Share

အမေးများသောမေးခွန်းများ

Top Ten FAQ

၁၅၀၀ ကျပ် သာဖြစ်ပါတယ်။ နံပါတ်အလှ မဟုတ်လျှင် ၁၅၀၀ ကျပ်ထက် ပိုပေးရန် မလိုပါ။
Telenor မှ ၀န်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ၀ယ်ယူနိုုင်ပါသည်။ ဒါ့အပြင် Telenor အရောင်းဆိုင်များတွင်လဲ ၀ယ်ယူနိုင်ပါသည်။ Telenor မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ၀ယ်ယူနိုင်ပါသည်။ မှတ်ပုံတင် (သို့) ထောက်ခံစာ တစ်ခုခု ယူဆောင်လာရမည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို Telenor ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။
ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ၀ယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ၀ယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။
မှတ်ပုံတင် ၊ ကားမောင်းလိုင်စင် ၊ Passport ၊ ကျောင်းသားကဒ် ၊ ထောက်ခံစာများ ဖြင့် ၀ယ်ယူနိုင်ပါသည်။
Telenor Phone အချင်းချင်း ခေါ်ဆိုလျှင် ၂၅ ကျပ် သာ ကျပါသည်။
တယ်လီနော Package များကို လစဉ်သုံး၊ အပတ်စဉ်သုံး ပုံစံမျိုးစုံဖြင့် ဖြန့်ချိပေးနေပါသည်။ Package များကို အသေးစိတ်ကြည့်ရှုလိုပါက:
အသုံးပြုလို့ ရပါတယ်။ ခေါ်ဆိုနိုင်လို့ရတဲ့ နိုင်ငံများကို Website မှာ ပြထားပါတယ်။
အနည်းငယ်သော အသုံးပြုသူအရေအတွက်က ကွန်ရက် bandwidth ၏ ပမာဏများစွာကို သုံးစွဲမှုသည် အခြားသူများစွာ၏ သုံးစွဲရမှု အခြေအနေကို သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ တရားမျှတစွာအသုံးပြုမှုဆိုင်ရာ မူဝါဒသည် တယ်လီနောအသုံးပြုသူတိုင်း အင်တာနက်ကို အကောင်းဆုံးချိတ်ဆက်ရယူသုံးစွဲနိုင်စေရေးကို အထောက်အကူပြုမည် ဖြစ်ပါသည်။
စိတ်ကြိုက်အစီအစဉ်ကို ရယူသုံးစွဲသူများအနေဖြင့် ၀န်ဆောင်မှုများကို စိတ်ကျေနပ်စွာ အသုံးပြုနိုင်စေရန် သုံးစွဲသူများ Facebook နှင့် အင်တာနက်ကို မည်သည့်အချိန်တွင် အသုံးပြုသည် ဖြစ်စေ အကောင်းဆုံး အရည်အသွေးများရရှိသုံးစွဲနိုင်စေရန် တရားမျှတစွာအသုံးပြုမှုဆိုင်ရာ မူဝါဒက သေချာစေမည် ဖြစ်သည်။ သုံးစွဲသူ အနည်းမျှသည် အခမဲ့ပေးအပ်သည့် ၀န်ဆောင်မှုများကို လွဲမှားစွာ အသုံးချမှုများ (ဥပမာ - Facebook ကို အသုံးပြု၍ အလွန်ကြီးမားသည့် ဗီဒီယို/ရုပ်ရှင်ဖိုင်များ ကူးယူခြင်း လွှင့်တင်ခြင်းစသည်) ပြုလုပ်လေ့ ရှိပါသည်။ ယင်းသို့ လုပ်ဆောင်မှုများသည် ကွန်ရက်၏ အရည်အသွေးကို ဆိုးဝါးစွာသက်ရောက်မှု ရှိပြီး တယ်လီနော သုံးစွဲသူ အများစု၏ အင်တာနက်သုံးစွဲရမှု အခြေအနေကို များစွာအနှောင့်အယှက်ဖြစ်စေပါသည်။

စိတ်ကြိုက်အစီအစဉ် ရယူသုံးစွဲသူအများစုသည် ကျိုးကြောင်းဆီလျော်စွာ အသုံးပြုကြသူများဖြစ်ပြီး ယင်းတို့ နေ့စဉ် ပုံမှန် သုံးစွဲနှုန်းက ကွန်ရက်၏ ၀န်ဆောင်မှု စွမ်းဆောင်ရည်ကို ထိခိုက်မှု မဖြစ်ပေါ်ပါ။ သို့သော်ငြားလည်း အနည်းစုသော အလွဲသုံးသူများကြောင့်မှု ကွန်ရက်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို အလွန်အမင်း အနှောင့်အယှက်ဖြစ်ပေါ်စေ ပါသည်။ အခမဲ့ Facebook သုံးစွဲမှု၏ ၄၆%ကို တယ်လီနော သုံးစွဲသူ စုစုပေါင်း၏ ၁% ခန့်ပင် မရှိသော ၀န်ဆောင်မှုရယူသူများက အသုံးပြုသွားကြပြီး ယင်းသို့ လွန်ကဲစွာ အသုံးပြုမှုက ကျန်သုံးစွဲသူ ၉၉% ကျော်၏ အင်တာနက်သုံးစွဲရမှု အခြေအနေကို ဆိုးဝါးစေပါသည်။ ထို့ကြောင့် တယ်လီနော သုံးစွဲသူ ၉၉% ကျော်၏ အခွင့်အရေးကို အကာအကွယ်ပေးရန်အတွက် တရားမျှတစွာ အသုံးပြုမှု ဆိုင်ရာ မူဝါဒကို စိတ်ကြိုက်အစီအစဉ်အတွက် ထည့်သွင်း ဖော်ဆောင်ရခြင်း ဖြစ်ပါသည်။

၀န်ဆောင်မှုများကို သုံးစွဲသူတိုင်း မျှတစွာ အသုံးပြုနိုင်စေရေးကို သေချာစေရန် တရားမျှတစွာအသုံးပြုမှုဆိုင်ရာ မူဝါဒက ရည်ရွယ်ပါသည်။ အကယ်၍ ဒေတာအလွန်အကျွံသုံးစွဲသူတစ်ဦးက ၀န်ဆောင်မှုများကို လွဲမှားစွာ ဆက်လက်အသုံးပြုနေမည် ဆိုပါက ၀န်ဆောင်မှုကို ဆက်လက်ပေးအပ်တော့မည် မဟုတ်ပဲ ၀န်ဆောင်မှု မရပ်ဆိုင်းမီ ယင်းသို့ဖြစ်ပေါ်နေသည့် အခြေအနေကို လုံလောက်သည့် အချိန်ပေး၍ ကြိုတင် အကြောင်းကြား ပေးမည်ဖြစ်သည်။ ယခုမူဝါဒသည် စိတ်ကြိုက်အစီအစဉ်ရယူသုံးစွဲသူအားလုံးအတွက် အကြုံးဝင်သော်လည်း အလွဲသုံးသူများကိုသာ အမှန်တကယ် သက်ရောက်စေမည်ဖြစ်ပါသည်။

တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒအရ Facebook နှင့် Viber ကို တစ်ရက်လျှင် ၁၅၀MB အထိ အခမဲ့ အသုံးပြုခွင့်ရှိပြီး ၄င်းပမာဏထက်ကျော်လွန် သုံးစွဲပြီးပါက ၁MB ကို “စိတ်ကြိုက်”plan ၏ Data အသုံးပြုမှု ပုံမှန်နှုန်းထားအတိုင်း ၁MB ကို ၈ကျပ် နှုန်းထားဖြင့် ကောက်ခံပါမည်။
 

စတင်အသုံးပြုရန်

Special Number များများမှ လွှဲ၍ ၁၅၀၀ ကျပ် ပဲပေးဆောင်ရပါမည်။
Telenor မှ ၀န်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ၀ယ်ယူနိုင်ပါသည်။ ဒါ့အပြင် Telenor အရောင်းဆိုင်များတွင်လဲ ၀ယ်ယူနိုင်ပါသည်။ Telenor မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ၀ယ်ယူနိုင်ပါသည်။ မှတ်ပုံတင် (သို့) ထောက်ခံစာ တစ်ခုခု ယူဆောင်လာရမည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို Telenor ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။
ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ၀ယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ၀ယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။
မှတ်ပုံတင် ၊ ကားမောင်းလိုင်စင် ၊ Passport ၊ ကျောင်းသားကဒ် ၊ ထောက်ခံစာများ ဖြင့် ၀ယ်ယူနိုင်ပါသည်။
Form ဖြည့်ပြီး၍ မှတ်ပုံတင်ကဒ် ပေးပြီးလျှင် အသုံးပြုနိုင်ပါသည်။
ငွေဖြည့်ကဒ်ကို ခဲခြစ်၍သော်လည်းကောင်း ၊ E-Load ကို အသုံးပြုသော် လည်းကောင်း ငွေဖြည့်နိုင်ပါသည်။ နောက်ပိုင်းတွင် Online မှတစ်ဆင့် ငွေဖြည့်နိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။
GSM Handset အားလုံးတွင် အသုံးပြုနိုင်ပါသည်။
Telenor Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း နီးစပ်ရာ ဖုန်းအရောင်းဆိုင်များတွင် မေးမြန်း၍သော်လည်းကောင်း care@telenor.com.mmသို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။
*124# ကို နှိပ်၍သော်လည်းကောင်း *124*1#ကို နှိပ်၍သော်လည်းကောင်း စစ်ဆေးနိုင်ပြီး ငွေရောက်ရှိပါက Telenor မှ Message ပို့ဆောင်ပေးမည် ဖြစ်သည်။ အပိုဆောင်း Bonus ငွေရလျှင်လည်း Telenor မှ Message ပို့ဆောင်ပေးမည် ဖြစ်သည်။
ဖြစ်နိုင်လျှင် Customer အသစ်တိုင်းကို APN စနစ်ဖြင့် Internet Setting ကို Telenor မှ ပို့ဆောင်ပေးချင်ပါသည်။ Internet Setting ကို ပြောင်းမရ၍သော်လည်းကောင်း ၊ Internet Setting သည် ဖုန်းထဲသို့ မ၀င်လာလျှင်သော်လည်းကောင်း Customer Care Center 979 သို့ခေါ်ဆို၍သော်လည်းကောင်း ၊ အခြားဖုန်းဖြင့် +959790097900 သို့ခေါ်ဆို၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။ အင်တာနက် Setting ကို မိမိကိုယ်တိုင် ပြောင်းရန် Setting သို့သွားပြီး Mobile Network (သို့)Data ကိုသွားပါ။ အင်တာနက် Profile မှ APN နေရာတွင် အင်တာနက်ဟုပြောင်းရိုက်ပါ။ Username & Password ကို မပြောင်းပဲ ချန်ထားခဲ့နိုင်သည်။
USSD ဆိုသည်မှာ Telenor မှ သတင်းအချက်အလက်နှင့် Setting များကို ဖုန်းမှ လက်ခံပေးနိုင်သော Code များဖြစ်သည်။ ဥပမာ ၊ လက်ကျန်ငွေ စစ်ခြင်း၊ လိုချင်သော အင်တာနက် ၀န်ဆောင်မှုများကို မှာယူခြင်း၊ ငွေဖြည့်ကဒ်၀န်ဆောင်မှု နှင့်ပတ်သက်သော သတင်းအချက်အလက်တွေ အစီအစဉျတွေကို လက်ခံပေးသော Code ဖြစ်သည်။ USSD Code ကို အသုံးပြုမည်ဆိုလျှင် * ကို အရင်နှိပ်ပြီး code များနှိပ်၍ နောက်ဆုံးတွင် call ခလုတ်ကိုနှိပ်၍ အသုံးပြုရမည်။ အသေးစိတ် သိရှိလိုပါက *979# သို့ မေးမြန်းနိုင်ပါသည်။
 

အကူအညီယူရန်

Telenor SIM Card ဖြင့် 979 သို့ဆက်၍သော်လည်းကောင်း ၊ အခြားဖုန်းဖြင့် 09790097900 သို့ဆက်၍သော်လည်းကောင်းမေးမြန်းနိုင်ပြီး ဖုန်းတွင် အင်တာနက် ချိတ်ဆက်ထားလျှင် care@telenor.com.mm သို့ Email ပို့နိုင်ခြင်း (သို့) Telenor SIM Card ရောင်းချပေးသော အနီးနားရှိ ဖုန်းဆိုင်များသို့ မေးမြန်းနိုင်ပါသည်။
Telenor SIM Card ဖြင့် 979 သို့ ခေါ်ဆို၍သော်လည်းကောင်း ၊ အခြားဖုန်းဖြင့် 09790097900 သို့ခေါ်ဆို၍သော်လည်းကောင်း ဖုန်းလိုင်းကို ပိတ်နိုင်ပါသည်။ Telenor သို့ အကြောင်းမကြားခဲ့ဘူးဆိုလျှင် လက်ကျန်ငွေများကို အသုံးပြုခံရမည် ဖြစ်သောကြောင့် Telenor သို့ အကြောင်းကြားသင့်ပါသည်။ ဖုန်းလိုင်းပိတ်ပြီးလျှင် SIM Card ပြန်လည်လှျောက်ထားရန် နီးစပ်ရာ ဖုန်းဆိုင်များတွင် ပြန်လည်လှျောက်ထားနိုင်ပါသည်။
ယခင်ဖုန်းနံပါတ်အတိုင်း မြန်မာငွေကျပ် ၁၅၀၀ ဖြင့် ပြန်လည်အစားထိုး အသုံးပြုနိုင်ပါသည်။
ကိုယ့်မှာ အထောက်အထားရှိနေသရွေ ယခင် SIM Card အတိုင်း ပြန်လည်အသုံးပြုနိုင်ပါတယ်။ SIM Card ပြန်လည်လျှောက်ထားရန်အတွက် အနီးစပ်ဆုံး Telenor ဆိုင်တွင် ပြန်လည်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားနိုင်သော ဆိုင်များကို ဤနေရာတွင် ကြည့်ရှု နိုင်ပါသည်။
 

My Contacts APP


  • My Contacts သည် ဖုန်းအမျိုးအစားအများစုတွင် အသုံးပြုနိုင်ပါသည်။
  • My Contacts application ကိုAndriod Phones များအတွက် Google Play Store မှတဆင့် ရယူနိုင်ပါသည်။
  • Andriod OS version သည် 2.3.3 နှင့် အထက်ဖြစ်ရပါမည်။
  • SyncML ဖြင့် အလုပ်လုပ်သော Feature phones များအတွက် ကျွနု်ပ်တို့၏ web wizard www.mycontacts-app.comကိုအသုံးပြု၍ လိပ်စာများကိုရွှေ့ပြောင်းနိုင်ပါသည်။
My Contacts ၏ ဝန်ဆောင်မှုများသည် အခမဲ့ ဖြစ်ပါသည်။ သို့သော် mobile data အသုံးပြုမှု အတွက် ကုန်ကျငွေကိုပေးခံရမည် ဖြစ်ပါသည်။ Wi-fi ဖြင့် ချိတ်ဆက်အသုံးပြုပါကအခမဲ့ ဖြစ်ပါသည်။
သင်သည် သင်၏ ဖုန်းမှ အင်တာနက်ကိုအသုံးပြုနေပါကသင်၏ဖုန်းကိုဝန်ဆောင်မှုပေးနေသောကုမ္ပဏီ၏ ကောက်ခံမှုအတိုင်းကျသင့်ပါမည်။ Wi-fiကိုအသုံးပြုပါကအခကြေးငွေ ကျသင့်မည်မဟုတ်ပါ။
ပြောင်းရွှေ့မည့် ဖုန်းအမျိုးအစားပေါ်မူတည်၍ သင့်၏ လိပ်စာများကိုနည်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့နိုင်ပါသည်။ သင်၏ ဖုန်းအဟောင်းသည် Andriod phone ဖြစ်ပါက Google play store ၊ iPhone ဖြစ်ပါက App Store တွင် My Contacts application ကိုရယူပြီး My Contacts application ထဲသို့ ဝင်ရောက်ကာ “Copy contacts” ကိုနှိပ်လိုက်ရုံဖြစ် လွယ်ကူစွာကူးပြောင်းနိုင်ပါသည်။ အကယ်၍ သင်၏ ဖုန်းအဟောင်းသည် SyncMLဝန်ဆောင်မှုကိုလက်ခံသောဖုန်းဖြစ်ပါက ကျွနု်ပ်တို့၏ web wizard ကိုအသုံးပြု၍ ပြောင်းရွှေ့နိုင်ပါသည်။ သင်၏ ဖုန်းအဟောင်းသည် SyncML ဖြင့် အလုပ် လုပ်သည် မလုပ်သည်ကိုမသိလျှင် http://mycontacts-app.com/supported-phoneswebsite မှ “supported phones” ၏အောက်တွင် သင်၏ဖုန်းအမျိုးအစားကိုရှာဖွေနိုင်ပါသည်။ သင်၏ဖုန်းသည် ဖော်ပြထားသောစာရင်းတွင် ပါဝင်ပါက My Contacts ကိုအသုံးပြုနိုင်ပါသည်။
My Contacts သည် သင်၏ ဆက်သွယ်ရန် လိပ်စာများကိုအင်တာနက်မှ တဆင့် သိမ်းဆည်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းတို့ ပြုလုပ်၍ရသော application တခုဖြစ်ပါသည်။ အကယ်၍ သင်၏ဖုန်းပျောက်ဆုံးပျက်စီးသွား၍ သော်လည်းကောင်း၊ ဖုန်းအသစ် ပြောင်းလဲကိုင်ဆောင်လိုသော်လည်းကောင်းသင်သိမ်းဆည်းထားသောလိပ်စာအချက်လက်များကိုသင်၏ ဖုန်းအသစ်သို့ ရွှေ့ပြောင်းနိုင်မည် ဖြစ်ပါသည်။
  • Android app
  • My Contacts မှ ဝန်ဆောင်မှုပေးနိုင်သောအမျိုးအစားများမှာ
    • Andriod app
    • iOS app
    • အင်တာနက် စာမျက်နှာမှ တဆင့် လိပ်စာများကိုပြောင်းလဲပြုပြင်ခြင်း
    • Feature phone မှတဆင့် သိမ်းဆည်းထားသောလိပ်စာများကိုအရံနေဖြင့် သိမ်းဆည်းရန် (သို့) ဖုန်းအသစ်သို့ ရွှေ့ပြောင်းရန် Contact Mover web wizard
သင်၏ လိပ်စာများကိုwww.mycontacts-app.comတွင် ဝင်ရောက်၍ ဖျက်နိုင်ပါသည်။ အကယ်၍ သင်သည် My Contacts app ၏ ဝန်ဆောင်မှုများအသုံးပြုခြင်းကိုရပ်ဆိုင်းလိုက်ပါက web ပေါ်တွင် သိမ်းဆည်းထားသောလိပ်စာများသည် ၃၀ ရက် အကြာတွင် အလိုလျှောက် ပျက်စီးသွားမည်ဖြစ်ပါသည်။ သို့သော် သင်၏ဖုန်းထဲတွင် သိမ်းဆည်းထားသောလိပ်စာများမှာမပျက်စီးပဲရန်ရှိနေပါမည်။
My Contacs ၏ ဝန်ဆောင်မှုများကိုအသုံးပြုခြင်းရပ်ဆိုင်းလိုပါက ကျွနုပ်တို့၏ Customer Service ကိုတိုက်ရိုတ် စကားပြော၍ ဖြစ်စေအင်တာနက်စာမျက်နှာ ဤနေရာမှ တဆင့် ရပ်ဆိုင်းနိုင်ပါသည်။
www.mycontacts-app.com သို့ ဝင်ရောက်၍ သင်၏ လိပ်စာများကို ပြုပြင်ပြောင်းလဲ နိုင်ပါသည်။ Web ပေါ်တွင် ပြုပြင်ပြီးပါကသင်၏ဖုန်းထဲသို့ ထိုပြင်ဆင်ထားသောလိပ်စာများရရှိရန် My Contacts app ကိုဖွင့်၍ “Copy Contacts” ကို နှိပ်ရပါမည်။
My Contacts application ကိုAndriodဖုန်း ဖြစ်လျှင် Google Play Store၊ iphone ဖြစ်လျှင် App Store မှ ပထမဦးစွာရယူရပါမည်။ ထိုသို့ ရယူရန် အတွက် Andriodဖုန်းဖြစ်လျှင် google account ရှိရမည်ဖြစ်ပြီးiphone ဖြစ်လျှင် Apple ID ရှိရမည် ဖြစ်ပါသည်။
  • Google account ကို ဤနေရာတွင် တွင် ဝင်ရောက် ပြုလုပ်နိုင်ပါသည်။
  • Apple ID ကို ဤနေရာတွင်တွင် ဝင်ရောက် ပြုလုပ်နိုင်ပါသည်။
သင်သည် သင်၏ ဖုန်းမှ အင်တာနက်ကိုအသုံးပြုနေပါကသင်၏ဖုန်းကိုဝန်ဆောင်မှုပေးနေသောကုမ္ပဏီ၏ ကောက်ခံမှုအတိုင်းကျသင့်ပါမည်။ Wi-fiကိုအသုံးပြုပါကအခကြေးငွေ ကျသင့်မည်မဟုတ်ပါ။
အကယ်၍ သင်၏ဖုန်းပျောက်ဆုံးသွားပါက My Contacts application ကိုရယူ၍ သင်၏ ဖုန်းအသစ်တွင် ထည့်သွင်း၍ My Contacts application ထဲမှ “Copy Contacts” ကို နှိပ်၍ အရံသိမ်းဆည်းထားခဲ့သောသင်၏ လိပ်စာအချက်အလက်များကို ပြန်လည်ရယူ နိုင်ပါသည်။
 
 

Capture App

Capture App ကို အသုံးပြုပြီး သင့် ဓာတ်ပုံများ၊ video များကို တစ်နေရာထဲတွင် လုံခြုံစိတ်ချစွာ ကြည့်ရှု သိမ်းဆည်းနိင်ပြီး အချိန်မရွေး မည်သည့် Device နှင့်မဆို ပြန်လည်ကြည့်ရှု အသုံးပြုနိုင်ပါသည်။

သင့်မိုဘိုင်း ပျောက်ဆုံး၊ ပျက်စီးသွားသည့်တိုင်အောင် Capture App တွင် သင့်ဓာတ်ပုံများ နှင့် video များသည် ပျောက်ဆုံးသွားမည်မဟုတ်ပဲ သင့် Capture Account နှင့်အတူ လုံခြုံစိတ်ချစွာ ပြန်လည်ရယူနိုင်ပါသည်။
CAPTURE APP မှတဆင့် ရယူနိုင်ပါသည်။
Capture APP သည် FREE Download ဖြစ်ပါသည်။ ဝန်ဆောင်မှု အသုံးပြုခကောက်ခံမည် ဆိုပါက ကြိုတင်အသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။
Capture App တွင် သင့် Telenor မိုဘိုင်းနံပါတ်၊ E-mail ဖြင့် Register ပြုလုပ်နိုင်ပါသည်။
iOS အသုံးပြုသူများအတွက် Menu Tab ကို သွားပါ။ နောက် Setting ကိုရွေးပါ။ ထို့နောက် Upload Setting တွင် အောက်တွင် ဖော်ပြထားသည့် Setting သုံးခှုမှရွေးချယ်နိုင်ပါသည်။

  • Auto upload pictures,
  • Auto upload videos, and
  • Manual uploads
“Off, Always” or WI-FI ဟု နှစ်မျိုးရွေးချုယ် သတ်မှတ်ထားနိုင်ပါသည်။ ဓာတ်ပုံ နှင့် Video များကို Upload ပြုလုပ်ရာတွင် Data အသုံးပြုခကို သက်သာစေရန် WI-FI ကိုရွေးချယ် အသုံးပြုရန် တိုက်တွန်းပါသည်။ အကယ်၍ Mobile Data ဖြင့် အသုံးပြုပါက သင့် Data အသုံးပြုခကို ပင်မလက်ကျန်ငွေမှ ( Pay-Go အသုံးပြုသူများအတွက်သာ ) ကောက်ခံသွားမည်ဖြစ်ပါသည်။ Data Pack အသုံးပြုသူများဖြစ်ပါက ဝယ်ယုူထားသော Data Pack Balance မှ နှုတ်ယူသွားမည် ဖြစ်ပါသည်။ Android အသုံးပြုသူများအတွက် Menu Tab ကို သွားပါ။ နောက် Setting ကိုရွေးပါ။ ထို့နောက် Upload Setting မှာ အောက်တွင် ဖော်ပြထားသည့် “Auto Upload of Photos” ၌ Setting သုံးခှုမှရွေးချယ်နိုင်ပါသည်။
  • “No”
  • “Yes, Always”
  • “Yes, on WIFI (recommended)”
ဓာတ်ပုံ နှင့် Video များကို သိမ်းဆည်းရာတွင် Data အသုံးပြုခ သက်သာစေရန်အတွက် “YES, on WiFi (recommend)” ကိုရွေးချယ်သတ်မှတ်ပေးစေလိုပါသည်။ “Include Videos” ဟုသတ်မှတ်လိုက်ပါက သင်ရွေးချယ်ထားသော “Auto Upload of Phoots” တွင် Video ကိုပါ သိမ်းဆည်းနိုင်ပါသည်။

“Off, Always” or WI-FI ဟုလည်း ရွေးချယ်သတ်မှတ်ပေးနိုင်ပါတယ်။ ဓာတ်ပုံ နှင့် Video များကို Upload ပြုလုပ်ရာတွင် Data အသုံးပြုခကို သက်သာစေရန် WI-FI ကိုရွေးချယ် အသုံးပြုရန် တိုက်တွန်းပါသည်။ အကယ်၍ Mobile Data ဖြင့် အသုံးပြုပါက သင့် Data အသုံးပြုခကို ပင်မလက်ကျန်ငွေမှ ( Pay-Go အသုံးပြုသူများအတွက်သာ ) ကောက်ခံသွားမည်ဖြစ်ပါသည်။ Data Pack အသုံးပြုသူများဖြစ်ပါက ဝယ်ယူထားသော Data Pack Balance မှ နှုတ်ယူသွားမည် ဖြစ်ပါသည်။
 
Capture App ကိုအသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါတယ်။ တယ်လီနောမိုဘိုင်းကို အသုံးပြုနေတာပါလား? အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်။ တယ်လီနော ကွန်ယက်တစ်ခုတည်းသာ Capture 20GB အခမဲ့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ Capture App အသုံးပြုရခြင်းကို နှစ်သက်ပါက ကျေးဇူးပြု၍ တယ်လီနော SIM ဖြင့် အခမဲ့ Storage အသုံးပြုမှုကိုရယူလိုက်ပါ။
ဟုတ်ကဲ့။ Capture ကို PC နှင့် Mac ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ၄င်းကို Computer မှ ချိတ်ဆက်အသုံးပြုခြင်းအားဖြင့် သင့် ဓာတ်ပုံ နှင့် video များကို သင့် Capture Account တွင် သိမ်းဆည်းနိုင်ပါသည်။
Capture APP ၏ Data သိမ်းဆည်းမှု နှင့် အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို နော်ဝေမှ ချမှတ်ထားသော ဥပဒေနှင့်အညီ Data များ စိတ်ချလုံခြုံမှုရှိစေရန်အတွက် အဓိကထားပါသည်။ သိမ်းဆည်းထားသော ဓာတ်ပုံများ၏ လုံခြုံရေးကို တယ်လီနောမှ လုံခြုံအောင် အထူးအလေးထား ဆောင်ရွက်ထားပါတယ်။ ဓာတ်ပုံများကို server များပေါ်တွင် မသိမ်းဆည်းမှီ 256-bit Advanced Encryption Standard (AES) နည်းပညာ အကူအညီဖြင့် နော်ဝေနိုင်ငံရှိ တယ်လီနောပိုင် Data Center ရှိ Servers များကို အသုံးပြုကာ လုံခြုံအောင် ဆောင်ရွက်ထားပါတယ်။
Capture သုံးသူများအတွက် အထူးအစီအစဉ်အဖြစ် ၂၀၁၇ ခုနှစ် ဇွန်လ ၃၁ ရက်နေ့အထိ ဒေတာ အသုံးပြုခ ကုန်ကျခြင်းမရှိဘဲ ဓာတ်ပုံ၊ ဗီဒီယိုများ တင်နိုင်ပါသည်။ သို့သော် တရားမျှတစွာအသုံးပြုမှုဆိုင်ရာမူဝါဒအရ နေ့စဉ် ၃၀၀ MB အထိသာ ရရှိမည် ဖြစ်ပါသည်။
အနည်းငယ်သော အသုံးပြုသူအရေအတွက်က ကွန်ရက် bandwidth ၏ ပမာဏများစွာကို သုံးစွဲမှုသည် အခြားသူများစွာ၏ သုံးစွဲရမှု အခြေအနေကို သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ တရားမျှတစွာအသုံးပြုမှုဆိုင်ရာ မူဝါဒသည် တယ်လီနောအသုံးပြုသူတိုင်း အင်တာနက်ကို အကောင်းဆုံးချိတ်ဆက်ရယူသုံးစွဲနိုင်စေရေးကို အထောက်အကူပြုမည် ဖြစ်ပါသည်။
သုံးစွဲသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများ ရရှိစေနိုင်ရန် အထောက်အကူဖြစ်စေမည့် ယခုမူဝါဒအရ သုံးစွဲသူများသည် Capture app ကို တစ်ရက်အတွင်း ၃၀၀MB (တစ်လလျှင် ၉၀၀၀MB) အထိ အခမဲ့ အသုံးပြုခွင့်ရရှိမည် ဖြစ်ပါသည်။ တစ်ရက်အတွင်း သတ်မှတ်ပမာဏကျော်လွန်သွားပါက ၁ MB ကို ၆ ကျပ်သာကြသင့်မည် ဖြစ်သည်။

Tourist SIM

တယ်လီနော Tourist ဆင်းမ်ကတ်အား စတင်အသုံးပြုရန် မည်သည့်ဖုန်းနံပါတ်ကိုမဆို ခေါ်ဆိုပါ။
ပက်စပို့စ်နှင့် ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ပါတယ်။
ရက် ၃၀ ရရှိပါမယ်။ ရက် ၃၀ အတွင်း ငွေထပ်ဖြည့်မယ်ဆိုရင် ပုံမှန်ဆင်မ်ကတ် သက်တမ်းအလိုက် ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။
ကြိုသုံး (kyo thone) ဝန်ဆောင်မှုမှ လွဲပြီး မိမိကတ်ထဲတွင် ရှိသော ငွေပမာဏအလိုက် ဝယ်ယူနိုင်ပါတယ်။
ဆင်မ်ကတ်အပါအဝင် ၁၂၀၀၀ ကျပ်သာ ကျသင့်ပါတယ်။
မကုန်ဆုံးမီ ၁ ရက်အလို ကြိုတင် စာပို့ အကြောင်းကြားပါမည်။
မရပါဘူး။ ဆင်မ်တစ်ကတ်ကို တခါသာ ဝယ်ယူနိုင်ပါသည်။
ရက် ၃၀ အတွင်း ငွေထပ်ဖြည့်ခြင်းဖြင့် ဆင်မ်ကတ်သက်တမ်း ၃၆၅ ရက်ကို ရရှိုနိင်ပါသည်။
ပြည်ပသို့ ခေါ်ဆိုလိုပါက + or 00 Country code (နိုင်ငံကုတ်နံပါတ်) နှင့် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ်၊ ပြည်တွင်း ခေါ်ဆိုလိုပါက လိုင်းဖုန်း နံပါတ်ဆိုလျှင် - 01 နှင့် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ် လက်ကိုင်ဖုန်း နံပါတ်ဆိုလျှာင် - 09xxxxxxxx
ပြည်ပမှ ခေါ်ဆိုလိုလျှင် +9597xxxxxxxxxဝ
ပြည်တွင်း အချင်းချင်းမှ ခေါ်ဆိုလိုလျှင် 097xxxxxxxx.
Telenor အရောင်းဆိုင်များမှ ခဲခြစ်ကတ်ဖြင့် ပုံမှန် ငွေဖြည့်နိုင်ပါသည်။

စူပါပွား

365သို့SUP ON ဟု SMS ပို့ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) *365*1#ကို ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) 979 သို့ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း “စူပါပွား” ဝန်ဆောင်မှုကို ရယူ အသုံးပြုနိုင်ပါသည်။ အသေးစိတ်သိလိုပါက တယ်လီနော၏စာမျက်နှာ www.telenor.com.mm သို့ဝင်ရောက်လေ့လာနိုင်ပါသည်။
၁၅.၅သန်းကျော်သော တယ်လီနော၏ဖုန်းဝန်ဆောင်မှု အသုံးပြုသူများကို အလေးထား ဂုဏ်ပြုသည့် အနေဖြင့် တယ်လီနောဖုန်းအချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုဆက်သွယ်နိုင်စေရန် ရည်ရွယ်၍ တယ်လီနောဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခ ကို တမိနစ်လျှင် ၁၈ကျပ်နှုန်းဖြင့်သာ ကောက်ခံပါမည်။။ ထို့အပြင် တယ်လီနော၏ ဖုန်းဝန်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် အခြားသော အော်ပရေတာများ၏ ဝန်ဆောင်မှုကို အသုံးပြုနေသော သူငယ်ချင်း၊ မိတ်ဆွေများထံသို့ သက်သာသော နှုန်းထားဖြင့် ဖုန်းခေါ်ဆိုနိုင်စေရန် ရည်ရွယ်၍ အခြားအော်ပရေတာနံပါတ်များသို့ ဖုန်းခေါ်ဆိုခကို တမိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်သာ ကောက်ခံပါမည်။ ဤအစီအစဉ်ကို အသုံးပြုသူများအနေဖြင့် ပိုမိုကောင်းမွန်သော အင်တာနက်ကိုအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ၂ Mbpsကျော် မြန်နှုန်းရှိသော smart အစီအစဉ်ကိုသာ ထည့်သွင်းပေးထားပြီး၊ တစ်မက်ဂါဗိုက်လျှင် ၈ ကျပ်ကျသင့်ပါမည်။
SMS ဝန်ဆောင်မှု၊ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုမှု၊ ပြည်ပ၌ တယ်လီနောဖုန်း ဝန်ဆောင်မှု အသုံးပြုမှု စသည့် အခြားသော အခြေခံဝန်ဆောင်မှုများနှင့် ဖုန်းငွေလွှဲခြင်း၊ ကြိုသုံး၊ My Tune စသည့် အပိုထပ်ဆောင်းဝန်ဆောင်မှုများအတွက် ကောက်ခံသည့် နှုန်းထားမှာ လက်ရှိကောက်ခံသည့် နှုန်းထားအတိုင်း ဖြစ်ပါသည်။
*124*1#သို့ဖုန်းခေါ်ဆိုခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။ သို့သော်လည်း ယခင်က လစဉ်ပေး My အင်တာနက်အစီအစဉ်များကို ဝယ်ယူထားပါက အဆိုပါအကျိုးခံစားခွင့်များအား မူလအခြေခံအစီအစဉ်ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သောကြောင့် အဆိုပါ အကျိုးခံစားခွင့်များကို စစ်ဆေးနိုင်မည်မဟုတ်ပါ။ ကောင်းမွန် မြန်ဆန်သော အင်တာနက်ကို အသုံးပြုနိုင်ရန်အတွက် Smart အင်တာနက်အစီအစဉ်များကို အသုံးပြုရန် အကြံပေးလိုပါသည်။
“စူပါပွား” ဝန်ဆောင်မှုအသုံးပြုပြီးနောက် မူလအခြေခံအစီအစဉ်သို့ ပြောင်းလဲအသုံးပြုလိုပါက မည်မျှကြာကြာ စောင့်ရမည်နည်း။“စူပါပွား”ဝန်ဆောင်မှုကို ပြောင်းလဲအသုံးပြုခြင်းအတွက် ပြောင်းလဲအသုံးပြုခ ပေးဆောင်ရန်မလိုအပ်ပါ။ မူလ အခြေခံအစီအစဉ်သို့ ပြောင်းလဲအသုံးပြုလိုပါက “စူပါပွား” ဝန်ဆောင်မှုကိုပြောင်းလဲအသုံးပြုပြီး နောက်တစ်နေ့တွင် ပြန်ပြောင်းအသုံးပြုနိုင်ပါသည်။ 365သို့SUP OFF ဟု SMS ပို့ခြင်းဖြင့် လည်းကောင်း (သို့မဟုတ်)*365*2#ကို ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ (သို့မဟုတ်) 979 သို့ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း မူလအခြေခံ အစီအစဉ်သို့ ပြောင်းလဲအသုံးပြုနိုင်ပါသည်။ မူလအခြေခံ အစီအစဉ်သို့ပြန်ပြောင်းအသုံးပြုပြီးနောက် “စူပါပွား” ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုလိုပါကလည်း မူလအခြေခံအစီအစဉ်သို့ပြောင်းလဲအသုံးပြုပြီး နောက်တစ်နေ့တွင် ပြောင်းလဲအသုံးပြုနိုင်ပါမည်။ 365သို့SUP ON ဟု SMS ပို့ခြင်းဖြင့် လည်းကောင်း (သို့မဟုတ်)*365*1#ကို ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ (သို့မဟုတ်) 979 သို့ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း “စူပါပွား” ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါသည်။
ပြောင်းလဲအသုံးပြုလို့ရပါသည်။ Postpaid ဝန်ဆောင်မှုကို အသုံးပြုသူတယောက်အနေဖြင့် Prepaid ၏ “စူပါပွား” ဝန်ဆောင်မှုသို့ ပြောင်းလဲအသုံးပြုလိုပါက တယ်လီနောအရောင်းဆိုင်များသို့ သွားရောက်၍သော်လည်းကောင်း၊ Call Center သို့ ဖုန်းခေါ်ဆိုခြင်းဖြင့်သော်လည်းကောင်း ဝန်ဆောင်မှုရယူနိုင်ပါသည်။
“စူပါပွား” ဝန်ဆောင်မှုကိုအသုံးပြုနေသူဖြစ်စေ၊ မူလအခြေခံအစီအစဉ်ကို အသုံးပြုနေသူဖြစ်စေ ကြိုသုံးငွေအား ပြန်လည်ပေးဆောင်ပြီးပါက ကြိုသုံးဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါသည်။
ရယူနိုင်ပါသည်။ သို့သော် ပထမဆုံးဖုန်းခေါ်ဆိုမှု (First Voice Call) ပြီးထားပြီးသော ဆင်းကတ်ဖြစ်ရပါမည်။
“စူပါပွား” ဝန်ဆောင်မှုကိုပြောင်းလဲရယူရန် စတင်အသုံးပြုခပေးဆောင်ရန်မလိုသောကြောင့်၊ ဖုန်းလက်ကျန်ငွေ ပမာဏ မရှိဘဲ “စူပါပွား” ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
 

ဆင်းကတ်နှင့် အခြား၀န်ဆောင်မူများ

ကုန်ကျစရိတ်ဟာ နံပါတ်ပေါ်မူတည်ပါတယ်။ အထူးနံပါတ် SIM ကဒ်များကိုတော့ Telenor အရောင်းဆိုင်များတွင်သာ နံပါတ်ပေါ်မူတည်ပြီး ကုန်ကျပါသည်။
Telenor SIM ကဒ်များစာ Mobile Internet ချိတ်ပြီးသားဖြစ်သောကြောင့် အပိုထပ်ဆောင်းပေးရန် မလိုပါ။
Telenor Phone အချင်းချင်း ခေါ်ဆိုလျှင် ၁၈.၉ကျပ် သာ ကျပါသည်။
Telenor မှ တခြားဖုန်းကို ဖုန်းခေါ်ဆိုလျှင်၂၅ ကျပ် သာ ကျပါသည်။
1000, 3000, 5000 and 10 000 ကျပ်တန်ငွေဖြည့်ကဒ်များကိုရောင်းချမည်။
ငွေဖြည့်ပြီး တစ်နှစ်ကြာသည်အထိ အသုံးပြုနိုင်ပါသည်။
ထိုသို့ဖြစ်လျှင် Telenor Phone ဖြင့် Call Centre Number - ၉၇၉ (သို့) တခြားဖုန်းဖြင့် 09790097900 ခေါ်ဆိုနိုင်ပါသည်။ ဆက်သွယ်မရလျှင် နီးစပ်ရာ တယ်လီနော် အရောင်းဆိုင်များတွင် စုံစမ်း ၍သော်လည်းကောင်း care@telenor.com သို့ E-Mail ပို့နိုင်ပါသည်။
Internet Packages များကို လစဉ်သုံး အပတ်စဉ်သုံး စုံလင်စွာ ထုတ်လုပ်ထားပါသည်။ အသေးစိတ်သိရှိလိုပါက ဤနရောတှငျ ကြည့်နိုင်ပါသည်။
ကိုယ်ဝယ်ထားတဲ့ Internet Package သုံးလို့ ကုန်သွားလျှင် သုံးသလောက်ပေး အစီအစဉ်အတိုင်းဖြတ်တောက်သွားပါမည်။
ခေါ်ဆိုမယ့် နိုင်ငံပေါ်မူတည်ပြီး ကုန်ကျမည်။ နိုင်ငံအလိုက် ကုန်ကျစရိတ်ကို Website တွင်ပြထားသည်။
Telenor SIM ကဒ်မှာ နိုင်ငံခြားခရီးသွားဖုန်းခေါ်ဆိုမှု အသုံးပြုလို့ရပါတယ်။ တချို့နိုင်ငံများကိုတော့ ဝန်ဆောင်မှုစတင်ချိန်မှာ ဆက်သွယ်လို့မရနိုင်သေးပါ။ခရီးမသွားခင် Telenor Call Centre 979 ကို ခေါ်ဆိုနိုင်ပါသည်။ သို့မဟုတ်ဤနေရာတွင် လေ့လာနိုင်ပါသည်။
SIM ကဒ်ဝယ်တာနဲ့ ဖုန်းခေါ်ဆိုမှုအသုံးပြုနိုင်ပါသည်။ Telenor နှင့် စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံခြား ခရီးသွားဖုန်းခေါ်ဆိုမှုကို အသုံးပြုနိုင်ပါတယ်။ ခရီးသွားခေါ်ဆိုမှုနှုန်းတွေဟာ မတူညီတာ ဖြစ်တဲ့အတွက် ခရီးမသွားခင် စျေးနှုန်းတွေကို စုံစမ်းမေးမြန်းသင့်ပါတယ်။ အသေးစိတ် သိရှိလိုပါက Telenor Phone ဖြင့် Call Centre Number - ၉၇၉ (သို့) တခြားဖုန်းဖြင့် 09790097900 ခေါ်ဆိုပြီးမေးမြန်းစုံစမ်းနိုင်ပါတယ်။ သို့မဟုတ်ဤနေရာတွင် လေ့လာနိုင်ပါသည်။
ကိုယ်သွားရောက်နေတဲ့ နိုင်ငံရဲ့ ခေါ်ဆိုမှုနှုန်းပေါ် မူတည်ပြီး စျေးနှုန်းပြောင်းလဲသွားမည်။ စျေးနှုန်း အသေးစိတ် သိရှိလိုပါက ဤနေရာတွင် လေ့လာနိုင်ပါသည်။
apps Install လုပ်နေတုန်း ဖုန်းသုံးလျှင် တစ်ချို့ apps တွေဖြစ်တဲ့ မိုးလေဝသတင်းတွေ၊ Facebook သတင်းတွေ၊ email download လုပ်တာတွေက Internet ကိုသုံးမှ Update လုပ်လို့ရတာ ဖြစ်တယ်။ Internet အသုံးပြုခ ကလည်း ကိုယ်ယူထားတဲ့ နှုန်းပေါ်မူတည်ပြီး ဖြတ်သွားတာပါ။ ကိုယ်ဖုန်းမှာ apps တွေကို အလိုအလျောက် Update မလုပ်စေချင်ရင် Setting မှာ ဝင်ပြီး ညှိလို့ရသလို၊ Internet ပိတ်ထားလို့ရတယ်။ Internet အသုံးပြုမှု ပိတ်ချင်လျှင် 500 သို့ အခမဲ့ Message ပို့ဆောင်လို့ ရပါတယ်။ Internet ပြန်လည်အသုံးပြုချင်လျှင်လည်း 500 သို့ Message ပို့ပြီး ဖွင့်ခိုင်းလို့ရပါတယ်။ထို့နောက် ဖုန်းကို restart ချပြီးမှ ပြန်လည်အသုံးပြုသင့်ပါတယ်။
ကိုယ့်မှာ အထောက်အထားရှိနေသရွေ ယခင် SIM Card အတိုင်း ပြန်လည်အသုံးပြုနိုင်ပါတယ်။ SIM Card ပြန်လည် လျှောက်ထားရန်အတွက် အနီးစပ်ဆုံး Telenor ဆိုင်တွင် ပြန်လည် လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားနိုင်သော ဆိုင်များကို ဤနေရာတွင် ကြည့်ရှု နိုင်ပါသည်။
 

ကွန်ယက်နှင့် လွမ်ခြုံမှုဧရိယာ

3G Network ရှိတဲ့နေရာမှာ 2G Network ရတာဟာ အကြောင်းပြချက်များရှိပါတယ်။
 

4G

4G ဆိုသည်မှာ မိုဘိုင်းကွန်ယက်နည်းပညာ၏ စံတစ်ခုဖြစ်ပြီး၊ မိုဘိုင်းနည်းပညာ၏ စတုတ္ထမြောက်မျိုးဆက်လည်း ဖြစ်ပါသည်။ 2G နဲ့ 3G ၏ နောက်ဆုံးမျိုးဆက်ဖြစ်ပြီး၊ 4G ကို အသုံးပြုခြင်းဖြင့် အမြန်ဆုံးနဲ့အကောင်းဆုံးအင်တာနက်အသုံးပြုရသည့် အတွေ့အကြုံကို ရရှိနိုင်ပါသည်။ စူပါမြန်နှုန်းမြင့် 4G ဝန်ဆောင်မှုဖြင့် အင်တာနက်မှ file များကို လျှင်မြန်စွာ ဒေါင်းလုပ်ချနိုင်ခြင်း၊ video chatပြုလုပ်နိုင်ခြင်း၊ multiplayer game များ ကစားနိုင်ခြင်း၊ အရည်အသွေးမြင့် HD ဗီဒီယိုများကို onlineမှ တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းစသည့် 4G ဝန်ဆောင်မှု၏ အားသာချက်များကို ခံစားသိရှိနိုင်မည်ဖြစ်ပါသည်။
LTE (Long Term evolution) ဆိုသည်မှာ အလွန်မြန်ဆန်သောနှုန်းဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသော ရေဒီယိုအခြေခံနည်းပညာ တခုကို ဆိုလိုပါသည်။
  • GPRS ဆိုသည်မှာ ပုံမှန် ဒေတာမြန်နှုန်းရရှိနိုင်သည့် 2G နည်းပညာကို အသုံးပြုထားသော ကွန်ယက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
  • EDGE ဆိုသည်မှာ GPRS မြန်နှုန်းထက် ပိုမိုမြန်ဆန်သော ဒေတာမြန်နှုန်းရရှိနိုင်သည့် 2.5G နည်းပညာကို အသုံးပြုထားသော ကွန်ယက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
  • 3G ဆိုသည်မှာ GPRS နှင့် EDGE တို့နှင့် နှိုင်းယှဉ်လျှင် ပိုမိုမြန်ဆန်ကောင်းမွန်သည့် ဒေတာမြန်နှုန်းရရှိနိုင်သည့် 3G နည်းပညာကို အသုံးပြုထားသော ကွန်ယက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
  • 4G ဆိုသည်မှာ မိုဘိုင်းဒေတာလွှဲပြောင်းမှုနည်းပညာ၏ ကမ္ဘာ့ခေတ်အမှီဆုံးနည်းပညာဖြစ်သည့် LTE နည်းပညာကို အသုံးပြုထားသော ကွန်ယက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။ GPRS၊ EDGE၊ 3G တို့နှင့် နှိုင်းယှဉ်ပါက အမြန်ဆုံး၊ အကောင်းဆုံး ဒေတာမြန်နှုန်းကို ရရှိနိုင်သည့် ကွန်ယက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
Telenor ၏ 4G ဝန်ဆောင်မှုဖြင့် အင်တာနက်ဝန်ဆောင်မှုများဖြစ်သည့် video call ခေါ်ဆိုခြင်း၊ အရည်အသွေးမြင့် HD ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုခြင်း၊ online ဂိမ်းဆော့ခြင်းစသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။
Telenor ၏ 4G သည် 3G မြန်နှုန်းထက် ပိုမိုမြန်ဆန်ပါလိမ့်မည်။ သို့သော် ကွန်ယက်ကိုအသုံးပြုနေသော အသုံးပြုသူဦးရေပေါ်မူတည်၍ အင်တာနက်မြန်နှုန်း အနည်းငယ်ကွာခြားပါလိမ့်မည်။
နံပါတ်အသစ် လဲလှယ်ရန်မလိုအပ်ပါ ၊ သို့သော် သင်၏လက်ရှိ SIM ကဒ်သည် USIM မဟုတ်ပါက နီးစပ်ရာ တယ်လီနောဆိုင်များတွင်သင်၏ SIM ကဒ်ကို USIM ဖြင့်သွားရောက်လဲလှယ်နိုင်ပါသည်။
USIM ကဒ် သည်မြန်နှုန်းမြင့် SIM ကဒ်ဖြစ်ပြီး SIM application များ၏ ရှုပ်ထွေးသောလုပ်ဆောင်ချက်များတွင် ကူညီပေးနိုင်မည်ဖြစ်ပါသည်။ ၄င်းသည် လုံခြံုမှုပိုမိုကောင်းမွန်ပြီး အဆင့်မြှင့်ထားသည့် Phonebook လုပ်ဆောင်ချက်များပါဝင်ပါသည်။
  • ပုံမှန် SIM ကဒ် သည် 2G နှင့် 3G နက်ဝေါ့ ကိုသာ အသုံးပြုနိုင်ပြီး ၊ USIM ကဒ်သည် 2G ၊ 3G နှင့် 4G နက်ဝေါ့ အားလုံးကို အသုံးပြုနိုင်ပါသည်။
  • ဒေတာ သိုမှီးမှု ပမာဏ တွင် ပုံမှန်ဆင်းကဒ် သည် ၆၄ kb သိုမှီးနိုင်ပြီး ၊ ကဒ်သည် ၁၂၈ kb သိုမှီးနိုင်ပါသည်။
သဘောအားဖြင့်ပြောရလျှင် 4G နက်ဝေါ့သည် 3G နက်ဝေါ့နှင့် တူသော်လည်း ဒေတာစီးဆင်းမှုပိုမိုမြန်ဆန်သောကြောင့် သင်၏အသုံးပြုမှုပမာဏအပေါ်တွင်မူတည်ပါသည်။ (ဥပမာ။ ။ သင်ဒေတာပမာဏ များများသုံးလျှင် များများကုန်ကျမည်ဖြစ်ပါသည်။)
  • Telenor 4G နက်ဝေါ့ကို စတင်အသုံးပြုရန် သင်၏ ဆင်းကဒ် နှင့် ဖုန်းသည် Telenor 4G နက်ဝေါ့ (2100 MHz) ကြိမ်နှုန်း ကို အသုံးပြုရန်ကိုက်ညီမှုရှိရမည်ဖြစ်ပါသည်။
  • *၄၄၄# ကိုဖုန်းခေါ်ဆိုခြင်းဖြင့်၎င်း ၊ ၅၀၀ သို့စာတို "Check4g" ဟုပေးပို့ခြင်းဖြင့်၎င်း စစ်ဆေးနိုင်ပါသည်။
တယ်လီနော 4G နက်ဝေါ့ကို အသုံးပြုရန် သင်၏ဖုန်းသည် 4G နက်ဝေါ့ အသုံးပြုနိုင်သောဖုန်းဖြစ်ရမည်ဖြစ်ပြီး ၊ ဖုန်းကွန်ယက်တွင် 4G အသုံးပြုနိုင်သောကွန်ယက်ကိုရွေးချယ်ထားရမည်ဖြစ်သည်။
ဟုတ်ကဲ့ ၊ တယ်လီနော 4G နက်ဝေါ့ဖြင့် Online Games များကစားနိုင်ပါသည်။
ဟုတ်ကဲ့ ၊ တယ်လီနော 4G နက်ဝေါ့ဖြင့် ဖုန်းခေါ်ဆိုမှု ၊ ဖုန်းလက်ခံရရှိမှု နှင့် စာတိုဝန်ဆောင်မှု ပြုလုပ်နိုင်ပါသည်။
ဟုတ်ကဲ့ ၊ ခေါ်ဆိုနိုင်ပါတယ် ခင်ဗျာ။
Telenor 4G နက်ဝေါ့ကို စတင်အသုံးပြုရန် သင်၏ ဆင်းကဒ် နှင့် ဖုန်းသည် Telenor 4G နက်ဝေါ့ (2100 MHz) ကြိမ်နှုန်း ကို အသုံးပြုရန်ကိုက်ညီမှုရှိရမည်ဖြစ်ပါသည်။ သင် ယခုအသုံးပြုနေသော ဆင်းကတ် 4G ရ၊ မရကို *444# ကိုဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ 500 သို့ Check4G ဟု SMS ပေးပို့ခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
Telenor 4G ဝန်ဆောင်မှုအသုံးပြုရန် USIM အသုံးပြုရမည်ဖြစ်ပါသည်။ သင် ယခုအသုံးပြုနေသော ဆင်းကတ် 4G ရ၊ မရကို *444# ကိုဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ 500 သို့ Check4G ဟု SMS ပေးပို့ခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။ သင် ယခုအသုံးပြုနေသော ဆင်းကတ်သည် ပုံမှန်ဆင်းကတ်ဖြစ်ပါက နီးစပ်ရာတယ်လီနောဆိုင်များတွင် USIM ကို လဲလှယ်အသုံးပြုနိုင်ပါသည်။
တယ်လီနော၏ 4G ၀န်ဆောင်မှုများကို မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီး ၁၅ မြို့တွင် အသုံးပြုနိုင်ပြီး ဖြစ်ပါသည်။
တယ်လီနောဝန်ဆောင်မှုအသုံးပြုသူများအား အကောင်းဆုံးကွန်ယက်ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်၍ နောက်မကြာသောအချိန်အတောအတွင်း အခြားမြို့များတွင်ပါ တဖြည်းဖြည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
မရပါ။ Telenor 4G ဝန်ဆောင်မှုကို အသုံးပြုရန် 4G ကွန်ယက်အသုံးပြုနိုင်သော ဟန်းဆက်များကို အသုံးပြုရမည်ဖြစ်ပါသည်။
 

Mobile ဖုန်းဖြင့် Internet အသုံးပြုခြင်း

Telenor SIM Card တွေမှာ အင်တာနက်ကို အလိုအလျောက် ချိတ်ဆက်ထားပါသည်။ သို့ပေမယ့် လက်ကျန်ငွေကို စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။Telenor SIM Card ဖြင့် 979 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ ၁ (သို့) ၃ ကိုနှိပ်၍သော်လည်းကောင်း အင်တာနက် Setting ကိုရှာနိုင်ပါသည်။မိမိ Handset တွင် Internet Setting မရှိပါက Setting မှ APN နေရာတွင် Internet ဟုပြောင်းထည့်ပါ။ အသေးစိတ် သိရှိလိုပါက Telenor SIM Card ဖြင့် Call Center 979 သို့ခေါ်ဆိုနိုင်ပါသည်။
Telenor SIM Card တွင်ပါသော အင်တာနက်နှုန်းသည် 2 mbpsကျော် ထိသုံးနိုင်ပါသည်။ Handset အမျိုးအစား ၊ တာ၀ါတိုင်နှင့် အနီးအဝေး၊ အသုံးပြုသူ အရေအတွက် များပေါ်မူတည်၍ အင်တာနက်အမြန်နှုန်းပြောင်းလဲသွားမည် ဖြစ်သည်။
အကယ်၍ မြန်ဆန်သော အင်တာနက်နှုန်းကို သုံးချင်လျှင် 1 MB ကို ၈ ကျပ် ပေးဆောင်ရမည် ဖြစ်ပြီး မိမိလိုအပ်သည့် အချက်ပေါ်မူတည်၍ MB ကို ယူဆောင်သင့်ပါသည်။ အသေးစိတ် သိရှိလိုပါက ဤနေရာတွင်ကြည့်ရှုနိုင်ပါသည်။
Facebook က ပုံတစ်ပုံ ကို Download ဆွဲလျှင် 200-300 kb ကျသင့်မည်။ email ပို့မယ်ဆိုရင်တော့ 20-30 kb ကျသင့်မည် ဖြစ်သည်။ Youtube Video ကြည့်ခဲ့မည်ဆိုလျှင် 3-4 MB ကျသင့်မည် ဖြစ်သည်။
Telenor Mobile Internet အစီအစဉ်ကို SMART Internet ဟုခေါ်ပါသည်။ SMART Internet သည် အသုံးပြုခြင်းပေါ်မူတည်၍ ကျသင့်မည် ဖြစ်သည်။ Telenor အင်တာနက်ကို အသုံးပြုမည်ဆိုလျှင် ၀န်ဆောင်ခ 1 MB ကို ၈ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။
Telenor မှ Internet Package မျိုးစုံထွက်ရှိပါသည်။ အသေးစိတ် သိရှိလိုပါက ဤနေရာတွင် လေ့လာနိုင်ပါသည်။
3G network အသုံးပြုလို့ရပါသည်။ Telenor အနေနဲ့ စျေးကွက်ရဲ့အခြေအနေနှင့်၀န်ဆောင်မှုတွေကို စျေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန် 2G / 3G Network 2 မျိုးလုံး ပေးဆောင်ထားခြင်းဖြစ်ပါသည်။
4G Network ပေးဆောင်ရန် အဆင်သင့်ပေးဆောင်ရန် ဖြစ်နေပါပြီ။ မြန်မာနိုင်ငံတွင်လည်း 4G Network အသုံးပြုနိုင်မည့် LTE များလုံလောက်နေပါပြီ။
ရနိုင်ပါသည်။ ဒါပေမယ့် 3G Network ထက် Download Speed နှေးပါမည်။
2G နှင့် 3G သည် Mobile Internet Service များကို ထောက်ပံ့ပေးသော စနစ်များ ဖြစ်သည်။ ကွာခြားချက်များမှာ 2G Network ထက် 3G Network သည် Internet Download Speed ပိုကောင်းမည်ဖြစ်ပြီး 2G Network မှာ Voice Call, SMS, Internet Browsing, Facebook & Email များရမည် ဖြစ်ပါသည်။ 3G Networkမှာ Internet Download Speed ပိုကောင်းမွန်ခြင်း၊ Video File Size ကြီးများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။
Internet Package ဖြင့်အသုံးပြုမည်ဆိုလျှင် *124*1# ကိုနှိပ်၍ စစ်ဆေးနိုင်ပါသည်။ အကယ်၍ Internet Package ဖြင့် အသုံးမပြုပါက မိမိအသုံးပြုသလောက် ပေးဆောင်ရမည် ဖြစ်ပြီး ငွေစစ်မည်ဆိုလျှင် *124*# ကိုနှိပ်၍ စစ်ဆေးရမည် ဖြစ်ပါသည်။ မိမိ အသုံးပြုနေသည့် ငွေပမာဏကို သိရှိစေရန် Telenor မှ Message များ ပို့ဆောင်ပေးမည် ဖြစ်သည်။
Telenor SIM Card ဖြင့် 979 သို့ ခေါ်ဆို၍သော်လည်းကောင်း ၊ အခြားဖုန်းဖြင့် 09790097900 သို့ခေါ်ဆို၍သော်လည်းကောင်း ခေါ်နိုင်ပါသည်။ ဖုန်းတွင် အင်တာနက်ချိတ်ဆက်ထားလျှင်လဲ care@telenor.com.mm သို့ Email ပို့နိုင်ပြီး နီးစပ်ရာ ဖုန်းဆိုင်များတွင် စုံစမ်းနိုင်ပါသည်။အကယ်၍ Telenor Customer မဟုတ်လို့ပဲဖြစ်ဖြစ် နိူင်ငံခြားကဖုန်းဆိုလို့ပဲဖြစ်ဖြစ် +95(0)9790097900 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
 

SMS

Telenor SIMကဒ် အချင်းချင်း sms ပို့ရင် ၁၅.၇၅ ကျပ် ကုန်ကျပါတယ်။
Telenor က တခြား SIMကဒ် တွေကို sms ပို့ရင် ၁၅.၇၅ ကျပ် ကုန်ကျပါတယ်။
ဟုတ်ကဲ့။ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ sms ပို့နိုင်ပါသည်။
မည်သည့်နိုင်ငံသို့ မဆို ငွေကျပ်၃၂ ဖြင့် sms ပို့နိုင်သည်။
နိုင်ငံခြားမှ sms များကို Telenor SIM ကဒ်ဖြင့် လက်ခံနိုင်ပါသည်။ မြန်မာနိုင်ငံမှာ ရှိနေလျှင် နိုင်ငံခြားမှ sms များကို လက်ခံရန် အပိုကြေးပေးရန်မလိုပါ။
 

ဟန်းဆက်

GSM handsets တိုင်းက Telenor SIM ကဒ်နဲ့ အဆင်ပြေပါတယ်။
Telenor Brand ဖြင့် သင့်တင့်သော handsets အမျိုးအစားနှစ်ခု ကို Telenor ဆိုင်များတွင် ရောင်းချပါမည်။ handsets များအကြောင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ Telenor က တခြား handset Operator များ ဖြစ်သော Samsung နှင့် Huawei များနှင့် စာချုပ် ချုပ်ထားပါသည်။ထို handsets များကိုလည်း Telenor ဆိုင်များတွင် ရောင်းချပါသည်။
Telenor Phones က font နှစ်ခုလုံးကို ထောက်ပံ့ပေးပါသည်။
 

၀န်ဆောင်မှုများ

ဖုန်းပြောခြင်း၊ SMS ပို့ခြင်း၊ Internet အသုံးပြုခြင်းတွေ အပြင်အခြား၀န်ဆောင်မှုများကိုပါ ပေးဆောင်မည် ဖြစ်ပါသည်။ဥပမာ - Miss Call သတိပေးချက် ၊ My Tune ၊ Call Forwarding ၊ Balance Transfer စသည့်၀န်ဆောင်မှုများရရှိနိုင်မည် ဖြစ်သည်။
Miss Call သတိပေးချက် ၀န်ဆောင်မှုက ဖုန်းမအားလို့ပဲဖြစ်ဖြစ် ပိတ်ထားလို့ပဲဖြစ်ဖြစ် လိုင်းမအားလို့ပဲ ဖြစ်ဖြစ် Miss Call အဖြစ် မှတ်သားထားပေးမည် ဖြစ်သည်။
mca service အတွက် ၀န်ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။
Wikipedia Zero ဆိုတာ အင်တာနက်အသုံးပြုသူတွေ စုပေါင်းကိုးကားထားသော အင်တာနက်ကို အခြေခံထားသော စွယ်စုံကျမ်းဖြစ်သည်။ Telenor က Wikipedia နှင့်ပူးပေါင်းထားသောကြောင့် Telenor SIM Card အသုံးပြုသူများကို အင်တာနက်မှတစ်ဆင့် Wikipedia ကို အခမဲ့ သုံးစွဲခွင့်ပြုထားပါသည်။ ဝီကီပီးဒီးယားအခမဲ့ကို တစ်ရက်လျှင် ၁၅၀ မီဂါဘိုက်အထိ အသုံးပြုနိုင်ပါသည်။
Telenor SIM Card တွေမှာ Wallpaper တွေ ၊ Game တွေကို Mobile Portal မှ တဆင့် Download လုပ်နိုင်အောင် စီ စဉ်ပေးထားပါသည်။
ဖုန်းလိုင်းမ၀င်ခင် ကိုယ့်စိတ်ကြိုက်သီချင်းတစ်ပုဒ်ကို တစ်ဖက်လူမှ နားထောင်နိုင်သော တေးဂီတ ၀န်ဆောင်မှု တစ်ခုဖြစ်သည်။
333 သို့ MT ON စာရိုက်၍ Message ပို့ပြီး အသုံးပြုနိုင်ပါသည်။
၃၁၅ ကျပ်ပေးဆောင်ရမည် ဖြစ်ပြီး အပတ်တိုင်းပေးဆောင်ရမည် ဖြစ်သည်။ Telenor တေးသွားကို Default Tune အနေဖြင့်အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ သီချင်းတစ်ပုဒ်ကို ငွေ ၃၁၅ ကျပ်ဖြင့် တစ်နှစ်အသုံးပြုနိုင်မည် ဖြစ်သည်။
  • စိုက်ပျိုးရေးနှင့်ပတ်သက်သော SMS
  • အာဆီယံ သတင်း SMS
  • အိမ်သုံးပစ်စည်းစျေးနှုန်း SMS
  • တရားဓမ်မနှင့် ပတ်သက်သည့် SMS
  • ပညာရေး (အဂငျ်လိပ်) SMS
  • ဖျော်ဖြေရေး သတင်း SMS
  • အစိုးရ သတင်း SMS
  • ကျန်းမာရေး သတင်း SMS
  • ဗေဒင် SMS
  • ထီ SMS
  • သတင်း SMS
  • အားကစား သတင်း SMS
  • နိုင်ငံခြား ခရီးသွား SMS
  • မိုးလေ၀သ သတင်း SMS များဖြစ်ပြီး
အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
Message ပို့သောအခါ အသုံးပြုသော Keyword နှင့် Short Number များရရန် ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
Telenor Customer အချင်းချင်း ဖုန်းဘေပို့ဆောင်နိုင်ပါသည်။ သို့သော် ပို့ဆောင်နိုင်မည့် ပမာဏ အကန့်အသတ်ရှိပါသည်။ ပို့ဆောင်မည့်သူမှာ လွှဲငွေ၏ ၅% နှင့် ၀န်ဆောင်ခ ၅% ပေးဆောင်ရမည်ဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ်မှ စ၍ ပို့ဆောင်နိုင်မည်။ ငွေလက်ခံရရှိသူမှာ ထို၀န်ဆောင်မှုအတွက် အခကြေးငွေဆောင်ရန်မလိုပါ။
Internet ဖွင့်၍ Google Play Store (သို့) အခြား Apps Store များမှတစ်ဆင့် Download လုပ်နိုင်ပါသည်။ Apps Website မှ တိုက်ရိုက် Download ပြုလုပ်နိုင်ပါသည်။ သို့သော် မိမိအသုံးပြုသော အင်တာနက် အစီအစဉ်အလိုက် ပေးဆောင်ရမည် ဖြစ်သည်။
 

နိုင်ငံတကာ၀န်ဆောင်မှုများ

[00][သို့][+] [နိုင်ငံ ကုတ်နံပါတ်] [၀ မပါသော ပြည်နယ် ကုတ်နံပါတ်] [ပြည်နယ် နံပါတ်] ကိုခေါ်ပါ။
[00] OR [+] [နိုင်ငံ ကုတ်နံပါတ်] [၀ မပါသောမိုဘိုင်း နံပါတ်] ကိုခေါ်ပါ ။
ရောက်ရှိနေသောနိုင်ငံ၏ ဖုန်းနံပါတ်၏အရှေ့တွင် “00” (သို့) [+] [နိုင်ငံ ကုတ်နံပါတ်] ကိုရိုက်ထည့်ပါ။
ပုံမှန်အားဖြင့် Message တစ်စောင်မှာ စာလုံးရေ ၁၆ဝပါသည်။ တခြား handsets တွေမှာပြောင်းလဲနိုင်ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် Telenor SIMကဒ်ဖြင့် Internet သုံးနိုင်ပါသည်။ Mobile Internet အတွက် တိကျတဲ့စျေးနှုန်းတွေရှိပါတယ်။
အဝင်ဖုန်းခေါ်ဆိုမှု ရော အထွက်ခေါ်ဆိုမှု အတွက် ပိုက်ဆံပေးရပါမည်။ အသေးစိတ် စျေးနှုန်းများကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
အသုံးပြုနိုင်ပါသည်။ Telenor မြန်မာဖြင့် စာချုပ်ချုပ်ဆို ထားသော နိုင်ငံတကာဖုန်း operator ကိုအသုံးပြုသူ ဖြစ်ပါက ခရီးမထွက်ခင် ထို operatorကို အရင် စုံစမ်းမေးမြန်းနိုင်ပါသည်။
 

လူ့စွမ်အားအရင်းအမြစ်

လျှောက် ထားနိုင်သောနေရာ နှင့် ပုံစံကို ဤနေရာတွင် ဖော်ပြထားပါသည်။ ကိုယ်ရေးအကျဉ်း နှင့် cover letter ကို hr.myanmar@telenor.com သို့ပို့ပြီး လျှောက်ထားနိုင်ပါသည်။
လျှောက်ထားသူတွေရဲ့ လျှောက်လွှာရောက်ရှိကြောင်းအတည်ပြုစာပို့ပေးပါမယ်။ ယင်းအတည်ပြုစာတွင် လျှောက်ထားသူများပြားလွန်းတဲ့အတွက် ရွေးချယ်ခံရသော လျှောက်လွှာရှင်များကိုသာ နောက်တစ်ဆင့်အတွက် အကြောင်းပြန်ပြီး သွားမှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့လျှောက်လွှာရှင်များထံသို့ လူတွေ့စစ်ဆေးမှု တက်ရောက်ရန် ဖိတ်ကြားစာ ရောက်ရှိပါလိမ့်မယ်။ ရွေးချယ်မခံရလျှင် သင့လျှောက်လွှာဟာ တယ်လီနောရဲ့ database မှာ သိမ်းဆည်းထားမှာဖြစ်ပြီး နောက်ပိုင်း သင့်တော်တဲ့ နေရာအတွက် ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။
တစ်ဆင့်ခံစာချုပ် ချုပ်ဆိုထားသူ, Apollo and IGT မှာ လျှောက်ထားနိုင်ပါသည်။
 

အကျိုးတူပူးပေါင်းသူများ နှင့် ဖြန့်ချီသူများ

လက်လီ/လက်ကား ဖြန့်ချီသူများသည် Application Form ကို Download ဆွဲပြီး Formပုံစံ ကိုဖြည့်ပြီး partner.myanmar@telenor.com.mm သို့ ပေးပို့နိုင်ပါသည်။ ဖြည့်သွင်းထားသော အချက်အလက်များသည် Telenor မှ လိုအပ်သော အချက်အလက်များ နှင့် ကိုက်ညီမှသာ အကြောင်းပြန်ကြားမည်။

Application for Distributor (English version)
Application for Distributor (Myanmar version)
Application for Enterprise Direct Sales Agency (English version)
Application for Enterprise Direct Sales Agency (Myanmar version)
 

လစဉ်ငွေပေး ဝန်ဆောင်မှုစနစ်

- ကြိုက်နှစ်သက်ရာ Telenor Number ၅လုံးအထိ ၁မိနစ် ၁၂ကျပ် နှုန်းဖြင့် ခေါ်ဆိုနိုင်ခြင်း။
- လစဉ် အခမဲ့ မြန်နှုန်းမြှင့် Internet 2GB အထိရရှိ နိုင်ခြင်း။
- လစဉ် အခမဲ့ My Tune ဝန်ဆောင်မှုရရှိနိုင်ခြင်း။
- Capture App ဖြင့် Internet ပေါ်တွင် File များသိမ်းဆည်းခြင်းကို အခမဲ့ 22GB အထိရရှိနှိုင်ခြင်း။
- My Telenor App မှတဆင့် လစဉ်အသုံးပြုမှု အသေးစိတ်ကို ကြည့်ရှုနိုင်ခြင်း။
- Day 4: Telenor Myanmar Self Care App မှတဆင့် ကြည့်ရှုနိုင်ခြင်း။
- Day 4: Telenor Myanmar မှပို့ပေးသော SMS မှတဆင့် သိရှိနိုင်ခြင်း။
- Day 4: Telenor Myanmar မှမိမိ၏ Email သို သို့ပို့ပေးသော E-bill မှတဆင့်ကြည့်ရှုနိုင်ခြင်း။
- Day 4: Telenor Web Portal မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း။
- Telenor Myanmar Self Care App
- *124# လစဉ်အပိုသုံးငွေ (သို့) လစဉ် Plan ဖိုးအပြင် ထပ်ဆောင်းအသုံးပြုလို့ရသောငွေ။
- *124*1# လစဉ် Plan ဖိုး ၊ အခမဲ့ Data Pack ၊ ထပ်ဆောင်းဝယ်ယူထားသော Package များ။
- Telenor Web Portal
- Add FNF (SMS “addfnf 9597XXXXXXXX” to 500)
- Remove FNF (SMS “remfnf 9597XXXXXXXX” to 500)
- View FNF (SMS “viewfnf” to 500)
မလိုပါ။ Postpaid တွင် SIM Card တန်ဖိုးသည် အခမဲ့ ဖြစ်ပါသည်။
Postpaid အသုံးပြုသူများအနေဖြင့် အသုံးပြုနေစဉ် Commercial Tax အားပေးဆောင်ရန်မလိုအပ်ဘဲ လကုန် Bill ထွက်လာမှသာလျှင် အဆိုပါ Bill အပေါ်တွင် ၅% အခွန်ပေးဆောင်ရမည်။
- ငွေဖြည့်ကတ်ဖြင့်ဖြစ်စေ၊
- Telenor အရောင်းဆိုင်များတွင်ဖြစ်စေ
- E-Load မှတဆင့် ဖြစ်စေ၊
- CB ဘဏ် မှတဆင့်ဖြစ်စေပေးဆောင်နိုင်သည်။
ပေးဆောင်စရာ Outstanding Bill ရှိနေသည့်အချိန်တွင် ငွေဖြည့်မိပါက ဖြည့်လိုက်သောငွေပမာဏသည် Outstanding Bill ကိုသွားချေမည်ဖြစ်သည်။
- အသုံးမပြုလိုက်ရဘဲ ကျန်ရှိနေသော Plan ဖိုးကိုနောက်လသို့ သယ်ယူအသုံးပြုခွင့် ပြုမည်ဖြစ်ပြီး လစဉ်ယူထားသော Plan အတိုင်း Bill ပေးဆောင်ရမည်။ (လစဉ်လတိုင်း အကန့်အသတ်မရှိ)
- လစဉ်အခမဲ့ရရှိသော 1GB နှင့် 2GB Pack များအနေဖြင့် လကုန်သည်နှင့် တပြိုင်နက် သက်တမ်း ကုန်ဆုံးသွားမည် ဖြစ်ပြီး လစဉ်လတိုင်း ၁ရက်နေ့တွင် ယူထားသော Plan အလိုက်အသစ် ပြန်လည်ရရှိမည်ဖြစ်သည်။
Bill နောက်ဆုံးပေးဆောင် ရမည့်ရက်မှာ လစဉ် ၁၅ရက်နေ့ဖြစ်ပြီး ၁၆ရက်နေ့မှစတင်ကာ လစဉ်လတိုင်း နောက်ကျကြေး ၂၅၀၀ကျပ် ပေးဆောင်ရမည်။ အကယ်၍ ၂၀ရက်နေ့အထိမှ Bill လာမဆောင်ပါက ၂၁ ရက်နေ့မှစ၍ Outgoing Call ၊ SMS ပေးပို့ခြင်းနှင့် Internet အသုံးပြုခွင့်များ ရပ်ဆိုင်းသွားမည် ဖြစ်သည်။ (အဆိုပါနောက်ကျကြေး ၂၅၀၀ ကျပ်ပေါ်တွင် Commercial Tax မကောက်ပါ။)
Bill ဆောင်ပြီး ၂၄ နာရီအတွင်း ပြန်လည်အသုံးပြုနိုင်ပါမည်။