ဂိမ်းများဆော့ပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရင်း ဖုန်းဘေများစွာ ရယူနိုင်မယ့် MyTelenor App ရဲ့ 'ပေါ့ပေါ့ပါးပါး' ပိုမိုသိရှိရန်

ဂိမ်းများဆော့ပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရင်း ဖုန်းဘေများစွာ ရယူနိုင်မယ့် MyTelenor App ရဲ့ 'ပေါ့ပေါ့ပါးပါး' ပိုမိုသိရှိရန်

ဂိမ်းများဆော့ပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရင်း ဖုန်းဘေများစွာ ရယူနိုင်မယ့် MyTelenor App ရဲ့ 'ပေါ့ပေါ့ပါးပါး' ပိုမိုသိရှိရန်

Digiworld

တယ်လီနောအလုပ်သင်အစီအစဉ်

တယ်လီနောမြန်မာနှင့်လက်တွဲ၍ သင်၏စွမ်းရည်များကို အတွေ့အကြုံအဖြစ်ပြောင်းလဲလိုက်ပါ

တယ်လီနောမြန်မာ

တယ်လီနောမြန်မာသည် စကင်ဒီနေးဗီးယားဒေသနှင့် အာရှတစ်ခွင်တွင် သုံးစွဲသူပေါင်း ၁၈၆ သန်းကျော်ရှိသည့် ကမ္ဘာ့အဆင့် မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ဆောင်ခြင်းနှင့် လူ့အဖွဲ့အစည်း၏ စွမ်းဆောင်မြှင့်တင်ပေးခြင်းအားဖြင့် သုံးစွဲသူများအား ၎င်းတို့အတွက် အရေးအပါဆုံးသောအရာများကို ချိတ်ဆက်ပေးရန် ဟူသည့်ရည်မှန်းချက်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် မိုဘိုင်းလ်ဝန်ဆောင်မှုများကို မြန်မာပြည်သူများ လက်လှမ်းမီစေရန်နှင့် အလွယ်တကူရယူနိုင်ရန် ပြုလုပ်ပေးထားသည်။ အမြဲတမ်းစူးစမ်းလေ့လာခြင်း၊ အတူတကွဖန်တီးခြင်း၊ ကတိကဝတ်စောင့်ထိန်းခြင်းနှင့် အပြန်အလှန်လေးစားမှုရှိခြင်း စသည့် တယ်လီနော၏ စံထားရသော အမူအကျင့်လေးမျိုးသည် ဝန်ထမ်းများအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်စေသော ယဉ်ကျေးမှုပင်ဖြစ်သည်။

တယ်လီနောအလုပ်သင်အစီအစဉ်ဆိုသည်မှာ

ကုမ္ပဏီရှိကျွမ်းကျင်သူများ၏လမ်းညွှန်မှုဖြင့် ကျောင်းသားများအား ပရော်ဖက်ရှင်နယ်လုပ်ငန်း အတွေ့အကြုံများ ဖန်တီးပေးသည့် အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် အလုပ်ခွင်သင်တန်းများ သာမက အပြုသဘော ဆောင်သော သုံးသပ်ချက်များဖြင့် ကျောင်းသားများ လုပ်ငန်းခွင်ဝင်ရန် အသင့်ပြင်ဖြစ်စေရေး လုပ်ဆောင်ချက်များ လည်း ပါဝင်သည်။

အလုပ်သင်အဖြစ်လျှောက်ထားနိုင်သူများမှာ

သတင်းအချက်အလက်နှင့်နည်းပညာ၊ ကွန်ပြူတာသိပ္ပံ၊ ကွန်ပြူတာနည်းပညာ၊ အီလက်ထရောနစ်နှင့် လျှပ်စစ် အင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ သို့မဟုတ် ပြည်သူ့ဆက်ဆံရေးနှင့် ဆက်သွယ်ပြန်ကြားရေးစသည့် ဘာသာရပ်များကို တက်ရောက်နေသည့် နောက်ဆုံးနှစ်ကျောင်းသားများအတွက် ရည်ရွယ်သည်။ ရွေးချယ်ခံရသော ကျောင်းသားများသည် တယ်လီနောမြန်မာ၏ လုံခြုံစိတ်ချရပြီး မြန်ဆန် ဖျတ်လတ်သည့် လုပ်ငန်းခွင်တွင် ၂ လမှ ၃ လအထိအလုပ်လုပ်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။

လျှောက်ထားရန်

တစ်နှစ်လျှင်နှစ်ကြိမ် ခေါ်ယူလေ့ရှိသည်။ လျှောက်လွှာနှင့်ပတ်သက်သည့် အချက်အလက်များကို https://web.facebook.com/groups/telenorcareers/ တွင် ကြေညာပါမည်။ စုံစမ်းမေးမြန်းလိုပါက ကျေးဇူးပြု၍ တယ်လီနောမြန်မာ - internship@telenor.com.mm သို့ဆက်သွယ်ပါ။

ဒေါင်းလုပ်ရယူရန်

တယ်လီနော မြန်မာ အလုပ်သင်အစီအစဉ် လျှောက်လွှာကို ဤနေရာတွင် ရယူနိုင်ပါသည်။

Back to top