Share

SuperPwar

စူပါပွား

တယ်လီနောမှ စူပါပွား အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ အသုံးပြုသူ ၁၃သန်း ကျော်ရှိပြီး အလွန်လျှင်မြန်စွာ တိုးလာလျက်ရှိတဲ့ တယ်လီနော အသုံးပြုသူများ အချင်းချင်း တစ်မိနစ်ကို ၁၈ ကျပ်တည်းဖြင့် ဖုန်းပြောဆိုနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။ တယ်လီနော မဟုတ်သော အခြား မိုဘိုင်း အော်ပရေတာ များကို အသုံးပြုနေသေးတဲ့ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်ရန်အတွက်လည်း အလွန်သက်သာသော နှုန်းထားသစ် တစ်မိနစ် ၂၅ကျပ်ဖြင့် ခေါ်ဆိုနိုင်ပါပြီ။ လျှင်မြန်သော အင်တာနက် ကိုလည်း ၁ မီဂါဘိုက်လျှင် ၈ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စူပါပွား အစီအစဉ်ကို အသုံးမပြုလိုတော့လျှင်လည်း မူလ အခြေခံ စျေးနှုန်းအစီအစဉ်သို့ လွယ်ကူလျှင်မြန်စွာပြန်လည် ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

  • အသုံးပြုရန် : 365သို့SUP ON ဟု SMS ပို့ခြင်း သို့မဟုတ် *365*1#ကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် 979 သို့ဖုန်းခေါ်ဆိုခြင်း
  • ဈေးနှုန်း: တယ်လီနောဖုန်းအချင်းချင်းဖုန်းခေါ်ခ ၁၈ ကျပ်၊ အခြားပြည်တွင်းဖုန်းသို့ဖုန်းခေါ်ခ ၂၅ ကျပ်
  • အင်တာနက်: 1 မက်ဂါဗိုက်လျှင် ၈ကျပ် (မြန်နှုန်းမြင့် Smart အင်တာနက်)

သင့်လျော်သော ဟန်းဆက်

Handset အားလုံးအတွက် သင့်တင့်မျှတသော ဝန်ဆောင်မှု

iPhone 6

တယ်လီနော အသုံးပြုသူများအတွက်သာ အထူးထုတ်ထားသော iPhone 6 - 32 GB ကို ၀ယ်ယူနိုင်ပါပြီ။

650,000ကျပ်

အသေးစိတ်ကြည့်ရှုရန်
 

မေးလေ့ရှိသောမေးခွန်းများ

365သို့SUP ON ဟု SMS ပို့ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) *365*1#ကို ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) 979 သို့ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း “စူပါပွား” ဝန်ဆောင်မှုကို ရယူ အသုံးပြုနိုင်ပါသည်။ အသေးစိတ်သိလိုပါက တယ်လီနော၏စာမျက်နှာ www.telenor.com.mm သို့ဝင်ရောက်လေ့လာနိုင်ပါသည်။
၁၀သန်းကျော်သော တယ်လီနော၏ဖုန်းဝန်ဆောင်မှု အသုံးပြုသူများကို အလေးထား ဂုဏ်ပြုသည့် အနေဖြင့် တယ်လီနောဖုန်းအချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုဆက်သွယ်နိုင်စေရန် ရည်ရွယ်၍ တယ်လီနောဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခ ကို တမိနစ်လျှင် ၁၈ကျပ်နှုန်းဖြင့်သာ ကောက်ခံပါမည်။။ ထို့အပြင် တယ်လီနော၏ ဖုန်းဝန်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် အခြားသော အော်ပရေတာများ၏ ဝန်ဆောင်မှုကို အသုံးပြုနေသော သူငယ်ချင်း၊ မိတ်ဆွေများထံသို့ သက်သာသော နှုန်းထားဖြင့် ဖုန်းခေါ်ဆိုနိုင်စေရန် ရည်ရွယ်၍ အခြားအော်ပရေတာနံပါတ်များသို့ ဖုန်းခေါ်ဆိုခကို တမိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်သာ ကောက်ခံပါမည်။ ဤအစီအစဉ်ကို အသုံးပြုသူများအနေဖြင့် ပိုမိုကောင်းမွန်သော အင်တာနက်ကိုအသုံးပြုနိုင်စေရန် ရည်ရွယ်၍ smart အစီအစဉ်ကို ထည့်သွင်းပေးထားပြီး၊ တစ်မက်ဂါဗိုက်လျှင် ၈ကျပ်ကျသင့်ပါမည်။
SMS ဝန်ဆောင်မှု၊ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုမှု၊ ပြည်ပ၌ တယ်လီနောဖုန်း ဝန်ဆောင်မှု အသုံးပြုမှု စသည့် အခြားသော အခြေခံဝန်ဆောင်မှုများနှင့် ဖုန်းငွေလွှဲခြင်း၊ ကြိုသုံး၊ My Tune စသည့် အပိုထပ်ဆောင်းဝန်ဆောင်မှုများအတွက် ကောက်ခံသည့် နှုန်းထားမှာ လက်ရှိကောက်ခံသည့် နှုန်းထားအတိုင်း ဖြစ်ပါသည်။