Share

Telenor BroadBand

ရန်ကုန်မြို့တွင် အိမ်အရောက် တပ်ဆင်ခြင်း ၀န်ဆောင်မှု စတင်ပါတော့မည်။

  • ပုံသေသတ်မှတ်ထားသော လစဉ်ကြေး
  • အသုံးပြုမှုနှင့်ပတ်သက်၍ အပိုထပ်ဆောင်းငွေ ပေးစရာမလိုခြင်း
  • နှစ်စဉ်ကြေးပေးဆောင်ရန် မလိုအပ်ခြင်း
  • TV အပါအ၀င် မည်သည့် device များတွင်မဆို အရည်အသွေးမြင့်မားသော ဗီဒီယိုများကို ကြည့်ရှုနိုင်ခြင်း - အပိုကုန်ကျမှုမရှိခြင်း
  • အမြဲတမ်း တည်ငြိမ်မှုနှင့် မြင့်မားသော အရည်အသွေးရှိခြင်း
  • အမြဲတမ်း မြန်နှုန်းကို အပြည့်အ၀ရရှိခြင်း (အိမ်နီးချင်းများ၏ အင်တာနက် အသုံးပြုမှုကြောင့် သင်၏အင်တာနက်အသုံးပြုမှုပေါ်တွင် သက်ရောက်မှုမရှိပါ။)
  • မီးပျက်သွားသော အချိန်၌လည်း အင်တာနက်၀န်ဆောင်မှုအား ဆက်လက်အသုံးပြုနိုင်ခြင်း (အိမ်တွင်း အရန်လျှပ်စစ်စနစ်ရရှိရန် လိုအပ်သော ပစ္စည်းများရှိရမည်မှာ customer၏တာ၀န်သာ ဖြစ်ပါသည်။)
  • သင်၏လိုအပ်သော မြန်နှုန်းအတွက် အမျိုးမျိုးသော ၀န်ဆောင်မှုအစီအစဉ်များရှိခြင်း
  • အင်တာနက်အသုံးပြုမှုအတွက် သင်၏လိုအပ်ချက်နှင့်ကိုက်ညီသော မြန်နှုန်းနှင့် ဈေးနှုန်းအစီအစဉ်များ
  • Facebook အသုံးပြုခြင်းနှင့် လူနည်းစု တပြိုင်နက်အသုံးပြုခြင်းအတွက် ချိုသာသော ၀န်ဆောင်မှုများနှင့် ဗီဒီယိုများကြည့်ရှုခြင်း၊ လူများစုတပြိုင်နက်အသုံးပြုခြင်းအတွက် ၀န်ဆောင်မှုများကို ရရှိနိုင်ခြင်း

Telenor Broadband 2

  • မြန်နှုန်း:2Mbps/2Mbps
  • အသေးစိတ်အချက်အလက်:
    • ဒေတာအကန့်အသတ်မဲ့အသုံးပြုနိုင်မှု
    • Tabletများ နှင့် ဖုန်းများဖြင့် Web၊ Facebook၊ YouTube၊ Music နှင့် အခြားတူညီသော ၀န်ဆောင်မှုများအား အသုံးပြုနိုင်ခြင်း
    • အသုံးပြုသူ နှစ်ယောက်မှသုံးယောက်အထိ တပြိုင်နက်အသုံးပြုနို်င်ခြင်း (အသုံးပြုသော ၀န်ဆောင်မှုပေါ်မူတည်၍)

Telenor Broadband 6

  • မြန်နှုန်း: 6Mbps/6Mbps
  • အသေးစိတ်အချက်အလက်:
    • ဒေတာအကန့်အသတ်မဲ့အသုံးပြုနိုင်မှု
    • Tabletများ၊ ဖုန်းများ၊ PCများ နှင့် TVများဖြင့် Web၊ Facebook၊ YouTube၊ Music၊ Game နှင့် HD quality ရှိသော ဗီဒီယိုများအား ၀င်ရောက်ကြည့်ရှု အသုံးပြုနိုင်ခြင်း
    • အနည်းဆုံး အသုံးပြုသူ လေးယောက်မှငါးယောက်အထိ တပြိုင်နက်အသုံးပြုနို်င်ခြင်း (အသုံးပြုသော ၀န်ဆောင်မှုပေါ်မူတည်၍)

Telenor Broadband အင်တာနက် ၀န်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ

ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာ့ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် (၃၈၇၊ FC ၂၀၁၃/၂၀၁၅) ဖြင့် အမှတ် (၄၀)၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော Telenor Myanmar Ltd.(သို့မဟုတ် Telenor )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။
ပိုမိုသိရှိရန်

Telenor မြန်နှုန်းမြင့် Broadbandအင်တာနက်၏ တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒ

တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒ ("မူဝါဒ") သည် Telenor နှင့် Telenor မြန်နှုန်းမြင့် Broadband ( နှစ်ခုစလုံးကို "Telenor" ဟုရည်ညွှန်းသုံးနှုန်းမည်) နှင့် Telenor Broadband မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများ ကို သုံးစွဲနေကြသည့် ၄င်းတို့၏ သုံးစွဲသည့် customerသူများကြားတွင် အတိုင်းအတာအားဖြင့် လက်ခံနိုင်ဖွယ်ရှိသည့် ကျင့်ဝတ်များကို ချမှတ်ပေးပါသည်။ အင်တာနက်သုံးစွဲသူများအားလုံးသည် မိမိတို့၏အင်တာနက်သုံးစွဲမှု နှင့် ထိုသုံးစွဲမှုသည် တစ်ပါးသော သုံးစွဲသူများအပေါ်တွင်မည်သို့မျှ သက်ရောက်ထိခိုက်မှုမရှိအောင် တာဝန်သိသိ၊ တာဝန်ရှိရှိ နှင့် တာဝန်ခံယူလိုစိတ်အပြည့်ဖြင့် သုံးစွဲကြလိမ့်မည်ဟု Telenorက ယုံကြည်မျှော်လင့်ပါသည်။
ပိုမိုသိရှိရန်

Most frequently asked questions

Telenor Broadband​တွင် Power Backup Plan ​ပါ​ဝင်​ပြီး၊ ​၎င်း​သည် ​အင်​တာ​နက်​ကို (၈)​နာ​ရီ​အ​ထိ ​အ​သုံး​ပြု​နိုင်​အောင် ​ထောက်​ပံ့​ပေး​ပါ​သည်။ (​အိမ်​တွင်​လျှပ်​စစ်​မီး​ရ​ရန် ​လို​အပ်​သော ​ပ​စ္စည်း​များ​ရှိ​ရ​မည်​မှာ customer​၏​တာ​ဝန်​သာ ​ဖြစ်​ပါ​သည်။)
“​သင်​လို​အပ်​သ​လောက် ​အင်​တာ​နက်​ကို​အ​သုံး​ပြု​နိုင်​ပါ​သည်”
  • Telenor Broadband​နှင့်​အ​တူ ​သင်​ရွေး​ချယ်​ထား​သော ​မြန်​နှုန်း​ဖြင့် ​အင်​တာ​နက်​ကို ​သင်​ကြိုက်​သ​လောက် ​အ​သုံး​ပြု​နိုင်​ပါ​သည်။
  • Customer​များ​အား​လုံး Wifi router​ရ​ရှိ​မည်​ဖြစ်​ပြီး၊ ​၎င်း​နှင့်​အ​တူ mobile ​ဖြင့်​လည်း​ကောင်း၊ ​ကွန်​ပြူ​တာ (​သို့) ​အ​ခြားdevice ​များ​သို့ ​ကြိုး​ဖြင့်​ချိတ်​ဆက်​ကာ ​အင်​တာ​နက်​အ​သုံး​ပြု​နိုင်​ပါ​သည်။
​​​​အ​​​သုံး​​​ပြု​​​နိုင်​​​ပါ​​​တယ်။ Telenor Broadband ​​​ဝန်​​​ဆောင်​​​မှု​​​များ​​​ကို ​​​မြန်​​​နှုန်း​​​အ​​​မျိုး​​​မျိုး​​​ကို ​​​ဈေး​​​နှုန်း​​​အ​​​မျိုး​​​မျိုး​​​ဖြင့်​​​ရ​​​၌​​ရှိ​​နိုင်​​​ပါ​​​သည်။ ​​​ဝန်​​​ဆောင်​​​မှု​​​များ​​​အ​​​တွက် ​​​ဈေး​​​နှုန်း​​​အ​​​မျိုး​​​မျိုး​​​ရှိ​​​သော plan​​​ပေါ်​​​မူ​​​တည်​​​ပြီး ​​​အ​​​သုံး​​​ပြု​​​နိုင်​​​သော user​​​အ​​​ရေ​​​အ​​​တွက် ​​​ကွာ​​​ခြား​​​လိမ့်​​​မည်။
​စာ​ရင်း​သွင်း​ထား​သော customer​များ​အား​လုံး ​ပို​၍​ကောင်း​သော ​ဝန်​ဆောင်​မှု​ကို ​လေ့​လာ​သိ​ရှိ​ခံ​စား​နိုင်​စေ​ရန် ​အ​ခ​မဲ့​စမ်း​သပ်​အ​သုံး​ပြု​ခွင့် ​ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။ ​ပ​ထ​မ​ဆုံး​သော​အ​ရောင်း​ကာ​လ​အ​တွင်း ​စာ​ရင်း​သွင်း​သော custome​အုပ်​စု​သည် ​စမ်း​သပ်​အ​သုံး​ပြု​ခွင့် (၄)​ပတ်​ရ​ရှိ​မည်​ဖြစ်​ပြီး၊ ​ဒု​တိ​ယ​အ​ကြိမ်​တွင် ​စာ​ရင်း​သွင်း​သော custome​အုပ်​စု​သည် ​စမ်း​သပ်​အ​သုံး​ပြု​ခွင့် (၂)​ပတ်​ရ​ရှိ​လိမ့်​မည်​ဖြစ်​ပါ​သည်။
​ဈေး​မ​ကြီး​ပါ၊ Telenor Broadband ​ဝန်​ဆောင်​မှု​များ​၏ ​ဈေး​နှုန်း​များ​မှာ ​ဈေး​ကွက်​အ​တွင်း ​ပြိုင်​ဘက်​များ​ထက် ၅​ဆ​မှ၁၀​ဆ​ထိ ​နည်း​ပါ​သည်။
Telenor Broadband ​ဝန်​ဆောင်​မှု​များ​အ​တွက် ​နှစ်​စဉ်​ကြေး​ပေး​ဆောင်​ရန် ​မ​လို​ပါ။
​တယ်​လီ​နော​မြန်​မာ​သည် ​သင့်​တင့်​မျှ​တ​သော​ဈေး​နှုန်း၊ ​စိုး​ရိမ်​ပူ​ပန်​မှု​ကင်း​သော၊ ​အ​နာ​ဂတ်​နည်း​ပ​ညာ​များ​ကို ​အ​သုံး​ပြု​ရန် ​အ​သင့်​ရှိ​နေ​သော broadband ​ဝန်​ဆောင်​မှု​ကို ​ပေး​နေ​ပါ​သည်။
Telenor Broadband​ကို (၁)​ဂီ​ဂါ​ဘစ်​အ​ထိ ​မြန်​နှုန်း​ပေး​နိုင်​သော fiber​ဆက်​သွယ်​မှု​ကို ​တပ်​ဆင်​ထား​မည်​ဖြစ်​သည်။ ​ထို့​ကြောင့် quality ​နှင့် ​မြန်​နှုန်း​ကို Online​ပေါ်​တွင် ​တိုက်​ရိုက်​ဂိမ်း​က​စား​နိုင်​သော၊ TV​နှင့် ​ရုပ်​ရှင်​များ​တိုက်​ရိုက်​ကြည့်​ရှု​နိုင်​သည်​အ​ထိ ​ပေး​နိုင်​ကြောင်း​အာ​မ​ခံ​ပါ​သည်။
​အင်​တာ​နက်​လိုင်း​က​အ​လွန်​တည်​ငြိမ်​မှု​ရှိ​ပြီး router​ဆီ​သို့ ​ရောက်​ရှိ​သော​မြန်​နှုန်း​မှာ​လည်း ​အ​မြဲ​တမ်း​တူ​ညီ​နေ​ပါ​လိမ့်​မည်။ user​အ​များ​ကြီး​က router​နှင့်​ချိတ်​ဆက်​ပြီး​အင်​တာ​နက်​အ​သုံး​ပြု​နိုင်​ပါ​သည်၊ ​သို့​ရာ​တွင် user​အ​များ​ကြီး​တ​ပြိုင်​နက်​အ​သုံး​ပြု​မှု​သည် user ​တစ်​ ဦး​ချင်း​စီ​အ​တွက် ​အင်​တာ​နက်​အ​သုံး​ပြု​သည့် အ​တွေ့​အ​ကြုံ​အ​ပေါ် ​သက်​ရောက်​မှု​ရှိ​လိမ့်​မည်။ ​ဖိုက်​ဘာ​အင်​တာ​နက်​ဝန်​ဆောင်​မှု​နှင့်​ပတ်​သက်​၍ ​အ​တွေ့​အ​ကြုံ​ရ​ရှိ​ရန် ​သင်​ကိုယ်​တိုင် ​အ​ခ​မဲ့​အင်​တာ​နက်(၁)​လ​အ​သုံး​ပြု​ခွင့်​ကို ​စမ်း​ကြည့်​ပါ။
​ဟုတ်​ပါ​တယ်၊ ​ဒေ​တာ​ပ​မာ​ဏ​အ​ကန့်​အ​သတ်​မဲ့ ​စိတ်​ကြိုက်​အ​သုံး​ပြု​နိုင်​ပါ​သည်၊ ​သို.သော် ​အင်​တာ​နက်​အား​အ​ခြား​သူ​များ​သို့ share​သုံး​ခြင်း (​သို့) ​ပြန်​ရောင်း​ချ​ခြင်း​ကို ​လုံး၀​ခွင့်​မ​ပြု​ပါ။
customer service ​အား ​နံ​နက်(၇)​နာ​ရီ​မှ​ည(၁၁)​နာ​ရီ​ထိ​သာ ​ဆက်​သွယ်​နိုင်​ရန် ​ဝန်​ဆောင်​မှု​ပေး​ထား​ပါ​သည်။
အ​ကယ်​၍ ​အင်​တာ​နက်​ချွတ်​ယွင်း​မှု​ကြာ​ချိန်​သည် ​တစ်​ပတ်​ထက်​ကျော်​လွန်​သွား​လျှင် customer ​၏​နစ်​နာ​မှု​အား ​အ​လျော်​ပြန်​ပေး​ရန် ​အ​စီ​အ​စဉ်​ရှိ​ပါ​သည်။ ​အ​ခ​မဲ့​စမ်း​သပ်​အ​သုံး​ပြု​ခွင့်​ကာ​လ​အ​ပြီး ​မှတ်​ပုံ​တင်​ရ​မည့် ​သုံး​စွဲ​သူ​သ​ဘော​တူ​ညီ​မှု​စာ​ချုပ်​တွင် ​အ​သေး​စိတ်​ဖော်​ပြ​ထား​ပါ​မည်။
​အ​စမ်း​အ​သုံး​ပြု​ခွင့်​ကာ​လ​ပြီး​နောက် custome​သည် ​ဝန်​ဆောင်​မှု​အ​တွက် ​စ​တင်​ငွေ​ပေး​ဆောင်​ရန် ​ရွေး​ချယ်​လိုက်​ပြီ​ဆို​လျှင် router​အ​တွက် ​ငွေ​ပေး​စ​ရာ​မ​လို​ပါ။ customer​သည် ​ဝန်​ဆောင်​မှု​အ​တွက် ​စ​တင်​ငွေ​ပေး​ဆောင်​ရန် ​မ​ရွေး​ချယ်​ဘူး​ဆို​လျှင် ​တယ်​လီ​နော​သည် router​အား​ပြန်​လည်​သိမ်း​ဆည်း​မည်​ဖြစ်​သည်။
​အ​ကျိုး​ခံ​စား​ခွင့်​အ​နေ​နှင့် ​ပိုင်​ရှင်​အ​ပါ​အ​ဝင် ​လူ​တိုင်း ​ရန်​ကုန်​မြို့​၏​နှစ်​နေ​ရာ​မှာ​သာ​ရ​ရှိ​နိုင်​သော ​အ​ငြင်း​ပွား​စ​ရာ​မ​ရှိ​သော ​မြန်​နှုန်း​မြင့်​အင်​တာ​နက်​ကို ​ပုံ​သေ​သတ်​မှတ်​ထား​သော​ဈေး​ဖြင့်​သာ ​အ​သုံး​ပြု​ရန် ​အ​ခွင့်​အ​ရေး​ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။ ​အ​ခ​မဲ့​တပ်​ဆင်​ခွင့်​ကို ​အ​ထူး​အ​ခွင့်​အ​ရေး​အ​နေ​နှင့် ​ခံ​စား​ရ​မည်​ဖြစ်​သည်။
​သင်​၏​အိမ်(​သို့)​တိုက်​ခန်း​သို့ ​သီး​သန့်​တပ်​ဆင်​ထား​သော ​အင်​တာ​နက်​ဝန်​ဆောင်​မှု​ဖြစ်​သော​ကြောင့် ​ရွေ့​ပြောင်း​ယူ​ဆောင်​သွား​ရန် ​မ​ဖြစ်​နိုင်​ပါ။ ​သင်​ရွေ့​ပြောင်း​သော​နေ​ရာ​သစ်​သည် ​တယ်​လီ​နော​မှ ​သီး​သန့်​တပ်​ဆင်​ထား​သော ​အင်​တာ​နက်​ဝန်​ဆောင်​မှု​ကို ​ယူ​ထား​ပြီး​သား​ဆို​လျှင် ​၎င်း​မှ​တစ်​ဆင့် ​သင်​သည် ​အင်​တာ​နက်​ဝန်​ဆောင်​မှု​ကို ​ဆက်​ပြီး​အ​သုံး​ပြု​နိုင်​မည်​ဖြစ်​သည်။
အ​ခ​မဲ့​စမ်း​သပ်​အ​သုံး​ပြု​ခွင့်​သည် ​စ​တင်​ရန်​စာ​ရင်း​ပေး​လိုက်​ခြင်း​မှ​စ​၍ ​တစ်​လ​ဖြစ်​သည်။ ​ထို့​နောက် customer​သည် ​ဆက်​၍ ​မ​ပေး​ဆောင်​လျှင် ​ဝန်​ဆောင်​မှု​သည် ​အ​လို​အ​လျောက်​ပိတ်​သွား​မည် ​ဖြစ်​ပါ​သည်။ customer​သည် ​ဝန်​ဆောင်​မှု​အ​တွက် ​တစ်​လ​ချင်း​စီ​စ​တင်​ပေး​ဆောင်​မည်​ဆို​လျှင် ​ဝန်​ဆောင်​မှု​သည် customer​ပုံ​မှန်​လ​စဉ်​ကြေး​ပေး​ဆောင်​သည်​အ​ထိ ​အ​လုပ်​လုပ်​မည်​ဖြစ်​သည်။
ယခုလောလောဆယ် Customerများအတွက် ဘေလ်ပေးဆာင်မှုအား Wave Money ဖြင့် ပေးဆောင်နိုင်ရန် စီစဉ်ပေးထားပါသည်။ အောက်တွင်ဖော်ပြထားသော နည်းလမ်းများမှ ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဘေလ်ပေးဆောင်နိုင်ပါသည်။
နည်းလမ်း (၁) ။ ။ ‘Wave Money App’ကိုအသုံးပြု၍ သင်၏ wave account မှ တယ်လီနော Broadband wave account သို့ ဘေလ်ပေးဆောင်ခြင်း
နည်းလမ်း (၂) ။ ။ ‘Wave Money Shop’မှတဆင့် တယ်လီနော Broadband wave account သို့ ဘေလ်ပေးဆောင်ခြင်း
​ယ​ခု​လော​လော​ဆယ်​တော့ Prepaid ​ဝန်​ဆောင်​မှု​ပါ။
​မီး​ပျက်​သွား​ပြီး ၈​နာ​ရီ​အ​ထိ ​နံ​ရံ​မှာ​ဖောက်​ထား​သော ​ပ​လတ်​ပေါက်​အ​ထိ ​အင်​တာ​နက်​ဝန်​ဆောင်​မှု​ကို ​ရ​ရှိ​နေ​အုံး​မည်​ဖြစ်​သည်။ ​သို့​ရာ​တွင် wireless ​ဝန်​ဆောင်​မှု​ဆက်​လက်​အ​လုပ်​လုပ်​နိုင်​စေ​ရန် WiFi​အ​သုံး​ပြု​ရန် ​တပ်​ဆင်​ထား​သော router​ကို UPS​နှင့်​ချိတ်​ဆက်​ထား​ရ​မည်​မှာ customer​၏​တာ​ဝန်​သာ​ဖြစ်​သည်။
​ပုံ​သေ​သတ်​မှတ်​ထား​သော ​ဈေး​နှုန်း၊ ​အ​မြဲ​တမ်း​ကောင်း​မွန်​သော ​အင်​တာ​နက် connection… ​အ​တွေ့​အ​ကြုံ​ရ​ရှိ​ရန် ​တစ်​လ​လောက် ​အ​စမ်း​သုံး​ကြည့်​ပါ။
အ​လွန်​ကွဲ​ပြား​ခြား​နား​ပါ​တယ်၊ ​တယ်​လီ​နော broadbandn သည် ​သင့်​အ​တွက်​သီး​သန့်​ဖြစ်​သော ​မြန်​နှုန်း​ကို​ထိန်း​သိမ်း​ပေး​ထား​သည်၊ ​ကောင်း​မွန်​ဆုံး​သော​မြန်​နှုန်း​ကို ​ရ​ရှိ​နိုင်​ရန် router/outlet​ မှ ​ကေ​ဘယ်​ကြိုး​နှင့်​ချိတ်​ပြီး ​အ​သုံး​ပြု​နိုင်​ပါ​သည်။ ​သင်​၏​ကိုယ်​ပိုင် wifi​ မှ user ​မည်​မျှ​အ​သုံး​ပြု​မည်​ကို​လည်း ​သတ်​မှတ်​ထား​နိုင်​ပါ​သည်။ ​အ​ကွာ​အ​ဝေး ​ဝေး​ကွာ​မှု​သည် ​အင်​တာ​နက်​ကွာ​လ​တီ​အ​ပေါ် ​သက်​ရောက်​မှု​ရှိ​သော​ကြောင့် router​သည်​သင်​၏​အ​နီး​ဆုံး​နေ​ရာ​တွင်​ရှိ​နေ​ရန်​လည်း ​အ​ရေး​ကြီး​ပါ​​သည်။
​အ​ခ​မဲ့​စမ်း​သပ်​တပ်​ဆင်​ချိန်​အ​တွင်း ​စာ​ရင်း​ပေး​သွင်း​ထား​လျှင် ​စာ​ရင်း​ပေး​သွင်း​ချိန်​မှ​စ​၍ (၁)​လ​အ​တွင်း ​စ​တင်​တပ်​ဆင်​ပါ​လိမ့်​မည်။ ​၎င်း​နောက်​မှ ​စာ​ရင်း​ပေး​သွင်း​ပြီး ​သင်​၏​အ​ဆောက်​အ​အုံ​၌ Telenor Broadband​ရှိ​ပြီး​သား​ဆို​လျှင် ၁၄​ရက်​အ​တွင်း ​လာ​ရောက်​တပ်​ဆင်​ပေး​ပါ​မည်။
​သင်​၏​တိုက်​ခန်း​အ​တွင်း ​တပ်​ဆင်​မှု​သည် ၁​နာ​ရီ​မှ၄​နာ​ရီ​ကြား ​ကြာ​မြင့်​လိမ့်​မည်။
တယ်​လီ​နော​သည် ​သင်​၏​နေ​အိမ်​၌ ​တတ်​နိုင်​သ​မျှ​အ​နည်း​ဆုံး​သက်​ရောက်​မှု​သာ​ရှိ​သည့် ​တပ်​ဆင်​မှု​မျိုး​ကို ​ပြု​လုပ်​ပေး​မှာ​ပါ။ drill​မ​ဖောက်​ရ​ဘူး​ဆို​လျှင် ​ဝန်​ဆောင်​မှု​များ​ကို ​အ​သုံး​ပြု​နိုင်​ရန် ​အ​ခြား​နည်း​လမ်း​တစ်​ခု​ကို ​ကြိုး​စား​ရှာ​ဖွေ​၍ ​တပ်​ဆင်​ပေး​ပါ​မည်။