Share

ဆင်းကတ်မှတ်ပုံတင်ခြင်းလမ်းညွှန်

တယ်လီနောသည် လက်ရှိတွင် သုံးစွဲသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရန် အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရသည့် နည်းလမ်း ၉ သွယ်ကိုဆောင်ရွက်ပေးထားပါသည်။


အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်


1) ၀က်ဘ်ဆိုက် –http://ecaf.telenor.com.mm
2) App – မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေအိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကိုhttp://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူမှတ်ပုံတင်နိုင်
3) Facebook messenger –https://www.facebook.com/TelenorMyanmar/
4) Viber – ၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈
5) အီးမေးလ် – reg@telenor.com.mm

ကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရန်


6) နိုင်ငံတစ် ှမ်းရှိ ကမောၻဇဘဏ်ခွဲပေါင်း ၈၆ ဘဏ်
7) နိုင်ငံတစ် ှမ်းရှိ ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်းအမှတ်အသားထားရှိသောဆင်းကတ် လက်လီအရောင်းဆိုင်ပေါင်း၄၂,၀၀၀ ကျော်
8) မြန်မာနိုင်ငံအနှံ့ အဓိကမြို့ကြီးမြို့ငယ်များရှိတယ်လီနော၏ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့်
9) မြို့နယ်ပေါင်း၅၂ခုရှိအလင်းအိမ်စင်တာများကပို့ချပေးလျက်ရှိသောဆင်းကတ်မှတ်ပုံတင်ခြင်းသင်တန်းများ

ဆင်းကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်သည့်နေရာများ

အနီးစပ်ဆုံးတယ်လီနော Showroom များတွင် မှတ်ပုံတင်လိုသည့် ဆင်းကတ်နှင့်တကွ နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် သို့မဟုတ် မှတ်ပုံတင်ကဲ့သို့အချက်လက်အများအသေးစိတ်ပါ၀င်သည်.ကျောင်းသားကဒ် တစ်ခုခု သို့မဟုတ် နိုင်ငံခြားသားဖြစ်လျှင် Passport ကို ယူဆောင်၍ လူကိုယ်တိုင် သွားရောက်၍ အခမဲ့ မှတ်ပုံတင်နိုင်ပါတယ်။ တယ်လီနော အရောင်းဆိုင်များ၏ လိပ်စာများ
Onlineကိုအသုံးပြု၍ဆင်းကတ်မှတ်ပုံတင်လိုလျှင်MyTelenorAppသို့မဟုတ်ecaf.telenor.com.mm မှလွယ်ကူလျှင်မြန်စွာအခမဲ့မှတ်ပုံတင်နိုင်ပါတယ်။ မှတ်ပုံတင်နည်း အဆင့်ဆင့်မှာ
  • ၁) ရှေးဦးစွာ လူကြီးမင်းမှတ်ပုံတင်လိုသည့် ဆင်းကတ်ကို OTP လက်ခံနိုင်ရန် အသင့်ရှိထားပါ။
  • ၂)မှတ်ပုံတင်လိုသူ၏ နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် သို့မဟုတ် မှတ်ပုံတင်ကဲ့သို့အချက်လက်များအသေးစိတ်ပါ၀င်သည်.ကျောင်းသားကဒ် တစ်ခုခု သို့မဟုတ် နိုင်ငံခြားသားဖြစ်လျှင် Passport ၏ အရှေ့နှင့်အနောက်ကို ကြည်လင်ပြတ်သားစွာ ဓာတ်ပုံရိုက်ထားပါ။
  • ၃) လက်ခံရရှိသော OTP ကိုဖြည့်ပြီး ကြည်လင်ပြတ်သားစွာရိုက်ကူးထားသော ပုံနှစ်ပုံကို ရွေးတင်ပါ။ အတည်ပြုမည်ကို နှိပ်ပါ။
  • ၄) အဆင့်အားလုံးပြီးစီးပါက သင့်ဆင်းကတ်ကို မှတ်ပုံတင်ရန် အောင်မြင်စွာ စာရင်းပေးသွင်းပြီးဖြစ်ပါတယ်
  • Check SIM Status

  • Take Photo

  • Upload Photo

ရှေးဦးစွာ လူကြီးမင်းမှတ်ပုံတင်လိုသည့် ဆင်းကတ်ကို စာတို (SMS) လက်ခံနိုင်ရန် အသင့်ရှိထားပါ။

၅၀၀ သို့ REG ဟု စာတို (SMS) ပေးပို့ပါ။

Telenor မှ စာတို (SMS)ကို ပြန်လည် ရရှိမှာဖြစ်ပါတယ်။

“လူကြီးမင်း၏ ဖုန်းကတ်ကို နိုင်ငံသား စိစစ်ရေးကဒ် နံပါတ် xx7898 အောက်တွင် မှတ်ပုံတင် ထားပါသည်။ အကယ်၍ တစ်စုံတစ်ရာ မှန်ကန်ခြင်းမရှိပါက တယ်လီနော အရောင်းဆိုင် (www.telenor.com.mm/page/store-location/99) များနှင့် ကျေးဇူးပြု၍ ဆက်သွယ် ဆောင်ရွက်ပါ။” ဟုလက်ခံရပါက လူကြီးမင်း၏ ဆင်းကတ် သည် အောင်မြင်စွာ မှတ်ပုံ တင်ပြီးသားဖြစ်ပါတယ်။

“လူကြီးမင်း၏ ဖုန်းကတ်ကို မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် များအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။” ဟုလက်ခံရရှိလျှင် လူကြီးမင်း၏ ဆင်းကတ်သည် မှတ်ပုံတင်ရန် စာရင်း ပေးသွင်းပြီးသားဖြစ်ပါတယ်။ ရက်အနည်းငယ် စောင့်ဆိုင်းရန် လိုအပ်ပါတယ်။

our Sim is not registered yet. According to government instruction, all SIM cards are required to register to get uninterrupted mobile service from Telenor, Myanmar Largest Data Network. Please register your SIM with ID card at nearest Telenor Branded Shop. You can also self-register online via following links Website http://ecaf.telenor.com.mm My Telenor App http://bit.ly/mytelenor240 ဟုလက်ခံရရှိလျှင် လူကြီးမင်း၏ ဆင်းကတ်ကိုမှတ်ပုံတင်ရန် လိုအပ်ပါတယ်။

မှတ်ပုံတင်ကို ဓါတ်ပုံရိုက်ယူပါ

  • အွန်လိုင်းပေါ်မှတဆင့် လူကြီးမင်း၏ ဆင်းကတ်အား မှတ်ပုံတင်ရန် ဦးစွာ ပထမအနေဖြင့် လူကြီးမင်း ၏ မှတ်ပုံတင်အား ဓာတ်ပုံရိုက်ယူရန် လိုအပ်ပါသည်။
  • လူကြီးမင်း၏ ဖုန်းကင်မရာဖြင့် နိုင်ငံသားမှတ်ပုံတင် ကို ဓါတ်ပုံရိုက်ယူရမည် ဖြစ်ပါသည်။
  • အကယ် ၍ နိုင်ငံသားမှတ်ပုံတင် ကတ်ပြား အဆင်မပြေခဲ့သော် သက်သေခံ ကတ်ပြားကို ဓါတ်ပုံရိုက် ယူရမည် ဖြစ်ပါသည်။
  • ဓါတ်ပုံရိုက်ယူသည့် အခါတွင် နိုင်ငံသားမှတ်ပုံတင် ကတ်ပြားအား ကြည်လင်ပြတ်သားစွာ ရိုက်ယူရမည် ဖြစ်ပါသည်။
  • ကတ်ပြား အား အပြည့်အ၀ ရိုက်မယူခြင်း၊ မပြည့်မစုံ တခြမ်းသာပါ၀င်ခြင်း၊ ဓာတ်ပုံသည် အလင်း ပြန်နေခြင်း၊ ဓာတ်ပုံသည် ါးနေခြင်း ၊ မပြတ် သားခြင်း၊ flash မီးဖွင့်ပြီး ရိုက်ထားခြင်းကြောင့် ဓာတ်ပုံ ကြည်လင် ပြတ်သားမှု မရှိခြင်း၊ ဓာတ်ပုံအား ဒေါင်လိုက်ပုံစံဖြင့် ရိုက်ထားခြင်း စသော အချက်အလက် တစ်ခုခုနှင့် ရိုက်ထားသော ဓာတ်ပုံများအား လက်ခံမည် မဟုတ်ပါ။
  • ဓာတ်ပုံ အား မျက်နှာပြင်အပြည့် ကြည်လင်ပြတ်သားစွာဖြင့် နိုင်ငံသားမှတ်ပုံတင် ကတ်ပြား အရှေ့ဘက်နှင့် နောက်ကျောဘက် (၂) ပုံ ရိုက်ယူရမည် ဖြစ်ပါသည်။
  • နမူနာ ပုံစံအား အောက်တွင် ကြည့်ရှု နိုင်ပါသည်။

ကြည်လင်ပြတ်သားစွာဖြင့် ရိုက်ကူးထားသော မှတ်ပုံတင်ကတ်ပြား ဓာတ်ပုံအား အွန်လိုင်းမှတဆင့် ပေးပို့ခြင်း

  • လူကြီးမင်း ၏ ကြည်လင်ပြတ်သားစွာ ရိုက်ကူးထားသော မှတ်ပုံတင် (သို့မဟုတ်) သက်သေခံ ကတ်ပြား ဓာတ်ပုံအား ဆင်းကတ်မှတ်ပုံတင်ရန် အွန်လိုင်းမှ တဆင့် ပေးပို့ခြင်း အကြောင်းဖြစ်ပါသည်။
  • ပထမဦးစွာ ဆင်းကတ်မှတ်ပုံတင်ရန် https://ecaf.telenor.com.mm/ သို့ သွားပါ။
  • အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။



  • ၀င်ရောက်ပြီးပါက စတင်မည် ဟူသော ခလုတ်အား နှိပ်ပါ။
  • ထို့နောက် လူကြီးမင်း၏ ဖုန်းနံပါတ်ရိုက်ထည့်ရန် ပေါ်လာပါလိမ့်မည်။



  • လူကြီးမင်း ၏ ဖုန်း နံပါတ်အား ရိုက်ထည့်ပါ။
  • ပြီးနောက် လူကြီးမင်း ၏ ဖုန်းသို့ sms message ဖြင့် နံပါတ် လေးလုံး ၀င်လာပါလိမ့်မည်။
  • ထိုနံပါတ်များအား ရိုက်ထည့်ပါ။


  • ရိုက်ထည့်ပြီးနောက် လူကြီးမင်း ၏ အမည်နှင့် မှတ်ပုံတင် နံပါတ်အား ရိုက်ထည့်ပါ။


  • ပြီးနောက် မှတ်ပုံတင်အရှေ့ ဓာတ်ပုံနှင့် မှတ်ပုံတင်အနောက် ဓာတ်ပုံ တို့အား upload ပြုလုပ်ရမည်ဖြစ်သည်။
  • ထိုသို့ upload ပြုလုပ်ရန်အတွက် မှတ်ပုံတင် အရှေ့ဓာတ်ပုံအား ပေးပို့ရန် ကတ်ရှေ့ဟု ရေးထားသော အကွက်လေးအား နှိပ်ပါ။
  • လူကြီးမင်း၏ မှတ်ပုံတင် အရှေ့ဓာတ်ပုံအား လူကြီးမင်း ၏ ဖုန်းထဲမှ ရှာဖွေ ရွေးချယ် ပေးပါ။
  • လူကြီးမင်း၏ မှတ်ပုံတင် အနောက်ဓာတ်ပုံအား ပေးပို့ရန် ကတ်နောက် ဟု ရေးထားသော အကွက် လေးအား နှိပ်ပါ။
  • လူကြီးမင်း ၏ မှတ်ပုံတင် အနောက် ဓာတ်ပုံအား လူကြီးမင်း၏ ဖုန်းထဲမှ ရှာဖွေရွေးချယ် ပေးပါ။
  • အထက်ပါ အစီအစဉ် ကိစ္စ ရပ်များ ပြီးမြောက် ပါက အတည်ပြုမည် ဟုသော ခလုတ် အား နှိပ်ပါ။



  • နှိပ်ပြီးလျှင် လူကြီးမင်း ၏ ဆင်းကတ်ကို မှတ်ပုံတင်ရန် စာရင်းသွင်းခြင်း ကိစ္စ ရပ်များ ပြီးမြောက်ပြီ ဖြစ်ပါသည်။



  • တယ်လီနောမှ လူကြီးမင်း စာရင်းသွင်းထားသော အချက်အလက်များကို ကြည့်ရှုပြီး ပြီးစီးမှု အခြေအနေကို SMS message ဖြင့် ပြန်လည် အကြောင်းကြားမည် ဖြစ်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

​နိုင်​ငံ​တော် ​အ​စိုး​ရ​၏ ​သတ်​မှတ်​ချက်​အ​ရ ဆင်းကတ် များ​အား​လုံး​ကို ​မှတ်​ပုံ​တင်​ထား​ရန်​လို​အပ်​ပါ​တယ်။
သင့်ဆင်းကတ် မှတ်ပုံတင်ထားခြင်းရှိမရှိကို ၅၀၀ သို့ REG ဟု စာတိုပေးပို့ပြီး စစ်ဆေးနိုင်ပါတယ်။ USSD ကုဒ်ဖြင့် စစ်ဆေးလိုပါက *979*3*3# ကိုရိုက်နှိပ်၍ ဖုန်းခေါ်ပြီး စစ်ဆေးနိုင်ပါတယ်။
မတ်​လ ၃၁​ရက် ၂၀၁၇ ​နေ့​အ​ထိ ​ဆင်းကတ်​မှတ်​ပုံ​တင်​ထား​ခြင်း ​မ​ပြု​လုပ်​ရ​သေး​ပါ​က ​၎င်း ဆင်းကတ်​ရှိ ​ဝန်​ဆောင်​မှု​များ​ကို ​မှတ်​ပုံ​မ​တင်​မ​ခြင်း ​ခေ​တ္တ​ပိတ်​သိမ်း​သွား​မှာ ​ဖြစ်​ပါ​တယ်။

အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်


1) ၀က်ဘ်ဆိုက် –http://ecaf.telenor.com.mm
2) App – မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေအိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကိုhttp://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူမှတ်ပုံတင်နိုင်
3) Facebook messenger –https://www.facebook.com/TelenorMyanmar/
4) Viber – ၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈
5) အီးမေးလ် – reg@telenor.com.mm

ကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရန်


6) နိုင်ငံတစ် ှမ်းရှိ ကမောၻဇဘဏ်ခွဲပေါင်း ၈၆ ဘဏ်
7) နိုင်ငံတစ် ှမ်းရှိ ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်းအမှတ်အသားထားရှိသောဆင်းကတ် လက်လီအရောင်းဆိုင်ပေါင်း၄၂,၀၀၀ ကျော်
8) မြန်မာနိုင်ငံအနှံ့ အဓိကမြို့ကြီးမြို့ငယ်များရှိတယ်လီနော၏ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့်
9) မြို့နယ်ပေါင်း၅၂ခုရှိအလင်းအိမ်စင်တာများကပို့ချပေးလျက်ရှိသောဆင်းကတ်မှတ်ပုံတင်ခြင်းသင်တန်းများ

ဆိုင်​မှာ​သွား​၍​ဖြစ်​စေ၊ ​အွန်​လိုင်း​မှ​ဖြစ်​စေ ​မှတ်​ပုံ​တင်​ရန်​အ​တွက် ​အ​ကို/​အ​မ ​ရဲ့ ဆင်းကတ် (​ဖုန်း​ဟန်း​ဆက်​နှင့်​တ​ကွ) ​နဲ့​အ​တူ ​အ​ကို/​အ​မ ​ရဲ့ ​မှတ်​ပုံ​တင် (​သို့) ​ကား​လိုင်​စင် (​သို့) ​ရပ်/​ကျေး ​ထောက်​ခံ​စာ (​သို့) (​နိုင်​ငံ​ခြား​သား​ဆို ​ရင်​တော့) ​နိုင်​ငံ​ကူး​လက်​မှတ် ​လို​အပ် ​မှာ ​ဖြစ်​ပြီး ​အ​ခ​မဲ့ ​မှတ်​ပုံ​တင်​ခြင်း ​ပြု​လုပ်​ဆောင်​ရွက်​နိုင်​ပါ ​တယ် ​ခင်​ဗျာ/​ရှင် ။