုပ်​ငန်း​လည်​ပတ်​မှု​များ​တွင် ​အ​ချိန်​တို​တို​နှင့် ​အ​ကျိုး​များ​စေ ​ရန်​ရည်​ရွယ်​ပါ​သည်။

​အ​တိ​အ​ကျ​အား​ဖြင့်​ဤ Mate App ကျန်းမာရေး စောင့်ရှောက်မှု ​လုပ်​ငန်း​သည်

  • Mate ​အက်​ပ​လီ​ကေး​ရှင်း​အား​ထုတ်​လုပ်​နိုင်​ရန်​နှင့် ​စဉ်​ဆက်​မ​ပြတ်​တိုး​တက်​လာ​စေ​ရန်
  • ​ကျေးလက်ဒေသ​တွင်​နေ​ထိုင်​သူ​များ​အ​တွက် ​ပို​မို​ထိ​ရောက်​သော ​လိင်​နှင့်​မျိုး​ဆက်​ပွား​ကျန်း​မာ​ရေး​အ​သိ​ပ​ညာ​များ​အား​သိ​ရှိ​စေ​ရန် ​လိုက်​လံ​ဟော​ပြော​သူ​များ (SRHPs) ​အား​မို​ဘိုင်းလ် ​နည်း​ပ​ညာ ​နှင့် Mate app ​အ​သုံး​ပြု​ပုံ​တို့​ကို ​လေ့​ကျင့်​ပေး​ရန်
  • ​ကျေးလက်ဒေသ​ရှိ ​သုံး​စွဲ​သူ​များ​၏​စ​မတ်​ဖုန်း​များ​တွင် Mate app ​အား​ထည့်​သွင်း​ပေး​၍​ကွင်း ​ဆင်း​ပ​ညာ​ပေး​မှု​များ​တွင်​သုံး​စွဲ​သူ​များ ​အား​လေ့​ကျင့်​ပေး​ရန်
  • Mate app ​သုံး​စွဲ​သူ​အ​ရေ​အ​တွက် ​တိုး​တက်​လာ​စေ​ရန်​ပို​မို​ကျယ်​ပျံ့​သော​ဈေး​ကွက် ​ဆီ​သို့ ​ချဲ့​ထွင်​ရန် ​ရည်​ရွယ်​ပါ​သည်။

​ကြာ​ချိန်

​စ: ဇန်​န​ဝါ​ရီ ၂၀၁၅

​ပြီး: ​မေ ၂၀၁၇

Resources

Mate App (Android):  http://bit.ly/matemm

Mate App (iOS):  https://itunes.apple.com/us/app/mate-msi/id1008788965?mt=8

Mate Facebook page:  https://web.facebook.com/mateapplication/?fref=ts

 

  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
  • telenor_myanmar_health
My Account
Live Chat
Share Share