Share

စည်းမျဉ်းစည်းကမ်းများ

ကြိုတင်ငွေဖြည့်ခြင်း

၁။အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ကျွန်ုပ်တို့ ၊ ကျွန်ုပ်တို့ကို ၊ ကျွန်ုပ်တို့၏ - ဟုအသုံးအနှုန်းဖြင့်် တယ်လီနောမြန်မာလီမိတက်ကို ရည်ညွှန်းကိုယ်စားပြုသည်။

သင်၊ သင်၏- ဟုအသုံးအနှုန်းဖြင့် သုံးစွဲသူကို ရည်ညွှန်းကိုယ်စားပြုပါသည်။

သဘောတူညီချက်- ဤစည်းမျဉ်းစည်းကမ်း ပြဌာန်းချက်များ၊ သင်၏ ဈေးနှုန်းပုံစံနှင့် ဈေးနှုန်းပုံစံလမ်းညွန်ချက်။

သုံးစွဲခများ - ၀န်ဆောင်မှုအတွက်သုံးစွဲခများ၊ ကျွန်ုပ်တို့အများသိစေရန် ဖြန့်ချိထားသော ဈေးနှုန်းပုံစံ (သို့မဟုတ်) ၄င်းကဲ့သို့ စီမံဆောင်ရွက်ထားသောသုံးစွဲခများ၊ ၄င်းတွင် ကျွန်ုပ်တို့မှ သင့်အားပေးအပ်သော ၀န်ဆောင်မှုအတွက် သုံးစွဲခများ၊ အခြားသုံးစွဲမှု၀န်ဆောင်ခများ (သို့မဟုတ်) တစ်စုံတစ်ယောက်မှ သင်၏ ဖုန်းနှင့် ၄င်း၏ အသုံးအဆောင်များကို အသုံးပြုခြင်း အတွက် ကျသင့်ငွေများ။

ဖုန်းနှင့်၄င်း၏အသုံးအဆောင်များ- ၀န်ဆောင်မှုကို ရရှိအသုံးပြုရန် သင်၏မိုဘိုင်းဖုန်း (သို့မဟုတ်) အခြားအသုံးအဆောင်များနှင့် ပစ္စည်းကိရိယာများနှင့် ဆင်း(မ်) ကတ်။

ကွန်ရက် - မြန်မာပြည်တွင် ကျွနု်ပ်တို့၀န်ဆောင်မှုပေးအပ်ရန် စီမံဆောင်ရွက်ထားသော အီလက်ထရွန်းနစ်ဆက်သွယ်ရေးစနစ်

ဈေးနှုန်းပုံစံ - ကျွန်ုပ်တို့ မကြာခဏ ပြုပြင်မွမ်းမံထားသော၊ သင်လက်ခံရရှိရန်ရွေးချယ်ထားသည့် အစုလိုက် ၀န်ဆောင်မှုများ အတွက် ကျွန်ုပ်တို့မှ မကြာခဏပြုပြင်မွမ်းမံခြင်းရှိသော အချက်အလက်များ ကို သုံးစွဲသူဆိုင်ရာများကို ရှင်းလင်းပြန်ကြားပေးရန်ဌာန (Customer Care Center ) (၉၇၉) (သို့မဟုတ်) ၉၇၉၀၀၉၇၉၀၀ သို့ခေါ်ဆို၍ မေးမြန်းနိုင်ပါသည် (သို့မဟုတ်) ၀က်ဘ်ဆိုဒ်ကို ၀င်ရောက်ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။

ဈေးနှုန်းပုံစံလမ်းညွှန်ချက် - သင်တို့သုံးစွဲမည့်၀န်ဆောင်မှုများအတွက် ဈေးနှုန်းများကိုဖော်ပြထားသည့်ဈေးနှုန်းပုံစံကို သုံးစွဲသူဆိုင်ရာ ရှင်းလင်းပြန်ကြားဌာန(Customer Care Center) (၉၇၉)( သို့မဟုတ်) ၉၇၉၀၀၉၇၉၀၀ သို့ခေါ်၍စုံစမ်းခြင်းဖြင့် (သို့မဟုတ်) ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုဒ်ကို ၀င်ရောက်ကြည့်ရှုခြင်းဖြင့် သင်တို့လျှောက်ထားသော ဈေးနှုန်းပုံစံသတ်မှတ်ချက်များနှင့် သုံးစွဲခများကို သိရှိနိုင်ပါသည်။ယင်းတို့ကို မကြာခဏ မွမ်းမံပြင်ဆင်ခြင်းရှိပါမည်။

ဝန်ဆောင်မှုများ- ကွန်ရက်မှ သင်လက်ခံရရှိသော ဆက်သွယ်ရေး၀န်ဆောင်မှုများနှင့်သင့်ထံသို့ အချိန်နှင့်တပြေးညီရရှိနိုင်မည့် အခြား၀န်ဆောင်မှုများ။

၂။ ဝန်ဆောင်မှုများ နှင့် လွှမ်းခြုံဧရိယာ

၂။ (က) သင်သည် အောက်ပါအချိန်အခါတွင် ယခုသဘောတူညီချက်များကို လက်ခံပါသည်။

    - ၀န်ဆောင်မှုများကို အသုံးပြုသောအခါ

၂။ (ခ) ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို အချိန်ပြည့်ပေးအပ်နိုင်ရန် ရည်မှန်းပါသည်။ သို့ပါသော်လည်း ဖုန်းဝန်ဆောင်မှုနည်းပညာ ချွတ်ယွင်းနိုင်သည့် သဘောသဘာဝကြောင့် အမှားကင်းသော ဝန်ဆောင်မှုပေးရန် မဖြစ်နိုင်ပါ။

၂။(ဂ) ကျွန်ုပ်တို့သည် အခြားတိုင်းပြည်များနှင့်ကွန်ယက်ချိတ်ဆက်မှုများကို ကျိုးကြောင်းညီညွတ်သော အားထုတ်မှုများဖြင့် အသုံးပြုသွားပါမည်။၄င်းကို "Roaming" ဟုခေါ်တွင်စေသည်။ ၄င်းကွန်ယက်များကို ရယူသုံးစွဲနိုင်ရန်မှာ ကျွန်ုပ်တို့နှင့် အခြားတိုင်းပြည်များရှိဆက်သွယ်ရေး ကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုအပေါ်တွင်သာ မူတည်ပါသည်။

၃။ ၀န်ဆောင်မှုများကို အသုံးပြုခြင်း

၃။(က) သင်သုံးစွဲသော ၀န်ဆောင်မှုများ၏ ညွှန်ကြားချက်များနှင့် ယခု သဘောတူညီချက်ကို သင်လိုက်နာရမည်။ သင်၏ဖုန်းနှင့် ၄င်း၏ အသုံးအဆောင်များကို အခြားသူအသုံးပြုခြင်းအတွက် သင့်တွင် တာ၀န်ရှိပါသည်။

၃။(ခ) သင်၏ဖုန်းနှင့် ၄င်း၏အသုံးအဆောင်များ (သို့မဟုတ်) ၀န်ဆောင်မှုကို အလွဲသုံးစားပြုခြင်း၊ တရားဥပဒေနှင့် ဆန့်ကျင်သော ကိစ္စ အတွက် အသုံးပြုခြင်း၊ မမှန်မကန်သုံးစွဲခြင်း၊ အနှောင့်အယှက်ပေးခြင်း (သို့မဟုတ်) ရာဇ၀တ်မှုတစ်ခုခု ကျူးလွန်ခြင်း ဟု ကျွန်ုပ်တို့မှ ယုံကြည်သော မည်သို့သော ရည်ရွယ်ချက်များအတွက်မဆို သုံးစွဲခြင်းမပြုရပါ။

၃။(ဂ) ၀န်ဆောင်မှုတစ်ခုလုံး(သို့မဟုတ်) မည်သည့်အစိတ်အပိုင်းကိုဖြစ်စေ သင့်အနေဖြင့် အခြားမည်သူ့ကို မဆို ရောင်းချခြင်းမပြုရပါ။

၃။(ဃ) မည်သည့်နံပါတ်ကို အသုံးပြုရန်သတ်မှတ်ပေးရန်မှာ ကျွန်ုပ်တို့ ၏လုပ်ပိုင်ခွင့်ဖြစ်သည်။သုံးစွဲသူအား သတ်မှတ်ပေးထားသည့်နံပါတ်ကို အချိန်မရွေးပြောင်းလဲနိုင်သည်။ အခြေအနေတစ်စုံတစ်ရာပေါ်ပေါက်ပါက သုံးစွဲသူအား အကြောင်းကြားအသိပေးပါမည်။

၃။(င) ဆင်း(မ်)ကတ်နှင့် ၄င်းအတွင်းပါဆော့ဖ်ဝဲကို သုံးစွဲသူမှ မပိုင်ဆိုင်ပါ။ သုံးစွဲသူအား ၀န်ဆောင်မှု တစ်ခုတည်းသာ သုံးစွဲခွင့်ပေးထားပါသည်။ သဘောတူညီချက်ကာလ ကုန်ဆုံးသောအခါ သုံးစွဲသူ၏ ဆင်း(မ်)ကတ်အား ပြောင်းလဲခြင်းနှင့်ပြန်လည်အပ်နှံရန် အကြောင်းကြားခြင်း ပြုလုပ်နိုင်ပါသည်။ ဆင်း(မ်)ကတ် အစားထိုး၀န်ဆောင်မှုသုံးစွဲလိုလျှင်သုံးစွဲသူအား သတ်မှတ်ထားသည့် ဈေးနှုန်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အဖိုးအခသာ ကောက်ယူပါမည်။

၃။(စ) သင့်အနေဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်သော်လည်း မည်သည့်ပါ၀င်သည်ကို အကြောင်းအရာများအတွက် မဆိုနှင့် ၀န်ဆောင်မှုဆိုင်ရာ တစ်စုံတစ်ရာအတွက် မဆို တာ၀န်ကျရောက်ခြင်းမရှိပါ။

၃။(ဆ) သင့်အနေဖြင့် တရား၀င်ခွင့်ပြုထားသော မိုဘိုင်းဆိုင်ရာ ပစ္စည်းများဖြင့်သာလျှင် ဆက်သွယ်မှု ကွန်ရက်သို့ ချိတ်ဆက်အသုံးပြုရမည်။

၃။(ဇ) သုံးစွဲသူအားပေးထားသော ၀န်ဆောင်မှုကို ကျွန်ုပ်တို့ မှ ငြင်းပယ်ရန် ဆုံးဖြတ်ပိုင်ခွင်ရှိသည်။

၄။ငွေပေးချေမှု

၄။(က) သင်ငွေဖြည့်သောအခါ သင့်လျော်သော ၀န်ဆောင် မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အရ (သို့မဟုတ်) သတ်မှတ်ထားသော ဈေးနှုန်း သတ်မှတ်ချက် ပုံစံအရ ကျွန်ုပ်တို့ မှ သင်၏အကောင့်အားငွေဖြင့်ပေးပါမည်။

၄။(ခ) ၀န်ဆောင်မှုအတွက် ကျွန်ုပ်တို့၏ ငွေဖြည့်ကဒ်အကောင့်ကို အသုံးပြုခြင်းဖြင့်ပေးနိုင်ပါသည်။ ငွေဖြည့်ကဒ် အကောင့်များ၀ယ်ယူခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ သင်ငွေဖြည့်ထားသော ပမာဏအားပြန်လည်၍ ပေးမည်မဟုတ်ပါ( သို့မဟုတ်) သုံးစွဲသူတွင်ရှိသော ငွေပမာဏအား အတိုးပေးမှုကို ပြုလုပ်မည် မဟုတ်ပါ။သုံးစွဲသူ အသုံးပြုသော ၀န်ဆောင်မှုတိုင်း (အခြားသူတစ်ဦးဦးမှ သင်၏မိုဘိုင်းပစ္စည်းသုံးလျှင်လည်း)သင်၏အကောင့်ပမာဏထဲမှ ဖြတ်တောက်သွားပါမည်။ ကျွန်ုပ်တို့၏ မှတ်တမ်းမှ သုံးစွဲသူ ငွေပမာဏမည်မျှ ထည့်သွင်းထားသည်နှင့် ၀န်ဆောင်မှုအတွက် မည်မျှ အသုံးပြုသည်ကို မှတ်တမ်းတင်ထားပါသည်။

၄။(ဂ) အကယ်၍ ကုန်သွယ်လုပ်ငန်းခွန်ကျရောက်လာပါက ကျွန်ုပ်တို့သင့်ကို စည်းကြပ်ကောက်ခံပါမည်။ အကယ်၍ သင့်အနေဖြင့် ကျွန်ုပ်တို့အပေါ်တွင် ပေးဆပ်ရန်ကြွေးမြီတစ်စုံတစ်ရာရှိ၍ ယင်းကို သတ်မှတ်ချိန်အတွင်း မပေးနိုင်ပါက သင်ပေးရမည့် ငွေပမာဏကို သင့်ငွေဖြည့်အကောင့်မှ (သို့မဟုတ်) သင်ကျွန်ုပ်တို့အားပို့ထားခဲ့သော သင်၏ debit ကတ်(သို့မဟုတ်) credit ကတ်၏ အချက်အလက်အသေးစိပ်အချက်အလက်များကို အသုံးပြု၍ ကောက်ခံနှုတ်ယူနိုင်ပါသည်။ သင်မပေးရသေးသော ငွေပမာဏပေါ်တွင် ကျွန်ုပ်တို့ အတိုးနှုန်း ကောက်ခံနိုင်ပါသည်။ နေ့စဉ်အတိုးနှုန်းအနေဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်က ကောက်ခံသည့် အခြေခံချေးငွေနှုန်းထားထက် ၄ရာခိုင်နှုန်း ကျော်လွန်ကောက်ခံပါမည်။

၅။ မိုဘိုင်း ပစ္စည်း ပျောက်ဆုံးခြင်း

အကယ်၍ သင်၏ မိုဘိုင်း ပစ္စည်း ခိုးယူခံရခြင်း၊ ပျက်စီးခြင်း ၊ ဖျက်ဆီးခံရခြင်း နှင့် ပျောက်ဆုံးခြင်းဖြစ်လျှင် မည်သည့် ၀န်ဆောင်မှုမဆို သင်မှ ကြိုတင် ပေးချေထားခဲ့သော မည်သည့် ပေးချေခြင်းများ အတွက်မဆို ကျွန်ုပ်တို့မှ သင့်အား ပြန်လည် ငွေပြန်အမ်းခြင်းပြုလုပ်ရန် မလိုအပ်ပါ (သို့မဟုတ်) ပြန်လည်ပေးအပ်မည်မဟုတ်ပါ။ သင်၏ မိုဘိုင်းဖုန်းမှ တဆင့် ဆက်လက် ခေါ်ဆိုမှု ပြုလုပ်ခြင်းမှ တားမြစ်နိုင်ရန် သင့်အနေဖြင့် ကျွန်ုပ်တို့အား ချက်ချင်း အကြောင်းကြားရပါမည်။

၆။ ခေတ္တဆိုင်းငံ့ခြင်း ၊ ရပ်ဆိုင်းခြင်းနှင့် အဆုံးသတ်ခြင်း

၆။ (က) အောက်ပါ အခြေအနေများတွင် ကျွန်ုပ်တို့ သည် ၀န်ဆောင်မှုများအား ဆိုင်းငံ့ခြင်း၊ ကန့်သတ်တားမြစ်ခြင်း (သို့မဟုတ်) ပေးအပ်ခြင်း ကို ရပ်ဆိုင်းခြင်း (ယင်းတို့အားလုံး (သို့မဟုတ်) ယင်းတို့၏ တစ်စိတ်တစ်ပိုင်းကို )ပြုလုပ်နိုင်ပါသည်။

                (၁) မိုဘိုင်းဆိုင်ရာ ပစ္စည်းနှင့် ၀န်ဆောင်မှုများကို သုံးစွဲလျှင် ဤသဘောတူညီချက်အရ ကျွန်ုပ်တို့ ခွင့်မပြုသည့် နည်းလမ်းများဖြင့် သုံးစွဲနေသည်ဟု ကျွန်ုပ်တို့က ယုံကြည်လျှင်

                (၂) ၀န်ဆောင်မှုဆိုင်ရာများနှင့် စပ်လျဉ်းသော (သို့မဟုတ်) သင့်မိုဘိုင်းဆိုင်ရာပစ္စည်းများနှင့် စပ်လျဉ်းသော ကိစ္စများအတွက် နံပါတ်များ (သို့မဟုတ်) စကားဖွက်များကို သုံးစွဲခွင့်နှင့် စပ်လျဉ်း၍ အခွင့်မရှိသော တရားဥပဒေနှင့် မညီညွတ်သော ၊ မမှန်ကန်သော (သို့မဟုတ်) အတုအပ ပြုလုပ်၍ သုံစွဲသည်ဟု အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ယုံကြည်လျှင်

                (၃) သင့်အနေဖြင့် ရက်ပေါင်း ၁၈၀ အတွင်း ၀န်ဆောင်မှုကို သုံးစွဲခြင်း မပြုခဲ့ပါက၊ ဤ ၀န်ဆောင်မှုကို အသုံးပြုခြင်းဆိုသည်မှာ နှုန်းထားကောက်ခံနိုင်သော ပြင်ပသို့ခေါ်ဆိုခြင်း (သုံးစွဲသူဆိုင်ရာရှင်းလင်း ပြန်ကြားပေးသော ဌာန သို့ ခေါ်ဆိုမှု မပါ၀င်ပါ) (သို့မဟုတ်) သင့်အကောင့်အားပြန်လည် ငွေဖြည့်တင်းမှုကို ဆိုလိုပါသည်။

                (၄) သင်၏မိုဘိုင်းဖုန်းအား ပျောက်ဆုံး (သို့မဟုတ်) ခိုးယူခြင်းခံရခြင်းရှိသော်

                (၅) သင်၏လုပ်ဆောင်ချက် တစ်စုံတစ်ရာကြောင့် ကျွန်ုပ်တို့ ၏ လုပ်ငန်းလည်ပတ်မှု (သို့မဟုတ်) ကွန်ယက်အားပျက်ဆီး (သို့မဟုတ်) ထိခိုက်နိုင်ကြောင်းယူဆရသော်

                (၆)ကျွန်ုပ်တို့ အနေဖြင့် သင့်အား ၀န်ဆောင်မှုပေးအပ်ရန် အမြဲတမ်း မတတ်စွမ်းတော့လျှင်

                (၇) အရေးပေါ် (သို့မဟုတ်) အာဏာပိုင်များက လိုအပ်ချက်အရ ကျွန်ုပ်တို့လိုက်နာစေ၍ (သို့မဟုတ်) ဥပဒေအရ (သို့မဟုတ်) နည်းဥပဒေတစ်ရပ် ပေါ်ပေါက်၍ ကျွန်ုပ်တို့ အနေဖြင့် ထိုသို့ လိုက်နာရန် လိုအပ်ခဲ့လျှင်

၆။ (ခ) အပိုဒ် ၆(က)(၃) တွင်ပါရှိသည့်အချက်များမှ တစ်ချက်ချက်နှင့် ငြိစွန်းနေပါက သင်အသုံးပြုသော ဆင်းကတ်အား ရက်(၉၀)ကြာ ရပ်ဆိုင်းနိုင်ပါသည်။ ရပ်ဆိုင်းထားသော ရက် (၉၀) အတွင်း ငွေဖြည့်ပါက ဝန်ဆောင်မှုများနှင့် ယခင်လက်ကျန်ငွေများအား ပြန်လည်ရရှိမည်။ အကယ်၍ ဤသဘောတူညီချက်အား သင် မလိုက်နာပါက ဝန်ဆောင်မှုကို ကျွန်ုပ်တို့မှ ဖြတ်တောက်မည် ထိုအခါ သင့်အကောင့်ထဲရှိ လက်ကျန်ငွေများ လည်း ဆုံးရှုံးပါမည်။ ဝန်ဆောင်မှု ရပ်ဆိုင်းထားသည့်နေ့ရက်မှစ၍ ရက်ပေါင်း (၉၀) အတွင်း ငွေမဖြည့်ပါက သင်၏အကောင့်ထဲရှိ လက်ကျန် ငွေများသာမကသင်၏ ဖုန်းနံပါတ်ပါ ဆုံးရှုံးသွားပါမည်။

၆။ (ဂ) ကျွန်ုပ်တို့မှ ဝန်ဆောင်မှုအား ဆိုင်းငံ့ခြင်း၊ ရပ်တန့်ခြင်း၊ ရပ်ဆိုင်းခြင်း ပြုလုပ်မည်ဆိုလျှင် အသိပေးရန် ကြိုးစားပါမည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရန်လိုအပ်ချက်တစ်ခုမဟုတ်ပါ။

၇။ ကွဲပြားခြားနားချက်များ

၇။ (က) ကျွန်ုပ်တို့ အနေဖြင့် ကောက်ခံရမည့် နှုန်းထားများ ကို ပြင်ဆင်၊ အသစ်ပြောင်းလဲ နိုင်ပါသည်။ ၄င်း ပြင်ဆင်/ ပြောင်းလဲမှုများ မစတင်မီ ဆီလျော်သော နည်းလမ်းဖြင့် (ဥပမာ ၊ ၀န်ဆောင်မှုများမှ တဆင့် သတင်းများပေးပို့၍) ရက် ၃၀ (သုံးဆယ်) ကြိုတင် အကြောင်းကြားပါမည်။ သို့သော် ပြင်ဆင်/ပြောင်းလဲခြင်းသည် အကျိုးစီးပွားအရ သင့်အပေါ်တွင် ထိခိုက်ခြင်းမရှိနိုင်ဟု ယုံကြည်ပါက ကျွန်ုပ်တို့ အနေဖြင့် အကြောင်းကြားခြင်းမရှိဘဲ ၀န်ဆောင်မှု စတင်နိုင်ပါသည်။

၇။ (ခ) ကျွန်ုပ်တို့ အနေဖြင့် ၀န်ဆောင်မှုကို အချိန်မရွေးပြင်ဆင် / ရုပ်သိမ်းခွင့် နှင့် ဤ သဘောတူညီချက်ပါ အချက်အလက်များအား အချိန်မရွေး ပြောင်းလဲ / ပြင်ဆင်မှု ရှိပါသည်။ ၄င်းပြင်ဆင် / ပြောင်းလဲမှုများကို ကျွန်ုပ်တို့မှ သင့်တော်သည်ဟု ယူဆသော နည်းလမ်းများဖြင့် အသေးစိပ် ထုတ်ပြန်ပေး၍ ထိုသို့ထုတ်ပြန်သည့်အချိန်မှစ၍ သက်၀င်မှုရှိမည်။ ဥပမာ-၀န်ဆောင်မှုများမှ တဆင့် သတင်းပေးပို့၍ အသိပေးခြင်း

၇။ (ဂ) ထို့သို ပြောင်းလဲ/ပြင်ဆင်မှုများကြေငြာပြီး နောက် ၀န်ဆောင်မှုများကို ဆက်လက်သုံးစွဲသူများအားလုံးကို သဘောတူသည်ဟု မှတ်ယူပါမည်။ သို့မဟုတ်ပါက ငွေထပ်မံဖြည့်သွင်းခြင်း မပြုဘဲ ၀န်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။

၈။ ဥပဒေအရ တာ၀န်ကျရောက်မှုနှင့် ခြွင်းချက်ပြုခြင်းများ

၈။ (က) ကျွန်ုပ်တို့ ၏ ပေါ့ဆ မှုကြောင့် သင့်အားထိခိုက်ဒဏ်ရာ (သို့မဟုတ်) သေကြေပျက်စီးမှုများအတွက် အပြည့်အ၀တာ၀န်ယူပါသည်။သို့သော် အောက်ပါအချက်အလက်များအတွက် တာ၀န်ယူမည် မဟုတ်ပါ။

  • ၀င်ငွေ (သို့မဟုတ်) အမြတ်အစွန်းဆုံးရှုံးခြင်း
  • ၀န်ဆောင်မှုသုံးစွဲခွင့် ဆုံးရှုံးခြင်း
  • လုပ်ငန်း (သို့မဟုတ်) အခွင့်အရေး ဆုံးရှုံးခြင်း
  • ကျွန်ုပ်တို့နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော (သို့မဟုတ်) ဤသဘောတူညီချက်ပြုလုပ်ချိန်တွင် မျှော်မှန်းနိုင်ခြင်းမရှိသော အခြားဆုံးရှုံး ပျက်ဆီးမှုများ၊ ကျွန်ုပ်တို့ ထိန်းချုပ်မှု၏ ပြင်ပမှ အကြောင်းတစ်စုံတစ်ရာကြောင့် ၀န်ဆောင်မှု မပေးနိုင်ပါက ကျွန်ုပ်တို့ အပေါ်တွင် ဥပဒေအရ တာ၀န်ကျရောက်ခြင်းမရှိပါ။

၈။ (ခ) ကျွန်ုပ်တို့၏ တာ၀န်ပေါ့လျော့ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု (သို့မဟုတ်) သေကြေပျက်ဆီးမှု မဟုတ်လျှင် တောင်းခံနိုင်သော နစ်နာကြေး ခံစားခွင့်မှာ ကျပ် ၅၀၀၀၀၀( ၅သိန်း) အမြင့်ဆုံးဖြစ်ပါသည်။

၈ ။ (ဂ) ဤသဘောတူညီချက်ပါစည်းကမ်းချက်များသည် သုံးစွဲသူအား မည်သည့်ဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်ထားသော မည်သည့် အခွင့်အရေးများ အပေါ်တွင် မဆို ထိခိုက်သက်ရောက်ခြင်းမရှိနိုင်၍ ကျွန်ုပ်တို့နှင့် ဤသို့ သဘောတူညီခြင်းဖြင့် သင်၏အခွင့်အရေးများကို ခြွင်းချက်ပြု ထုတ်ပယ် ချန်လှပ်၍ မရနိုင်ပါ။

၉။ကိုယ်ရေး အချက်အလက်များ

၉(က)။ အောက်ဖော်ပြပါ ကိစ္စရပ်များ ၊ အချက်အလက်များတွင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ ကုမ္ပဏီမှ သင့်၏ အချက်အလက်များကို အသုံးပြုကောင်းပြုနိုင်ပါသည်။

  • သင့်အကောင့်ကို စီမံခန့်ခွဲရန်၊ သုံးစွဲသူများအတွက် ရှင်းလင်းပြန်ကြားပေးရေးလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန်၊ ကျွန်ုပ်တို့၏ ၀န်ထမ်းများအား သင်ကြားပို့ချရန် (ဖုန်းခေါ်ဆိုခြင်းနှင့် သင်တို့ပေးပို့လိုက်သော အီးမေးလ် (သို့မဟုတ်) မက်ဆေ့ချ်များကို ကြီးကြပ်ခြင်းဆိုင်ရာများ ပါ၀င်သော သင်တန်းများတွင်)
  • ကွန်ရက်၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုအား စောင့်ကြည့်ရန်၊ အိုင်တီနည်းစနစ်များကို စမ်းသပ်စစ်ဆေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်။
  • သင်တို့ပေးပို့လက်ခံရရှိသော ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များ၊ ဆက်သွယ်မှု ဖြစ်ပွားသောအချိန်၌ သင်ရောက်ရှိနေသောနေရာ၊ ကျွန်ုပ်တို့ ၀က်ဘ်ဆိုက်ကို သင်အသုံးပြုမှုနှင့် သင့်အသုံးပြုမှုဆိုင်ရာ အချက်အလက်များ အပါအ၀င်၊ သို့ရာတွင် ယင်းတို့သာဟု ကန့်သတ်ထားခြင်း မရှိဘဲ ဈေးကွက်ဖော်ဆောင်ရေး ရည်ရွယ်ချက်များ အတွက် သင်တို့၏ ၀န်ဆောင်မှုသုံးစွဲခြင်းများကို လေ့လာဆန်းစစ်ရာတွင် သင်ရောက်ရှိနေသော ခန့်မှန်းတည်နေရာအပါအ၀င် သင့်အချက်များကို အရေးပေါ်၀န်ဆောင်မှုများ ပေးအပ်သူသို့ ပေးပို့ရာတွင် အရေးပေါ်ကိစ္စများအတွက် ခေါ်ဆိုပါက
  • သင်ကန့်ကွက်ခဲ့ခြင်းမရှိပါက ဈေးကွက်ဖော်ဆောင်ရေး မက်ဆေ့ချ်များဖြင့် သင့်ကို ဆက်သွယ်မည်။ ယင်းမက်ဆေ့ချ်များတွင် အခြားသော အဖွဲ့ အစည်းများ ၏ ဈေးကွက်ဖော်ဆောင်ရေးများ ပါ၀င်နိုင်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် သင်၏ အချက်အလက်များနှင့် သက်ဆိုင်သော တာ၀န်၀တ္တရားများကို အခြားအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်လိမ့်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်တို့ထံမှ ဈေးကွက်ဖော်ဆောင်ရေး မက်ဆေ့ချ်များကို သင်လက်ခံရရှိလိုခြင်းမရှိပါက ၀က်ဘ်ဆိုက် (သို့မဟုတ်) ၉၇၉ သို့ ကျေးဇူးပြု ခေါ်ဆို၍ ဆက်သွယ် အသိပေးနိုင်ပါသည်။

၉။ (ခ) သင်၏ အချက်အလက်များ၏ အသေးစိတ်ကို မည်သည့်တယ်လီဖုန်း လမ်းညွှန်များတွင် မဆို (သို့မဟုတ်) ကျွန်ုပ်တို့ ၏(သို့မဟုတ်) အခြားကြားခံ ၀န်ဆောင်မှုပေးသည့် အဖွဲ့များ၏ တယ်လီဖုန်းလမ်းညွှန်များတွင်မဆို (သို့မဟုတ်) တယ်လီဖုန်း လမ်းညွှန်များတွင် လမ်းညွှန်စုံစမ်းခြင်း ၀န်ဆောင်မှုများတွင် ရိုက်နှိပ်ဖြန့်ချိနိုင်ပါသည်။ အကယ်၍ သင်၏အကြောင်းအရာများအား ဤ၀န်ဆောင်မှုများတွင် မပါ၀င်စေလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။


၉။ (ဂ) ကျွန်ုပ်တို့ သင်၏ အချက်အလက်များကို မည်သို့ မည်ပုံ အသုံးပြုမည်ကို သိရှိလိုပါက ကိုယ်ရေးကိုယ်တာ အချက်အလက်များဆိုင်ရာ ပေါ်လစီကို ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်တွင် ကျေးဇူးပြု၍ ဖတ်ကြည့်ပေးစေလိုပါသည်။

၁၀။ အထွေထွေ

၁၀။ (က) ဤသဘောတူညီမှုအား မည်သူ့ကို မဆို၊ မည်သည့် အချိန်တွင်ဖြစ်စေ ကျွန်ုပ်တို့ လွှဲပြောင်းပေးနိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့နှင့် သဘောတူညီမှုကို လွှဲပြောင်းပေးချင်သည်ဆိုပါက ကျွန်ုပ်တို့ သဘောတူညီလျှင် သင်လွှဲပြောင်းပေးနိုင်ပါသည်။ ဤ တောင်းဆိုမှုကို အကြောင်းအကျိုးမခိုင်လုံဘဲ ကျွန်ုပ်တို့က ငြင်းဆန်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ သဘောတူညီသည် ဆိုပါက ဤ သဘောတူညီမှုကို သင်မှ လက်ခံခဲ့သောကြောင့် လက်ကိုင်ဖုန်း ဆိုင်ရာ ပစ္စည်း ၊ ၎င်းနှင့်သက်ဆိုင်သောကြွေးမြီများ ပါ၀င်သော တာ၀န်သည် သင့်အပေါ်တွင် ကျရောက်သည့်အတိုင်း ကျွန်ုပ်တို့ က သင့်အပေါ် ဆောင်ရွက်ပြု လုပ်မည်။

၁၀။ (ခ) အကယ်၍သင် (သို့မဟုတ်) ကျွန်ုပ်တို့မှ ဤ သဘောတူညီမှုအရ အခွင့်အရေးများကို စည်းကြပ်ရန် ပျက်ကွက်ခဲ့ပါက နှင့် ရပိုင်ခွင့်များကို မလိုက်နာ နိုင်ပါက ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းများမှ သင် (သို့မဟုတ်) ကျွန်ုပ်တို့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။

၁၀။ (ဂ) သင်၏လက်ကိုင်ဖုန်းဆိုင်ရာ ပစ္စည်းကို သုံးသောအခါ သင်ဆက်သွယ်သော လက်ကိုင်ဖုန်းပစ္စည်းတွင် သင်၏ ဖုန်းနံပါတ်ကို ဖော်ပြခြင်းခံရနိုင်ပါသည်။ အကယ်၍ အရေးပေါ်ဆိုင်ရာ၀န်ဆောင်မှုကို သင်ဆက်သွယ်စဉ်တွင် သင်၏ဖုန်းနံပါတ်သည် သင်ဆက်သွယ်သည့် အရေးပေါ် ၀န်ဆောင်မှုထံတွင် အမြဲတမ်း ဖော်ပြနေပါမည်။

၁၀။ (ဃ) အကယ်၍ သင့်တွင်တိုင်ကြားရန် အကြောင်းအရာရှိပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။ သင်၏ တိုင်ကြားချက်များကို ကျွန်ုပ်တို့မှ အကောင်းဆုံးဖြေရှင်းပေးသွားပါမည်။ ဤသဘောတူညီမှုနှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ရာများ ရှိပါက သင် (သို့မဟုတ်) ကျွန်ုပ်တို့မှ တရားဥပဒေအရ မြန်မာနိုင်ငံ တရားရုံးတွင် ဖြေရှင်းနိုင်ပါသည်။

၁၀။ (င) ဤသဘောတူညီမှုကို မြန်မာနိုင်ငံဥပဒေများဖြင့် လွှမ်းမိုးသက်ရောက်မှု ရှိမည်။

၁၁။ ဤစည်းကမ်း သတ်မှတ်ချက်များ၏ အခြားသော ဘာသာများဖြင့် ရေးသားထားသော မူများကို လွှမ်းမိုး၍ အင်္ဂလိပ်ဘာသာဖြင့် မူသည်သာ အတည်ဖြစ်မည်။

ကျွန်ုပ်တို့အား ဆက်သွယ်ရန်
အီးမေးလ် - care@telenor.com.mm
ဖုန်းသုံးစွဲသူ ဆိုင်ရာ ရှင်းလင်းပြန်ကြားရေးဌာန ( Customer Care Center) - ၉၇၉ (သို့မဟုတ်) ၀၉၇၉၀၀၉၇၉၀၀
မြန်မာမှတ်ပုံတင်အမှတ် -၃၈၇ အက်ဖ်စီ / ၂၀၁၃ - ၂၀၁၄ ။
ရုံးချုပ်- အမှတ် (၄၀) ၊ စက်မှု (၁) လမ်း ၊ ဗဟန်းမြို့နယ် ၊ ၁၁၀၈၁၊ ရန်ကုန်၊ မြန်မာ။