Share

လက်တွဲလုပ်ဆောင်ရန်

မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်နိုင်ရန် လူအများ နေထိုင်လှုပ်ရှားသွားလာနေသည့် နေရာများတွင် တယ်လီနော တည်ရှိနေရပါမည်။ ကွန်ရက်ချိတ်ဆက်ခြင်းသာမက ဖြန့်ချိရေး နေရာများနှင့် အရောင်းကိုယ်စားလှယ်များ တိုးချဲ့ခြင်းဖြင့် ယင်းအချက်ကို အောင်မြင်စေရန် ကြိုးပမ်းနေပါသည်။ မြန်မာနိုင်ငံ တစ်ဝှမ်း ချိတ်ဆက်မှုရှိစေရန် အတွက် တယ်လီနောနှင့် လက်တွဲဆောင်ရွက်နိုင်ပါသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် ခေတ်မီဆက်သွယ်ရေးကွန်ရက် တိုးချဲ့မှုနှင့် အရည်အသွေးမြင့်မား၍ စျေးနှုန်းသင့်တင့်သော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေပါသည်။

ဆက်သွယ်ရေး ဖြန့်ချိမှုနှင့် အရောင်းဆိုင်များတွင် စီးပွားရေးလုပ်ငန်းတည်ဆောက်ခြင်း

တယ်လီနောမြန်မာသည် အသုံးပြုသူများ နေထိုင်လှုပ်ရှားသွားလာနေတဲ့ နေရာများတွင် နီးကပ်စွာနှင့် အစဉျပြေစွာထားရှိနိုင်ရန် ဖြန့်ချိရေးလက်တွဲဖော်များ၊ ကုန်သွယ်ရေးနှင့် အရောင်းလက်တွဲဖော်များကို လိုအပ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူလူထုများအတွက် ခေတ်မီဆန်းသစ်သော မိုဘို်င်းဆက်သွယ်ရေး ကုန်ပစ်စည်းများ နှင့် ဝန်ဆောင်မှုများ၏ အကျိုးကျေးဇူးများကို ပေးအပ်နိုင်ရန် တယ်လီနောနှင့် ပူးပေါင်းပါ။

အသုံးပြုသူများအတွက် ယုံကြည်အားထားရသော အကြံပေးသူ

မိုဘိုင်းဆက်သွယ်ရေးရရှိမှုသည် ရင်းနှီးမှုတစ်ခု၏အစဖြစ်ပါသည်။ တယ်လီနောသည် အသုံးပြုသူများအတွက် ဝန်ဆောင်မှုပေးသူတစ်ဦး ဖြစ်ရုံသာမက အသုံးပြုသူနှင့် ၄င်း၏အနီးဆုံးရှိ အရောင်းဆိုင်များကြားရှိ ရင်းနှီးမှုကိုလည်း တည်ဆောက်ပေးပါသည်။ အရောင်းကိုယ်စားလှယ်များသည် အသုံးပြုသူများကို ၄င်းတို့၏ မိုဘိုင်းချိတ်ဆက်မှုနှင့် ပတ်သက်၍ အကြံပေးမှု၊ ဝန်ဆောင်မှုပေးခြင်း နှင့် ကူညီထောက်ပံ့ပေးခြင်းတို့တွင် အဓိကနေရာမှပါဝင်ပါသည်။ အရောင်းဆိုင်များသည် တယ်လီနော၏ ကုန်ပစ်စည်များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သော အကြောင်းအရာများကို အသေးစိတ် သိရှိနားလည်သည့်အတွက် ယုံကြည်အားထားရပါသည်။ ကုန်သွယ်မှုနှင့် ရောင်းချရေးလက်တွဲဖော်များသည် တယ်လီနော၏အောင်မြင်မှုအတွက် အဓိကကျပါသည်။

အောင်မြင်မှုလမ်းကြောင်းကို အတူလှျောက်လှမ်းနိုင်ရန် လေ့ကျင့်ပေးမှုနှင့် ကူညီထောက်ပံ့မှု

တယ်လီနော၏ အရောင်းနှင့် ဖြန့်ချိရေးအဖွဲ့သည် ရောင်းချပေးမည့်ကိုယ်စားလှယ်များအား ကုန်ပစ်စည်းကို ရောင်းချ ပေးနိုင်ရုံသာမက ထပ်ဆောင်းပံ့ပိုးပေးမှုတို့ကိုပါ ကိုယ်စားလှယ်များမှတစ်ဆင့် အသုံးပြုသူများအား ပေးစွမ်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ တယ်လီနောသည် မြဲမြံခိုင်မာပြီး စွမ်းဆောင်မှုကို အသိမှတ်ပြုမည့် ဖြန့်ချိရေးအဖွဲ့အစည်းများကို တည်ထောင်ရန်နှင့် စွမ်းဆောင်မှုပိုမိုကောင်းမွန်ရန်အတွက် လေ့ကျင့်ပေးသော အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများကို စီစဉျလျက်ရှိပါသည်။

စိတ်ဝင်စားပါသလား။

တယ်လီနောသည် မြန်မာနိုင်ငံဒေသအနှံ့အပြားသို့ ဖြန့်ကျက်သွားမည် ဖြစ်သည့်အလှျောက် ပူးပေါင်းလက်တွဲလိုသူများသည် ကုန်ပစ်စည်းများနှင့် ဝန်ဆောင်မှုများကို တရားဝင်ဖြန့်ချိရေးနှင့် ရောင်းချမှုအတွက် လှျောက်ထားနိုင်ပါသည်။ ဖြန့်ချိရေးနှင့် ပတ်သက်သော အချက်အလက်များကို သိရှိလိုပါက partner.myanmar@telenor.com.mm သို့ စာရေးပို့နိုင်ပါသည်။

Telenor မှ တနင်္သာရီတိုင်းဒေသကြီး ၊ ရှမ်း၊ ကချင်၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်လည်း ဆက်လက်တိုးချဲ့ ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်လျှောက်ထားလိုသူများ အနေဖြင့် partner.myanmar@telenor.com.mm သို့ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို ၂၀၁၅ မတ်လ(၃၀) ရက်နေ့ နောက်ဆုံးထားပေးပို့ရပါမည်။