Share

တယ်လီနောအကြောင်းမိတ်ဆက်

တယ်လီနောတွင် မိုဘိုင်းဆက်သွယ်ရေးသည် လူအနည်းငယ်အတွက်သာမဟုတ်ဘဲ အားလုံးအတွက်ဟု ယုံကြည်ထားပါသည်။ ပြည်သူလူထု၏ နေ့စဉ်ဘဝများအတွက် မိုဘိုင်းဆက်သွယ်ရေးမှတစ်ဆင့် အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။


အချက်အလက် အကျဉ်း

  • တယ်လီနောသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်၌ ဆက်သွယ်ရေးလိုင်စင်ကို လက်ခံရရှိခဲ့ပြီး မိုဘိုင်းဝန်ဆောင်မှုများဖြစ်သော အသံ နှင့် အင်တာနက်ဝန်ဆောင်မှုများကို 2G နှင့် 3G GSM နည်းပညာများကို အသုံးပြုကာ ၂၀၁၄ ခုနှစ်ကတည်းက ပေးအပ်နေပါသည်။
  • တယ်လီနော၏ ကွန်ရက်သည် LTE (4G မိုဘိုင်းဆက်သွယ်မှု ကွန်ရက်) နှင့် အခြားအနာဂတ် နည်းပညာများကို အသုံးပြုနိုင်ရန် အသင့်ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လူဦးရေ ၉၀% အား ၅ နှစ်အတွင်း မိုဘိုင်းဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်ထားပါသည်။
  • တယ်လီနောသည် ကြီးမားသော ဖြန့်ချိရေးဝန်ဆောင်မှုမှ တစ်ဆင့် စျေးကွက်တစ်ခုလုံးအား ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ အသုံးပြုသူများ မည်သည့်နေရာတွင် နေထိုင်စေကာမူ တယ်လီနော၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အပြည့်အဝရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  • တယ်လီနောသည် မြန်မာနိုင်ငံအနှံ့ရှိ တရားဝင် ဖြန့်ချိရေး နှင့် အရောင်းကိုယ်စားလှယ်များနှင့် အတူပူးပေါင်းဆောင်ရွက်ကာ ဝန်ဆောင်မှုစတင်ပြီး ၅ နှစ်အတွင်း အရောင်းဆိုင်ပေါင်း ၁ သိန်း ခန့်တည်ထောင်သွားမည်ဖြစ်ပါသည်။
  • တယ်လီနောသည် ကမ္ဘာတဝန်းတွင် ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ကျွနုပ်တို့မှာမူ ပြည်တွင်းရှိ လုပ်ငန်းတစ်ခုဖြစ်ပါသည်။ တယ်လီနောသည် ဆက်သွယ်ရေးလုပ်ငန်း ဆန်းသစ်တီထွင်မှု၊ တာဝန်သိစီးပွားရေးလုပ်ငန်းဆောင်ရွက်မှု နှင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်မှုတို့ကို ဆောင်ရွက်မည့် သွက်လက်လှုပ်ရှားနေသော စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။
  • တယ်လီနောသည် ပြည်သူများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ တယ်လီနောသည် တာဝန်သိတတ်မှုရှိပြီး မြန်မာနိုင်ငံတွင် ပြည်သူများရွေးချယ်မည့် လုပ်ငန်းတစ်ခုဖြစ်ရန် ရည်သန်ထားပါသည်။ တယ်လီနော၏ လုပ်ငန်းဓလေ့ထုံးစံသည် ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းရည်မြှင့်တင်မှု နှင့် စိတ်ဓာတ်မြှင့်တင်ရေး လှုံ့ဆော်အားပေးမှုတို့အပေါ် မူတည်ကာ တည်ဆောက်ထားပါသည်။ ထို့အပြင် ဝန်ထမ်းများနှင့် လက်တွဲဖော်များအား ကၽွမ်းကျင်မှု နှင့် ခေါင်းဆောင်မှု သင်တန်းများနှင့် အတွေ့အကြုံများမှ တစ်ဆင့် စွမ်းဆောင်ရည်အမြင့်မားဆုံးရရှိနိုင်ရန် ကူညီသွားမည်ဖြစ်ပါသည်။
  • တယ်လီနောသည် ဝန်ထမ်း ၁၀၀၀ ခန့်ကို ခန့်အပ်သွားရန် ရည်ရွယ် ထားပါသည်။ ထို့အပြင် တိုက်ရိုက်မဟုတ်သော အခြား အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ကို လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းပူးပေါင်းသူများ နှင့် အရောင်းဆိုင်များမှ တစ်ဆင့် ဖန်တီးပေးသွားမည် ဖြစ်ပါသည်။