telenor_myanmar_digital_classroom
telenor_myanmar_digital_classroom

မြန်မာနိုင်ငံ၏ မူလတန်း၊ အလယ်တန်းအောက်နှင့် အလယ်တန်းပြီးမြောက်ပြီးကျောင်းသူကျောင်းသားဦးရေ ၂ သန်းနှင့် အထက်သည် ကျောင်းပြင်ပရောက်ရှိနေကြရသည်ဟု UNESCO Institute for Statistics Database (UIS) က မကြာသေးမီကထုတ်ပြန်ထားသော Global Education Monitoring (GEM) အစီရင်ခံစာအရသိရှိရပါသည်။

ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးမှုမဏ္ဍိုင် သတ်မှတ်ချက်အောင်မြင်ရန် ပညာရေးသည် အဘယ်ကြောင့် အဓိကကျသည် နှင့် အထူးသဖြင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများပညာဆက်လက်လေ့လာသင်ယူခွင့် ရရှိရန် ပိုပြီးအရေးကြီးသည်ဟုအစီရင်ခံစာကထပ်လောင်းဖော်ပြပါရှိပါသည်။

မြန်မာနိုင်ငံတစ်လွှား အခွင့်အလမ်းနည်းပါးသည့် ကလေး (သို့) ကျောင်းပြင်ပရောက်ရှိနေသည့်ကလေးများ မူလတန်းပညာရှေ့ဆက်သင်ယူနိုင်ရေး အထောက်အကူဖြစ်စေရန် တယ်လီနောမြန်မာသည် နည်းပညာ အခြေပြု စီမံကိန်း တစ်ခုကို ကနဦးစတင်လိုက်ပြီ ဖြစ်ပါသည်။ ယခုစီမံကိန်းကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွံ႕ဖြိုးတိုးတက်ရေးအဖွဲ့ (MEDG) နှင့် ပူးပေါင်းပြီး ရခိုင်၊မွန်၊ ကချင်နှင့် ရှမ်း ပြည်နယ်များနှင့် တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၄၀ တွင် စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပြီး ယင်းကျောင်း များရှိ ကျောင်းသူ/သားများအနက် ၃% မှာ ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာကို ကိုးကွယ်သူ များ ဖြစ်ကြပါသည်။

ယင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ‘နည်းပညာအခြေပြု စာသင်ခန်း’များအကောင်အထည်ဖော်ခြင်းကိုတယ်လီနောမြန်မာ၏ ပူးတွဲထောက်ပံ့ရန်ပုံငွေ နှင့် နည်းပညာ နှင့်အတူ Educate a Child (EAC)၏ အထောက်အပံ့နှင့်အတူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတစ်၀န်းရှိ စီမံကိန်းတွင် ပါ၀င်နေသည့် ကျောင်းများမှ ကျောင်းသူ/သားများသည် တစ်နေ့လျှင် ၂ နာရီခန့်ဖြင့် သီတင်းတစ်ပတ်လျှင် ခြောက်ရက် သင်ယူနိုင်မည် ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီးရှိဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဖွင့်လှစ် ထားသည့် စတူဒီယိုမှတစ်ဆင့် ကျောင်းပြင်ပပညာရေးအတွက် သေချာစွာလေ့ကျင့်ပေးထားသည့် ဆရာ/မများမှ သင်ခန်းစာများကိုတိုက်ရိုက်သင်ကြားပြသပေးမည် ဖြစ်ပါသည်။

“နည်းပညာအခြေပြု” စာသင်ခန်းများသည် အောက်ပါ အကျိုးကျေးဇူးများရရှိရန် ရည်ရွယ်ပါသည်။

  • သတ်မှတ်ထားသောကျောင်းပေါင်း ၄၀ တွင် ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများအရည်အသွေးပြည့်မီသည့် ကျောင်းပြင်ပမူလတန်းပညာရေးကိုရရှိရန်။
  • ယခုနှစ်ကုန်မတိုင်မီကျောင်းပြင်ပကလေးပေါင်းအနည်းဆုံး ၁၀၀၀ ကိုကျောင်းပြင်ပအခြေခံအစိုးရမူလတန်းသင်ရိုးအောင်မြင်ပြီးမြောက်ရန်။
  • ကျောင်းပြင်ပရောက်ရှိနေသည့်ကလေးများ၏ ရှေ့ဆက်ပညာရေးအတွက် အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးပေးရန်။
  • ကျောင်းတွင် အရည်အချင်းပြည့်မီသောဆရာ/မများရေရှည်တည်တံ့စေရန်အတွက် သင်တန်းနှင့် နည်းပညာအခွင့်အလမ်းများပံ့ပိုးပေးရန် ။
  • ကလေးဗဟိုပြု သင်ကြားနည်းသည် သမရိုးကျစာသင်ခန်းတွင်သာမကနည်းပညာအသုံးပြုခြင်းဖြင့်လည်းလက်တွေ့အကောင်အထည်ဖော်နိုင်ကြောင်း ပြသရန် ။
  • တယ်လီနောမြန်မာ၏ ဆက်သွယ်ရေးကောင်းမွန်မှုအပေါ် အကျိုးရှိစွာအသုံးချရန်။

ကြာချိန်

“နည်းပညာအခြေပြု” စာသင်ခန်းအစီအစဉ်

စ : ဇွန် ၂၀၁၆

ပြီး : မေ ၂၀၁၈

Resources:

MEDG Facebook: https://www.facebook.com/medgmyanmar

  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
  • telenor_myanmar_digital_classroom
My Account
Live Chat
Share Share