Share

Tourist SIM

မြန်မာပြည်ကို အလည်လာခြင်းဖြစ်စေ အလုပ်ကိစ္စနှင့်ဖြစ်စေ ရောက်ရှိနေသော မိတ်ဆွေတို့အတွက် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသော ဖုန်းခေါ်ဆိုမှုကို တယ်လီနောမှ မိတ်ဆက်ပေးပါရစေ။ တယ်လီနော Tourist sim ဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အင်တာနက် ကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဖုန်းခေါ်ဆိုမှုများအပြင် မိမိချစ်ခင်ရသော သူငယ်ချင်း မိတ်ဆွေများနှင့် လူမှုကွန်ရက်များတွင် အမြဲမပြတ် ချိတ်ဆက်နိုင်ပါပြီ။ အနည်းဆုံး ၁၀၀၀ကျပ် မှစ၍ အများဆုံး ၁၀၀၀၀၀ ကျပ်အတိ E load ဖြင့်လည်း အချိန်မရွေး ငွေဖြည့်နိုင်ပါသည်။

Telenor Tourist SIM ကို ၂၀၁၆ ခုနှစ် နို၀င်ဘာ ၂၈ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်မိတ်ဆက်ခဲ့ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။

၁၅၀၀၀ကျပ်တန် Tourist SIM တွင်ပါ၀င်သော အစီအစဉ်များ

  • 5GB မြန်နှုန်းမြင့် အင်တာနက်
  • ပြည်တွင်းဖုန်းခေါ်ဆိုမှုအတွက် ၅၀ မိနစ်
  • မည်သည့်အစီအစဉ်မဆို အသုံးပြုရန်အတွက် ငွေကျပ် ၁၅၀၀
  • စတင်အသုံးပြုရန် ပထမဦးဆုံး ဖုန်းခေါ်ဆိုခြင်း
  • ပထမဦးဆုံး ဖုန်းခေါ်ဆိုသည့်ရက်မှ စ၍ ၁၄ရက်အတွင်း SIM card တွင်ပါရှိသော အကျိုးခံစားခွင့်များကိုအသုံးပြု၍ ရနိုင်ခြင်း
  • အခမဲ့ အ၀င်ခေါ်ဆိုမှု နှင့် SMS စာတိုလက်ခံမှု

Most frequently asked questions

တယ်လီနော Tourist ဆင်းမ်ကတ်အား စတင်အသုံးပြုရန် မည်သည့်ဖုန်းနံပါတ်ကိုမဆို ခေါ်ဆိုပါ။
ပက်စပို့စ်နှင့် ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ပါသည်။
ရက် ၃၀ ဖြစ်ပါသည်။ ရက် ၃၀ အတွင်း ငွေထပ်ဖြည့်မယ်ဆိုရင် ပုံမှန်ဆင်မ်ကတ် သက်တမ်းအလိုက် ပြန်ဖြစ်သွားမှာ ဖြစ်ပါသည်။