Share

Postpaid သုံးစွဲမှု

တယ်လီနောရဲ့ လစဉ်ငွေပေး ဝန်ဆောင်မှုစနစ် (Postpaid)ဟာ သင့်အတွက် ပိုမိုအဆင်ပြေစေနိုင်ပြီး၊ တယ်လီနောရဲ့ ဝန်ဆောင်မှုများကိုလည်း အသုံးပြုရ ပိုမိုလွယ်ကူစေပါတယ်။

Postpaid တစ်ဦးချင်းစီ သုံးစွဲမှု

  • မိမိနှင့်အသင့်တော်ဆုံး အစီအစဉ်ကို ရွေးချယ် နိုင်ခြင်း။
  • တယ်လီနောဆိုင်များတွင် ဦးစားပေးဝန်ဆောင်မှုများရရှိနိုင်ခြင်း။
  • မိမိအဆင်ပြေသောပုံစံဖြင့် အသုံးပြုခကို CB ဘဏ် (သို့ မဟုတ် ) တယ်လီနောဆိုင်များတွင် ပေးချေနိုင်ခြင်း။
  • မိမိသုံးသမျှကို အသေးစိတ်ဖေါ်ပြထားသော ငွေတောင်းခံလွှာ (Detailed bill)ကို ရရှိနိုင်ခြင်း။
  • E-bill: My Telenor App သို့မဟုတ် Telenor Web Portal သို့မဟုတ် လစဉ်လတိုင်း သင်၏အသုံးပြုခတောင်းခံလွှာကို အီးမေးလ်မှတဆင့် ရရှိနိုင်ခြင်း

Postpaid အဖွဲ့အစည်းအလိုက် သုံးစွဲမှု

လစဉ်ငွေပေး ဝန်ဆောင်မှုစနစ် (Postpaid) မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအတွက် သင့်လက်တွဲဖော် တယ်လီနော

Benefits of Telenor Enterprise

  • မိမိနှင့်အသင့်တော်ဆုံး plan ကို ရွေးချယ်နိုင်ခြင်း။
  • မိမိ ဝန်ထမ်းများအတွက် ဖုန်းနံပါတ်များ အစဉ်အလိုက်ရွေးချယ်နိုင်မှု
  • ကုမ္ပဏီအတွင်း အချင်းချင်း ဖုန်းခေါ်ဆိုခြင်းအတွက် အထူးစျေးနှုန်းများ
  • ကုမ္ပဏီများအတွက် ဝန်ဆောင်မှုများအဆင်ပြေစေရန် ကိုယ်ပိုင် account manager ထားရှိပေးခြင်း။ တယ်လီနော ဆိုင်များနှင့် call center တို့ တွင်လည်း အထူးဦးစားပေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း။
  • လွယ်ကူလျှင်မြန်သော ငွေပေးချေမှု ၊ အသေးစိတ်ဖော်ပြထားသော ငွေတောင်းခံလွှာနှင့် e-billing များရရှိနိုင်မှု
  • သင့် အဆင်ပြေမှုအတွက် ရုံးအရောက် အသုံးပြုခလာရောက် ကောက်ခံပေးမှု

မေးလေ့ရှိသောမေးခွန်းများ

တဦးချင်းစီ အသုံးပြုရန်အတွက် စီစဉျထားသော Telenor Postpaid plan များကို Telenor အရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။ ကုမ်ပဏီနှင့်အဖွဲ့အစည်းများအနေဖြင် Telenor Postpaid ကို အသုံးပြုလိုပါက ကုမ်ပဏီနှင့်အဖွဲ့အစည်းများအတွက်အထူး၀န်ဆောင်မှုအဖွဲ့ (Enterprise Sales team)ကို enterprise@telenor.com.mm မှတဆင့်အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
သင်၏ Prepaidဖုန်းနံပါတ်အား အသုံးပြုခွင့်ရနေသမျှ ကာလပတ်လုံး Postpaid Plan ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
Telenor မှ ပေးထားသော form ပုံစံဖြည့်ပြီး သတ်မှတ်ထားသော စရန်ငွေ (deposit) ပေးဆောင်ပြီးပါက postpaid SIM များကို စတင်အသုံးပြုခွင့် ရရှိမှာဖြစ်ပါသည်။ မှတ်ပုံတင် (သို့)Passport (သို့) ကားမောင်းလိုင်စင် (သို့) ကျောင်းသားကဒ် (သို့) ရပ်ကွက်ထောက်ခံစာ တစ်ခုခု ယူဆောင်လာရပါမည်။
Telenor Postpaid plan ကို လတလရဲ့ပထမဆုံးရက်မဟုတ်သည့် အခြားနေ့ရက် (ဥပမာ- ဇန်နဝါရီလ ၁၂ရက်) တွင် စတင်အသုံးပြုပါက အဆိုပါလအတွက် ငှားရမ်းအသုံးပြုခအား စတင်အသုံးပြုသည့်နေ့ရက်မှစ၍ အဆိုပါလ၏ နောက်ဆုံးရက်နေ့အထိသာ ကျသင့်သော စရန်ငွေ ကောက်ခံမှာဖြစ်ပါတယ်။ Telenor Postpaid ကို အသုံးပြုခြင်းအတွက် ရရှိမည့် အကျိုးခံစားခွင့်များကိုလည်း လတလစာအပြည့်အဝ ရရှိမှာမဟုတ်ပဲ အချိုးကျတွက်ချက်ထားသော ပမာဏသာ ရရှိမှာဖြစ်ပါတယ်။
  • My Telenor Self Care App (Android & iOS)
  • Telenor Web Portal
  • To see your available credit limit enter *124# and press the dial key.
  • To see the available benefits in your account, enter *124*1# and press the dial key.
  • To see your unbilled usage, open the My Telenor menu, choose Postpaid and choose My Usage.
  • To see information about your previous and current bill, open the My Telenor menu, choose postpaid, and choose My Bill.
  • To see your unbilled usage, send BILL in an SMS to 124.
တယ်လီနော၏ကိုယ်ပိုင်အကူအညီချယ်နယ်လ် (*979#)ကို postpaid တွင် အသုံးပြု၍ မရနိုင်သေးပါ။
- ကြိုက်နှစ်သက်ရာ Telenor Number ၅လုံးအထိ ၁မိနစ် ၁၂ကျပ် နှုန်းဖြင့် ခေါ်ဆိုနိုင်ခြင်း။
- လစဉ် အခမဲ့ မြန်နှုန်းမြှင့် Internet 2GB အထိရရှိ နိုင်ခြင်း။
- လစဉ် အခမဲ့ My Tune ဝန်ဆောင်မှုရရှိနိုင်ခြင်း။
- Capture App ဖြင့် Internet ပေါ်တွင် File များသိမ်းဆည်းခြင်းကို အခမဲ့ 22GB အထိရရှိနှိုင်ခြင်း။
- My Telenor App မှတဆင့် လစဉ်အသုံးပြုမှု အသေးစိတ်ကို ကြည့်ရှုနိုင်ခြင်း။
- Day 4: Telenor Myanmar Self Care App မှတဆင့် ကြည့်ရှုနိုင်ခြင်း။
- Day 4: Telenor Myanmar မှပို့ပေးသော SMS မှတဆင့်သိရှိနိုင်ခြင်း။
- Day 4: Telenor Myanmar မှမိမိ၏ Email သို့ပို့ပေးသော E-bill မှတဆင့်ကြည့်ရှုနိုင်ခြင်း။
- Day 4: Telenor Web Portal မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း။
- Telenor Myanmar Self Care App
- *124# လစဉ်အပိုသုံးငွေ ( သို့ ) လစဉ် Plan ဖိုးအပြင် ထပ်ဆောင်းအသုံးပြုလို့ရသောငွေ။
- *124*1# လစဉ် Plan ဖိုး ၊ အခမဲ့ Data Pack ၊ ထပ်ဆောင်းဝယ်ယူထားသော Package များ။
- Telenor Web Portal
- Add FNF (SMS “addfnf 9597XXXXXXXX” to 500)
- Remove FNF (SMS “remfnf 9597XXXXXXXX” to 500)
- View FNF (SMS “viewfnf” to 500)
မလိုပါ။ Postpaid တွင် SIM Card တန်ဖိုးသည် အခမဲ့ ဖြစ်ပါသည်။
Postpaid အသုံးပြုသူများအနေဖြင့် အသုံးပြုနေစဉ် Commercial Tax အားပေးဆောင်ရန်မလိုအပ်ဘဲ လကုန် Bill ထွက်လာမှသာလျှင် အဆိုပါ Bill အပေါ်တွင် ၅% အခွန်ပေးဆောင်ရမည်။
- ငွေဖြည့်ကတ်ဖြင့်ဖြစ်စေ၊
- Telenor အရောင်းဆိုင်များတွင်ဖြစ်စေ
- E-Load မှတဆင့် ဖြစ်စေ၊
- CB ဘဏ် မှတဆင့်ဖြစ်စေပေးဆောင်နိုင်သည်။
ပေးဆောင်စရာ Outstanding Bill ရှိနေသည့်အချိန်တွင် ငွေဖြည့်မိပါက ဖြည့်လိုက်သောငွေပမာဏသည် Outstanding Bill ကိုသွားချေမည်ဖြစ်သည်။
- အသုံးမပြုလိုက်ရဘဲ ကျန်ရှိနေသော Plan ဖိုးကိုနောက်လသို့သယ်ယူအသုံးပြုခွင့် ပြုမည်ဖြစ်ပြီး လစဉ်ယူထားသော Plan အတိုင်း Bill ပေးဆောင်ရမည်။ (လစဉ်လတိုင်း အကန့်အသတ်မရှိ)
- လစဉ်အခမဲ့ရရှိသော 1GB နှင့် 2GB Pack များအနေဖြင့် လကုန်သည်နှင့် တပြိုင်နက် သက်တမ်း ကုန်ဆုံးသွားမည် ဖြစ်ပြီး လစဉ်လတိုင်း ၁ရက်နေ ့တွင် ယူထားသော Plan အလိုက်အသစ် ပြန်လည်ရရှိမည်ဖြစ်သည်။
Bill နောက်ဆုံးပေးဆောင် ရမည့်ရက်မှာ လစဉ် ၁၅ရက်နေ့ဖြစ်ပြီး ၁၆ရက်နေ့မှစတင်ကာ လစဉ်လတိုင်း နောက်ကျကြေး ၂၅၀၀ကျပ် ပေးဆောင်ရမည်။
အကယ်၍ ၂၀ရက်နေ့အထိမှ Bill လာမဆောင်ပါက ၂၁ ရက်နေ့မှစ၍ Outgoing Call ၊ SMS ပေးပို့ခြင်းနှင့် Internet အသုံးပြုခွင့်များ ရပ်ဆိုင်းသွားမည် ဖြစ်သည်။
(အဆိုပါနောက်ကျကြေး ၂၅၀၀ ကျပ်ပေါ်တွင် Commercial Tax မကောက်ပါ။)
Bill ဆောင်ပြီး ၂၄ နာရီအတွင်း ပြန်လည်အသုံးပြုနိုင်ပါမည်။