Share

အဝိုင်းမလည်သည့် တည်ငြိမ်သော အင်တာနက်ကို အသုံးပြုပါ။

တယ်လီနော၏ စစ်မှန်သော 4G/LTE ကို ကြိုိဆိုလိုက်ပါ။ သုံးစွဲသူအများအတွက် သာလွန်ကောင်းမွန်တဲ့နှုန်းနှင့် ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယိုတွေကိုအပြတ်အတောက်မရှိချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကိုအထစ်အငေါ့ကင်းကင်းကစားနိုင်မှု၊ လူမှု ကွန်ရက် တွေကိုအကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်းတည်ငြိမ်တဲ့ ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မှု စသည်တို့ပါ၀င်သည့် ပြီးပြည့်စုံသော အင်တာနက်အသုံးပြုမှု အတွေ့အကြုံကိုရရှိစေရန် တယ်လီနောအနေနဲ့ အခု ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီး ၀န်ဆောင်မှုတွေ ပေးအပ်နေပါပြီ။

မည်သည့်အရာများက တယ်လီနော 4G/LTE ကို ပိုကောင်းစေသလဲ။

အကြီးမားဆုံး 4G ကွန်ရက်ဖြစ်ခြင်း။

မြန်မာပြည်၏ မြို့ကြီး ၂၅မြို့တွင် ကွန်ရက်လွှမ်းခြုံပြီးဖြစ်သည်။

မြန်ဆန်သည့်အင်တာနက်ကို လူသုံးများချိန်တွင်လည်း အသုံးပြုနိုင်ခြင်း။

ငါးဆမြန်ဆန်သည့်အင်တာနက်ကို လူသုံးများချိန်တွင်လည်း အသုံးပြုနိုင်သည်။

ဗွီဒီယိုကြည့်ရန် အကောင်းဆုံးဖြစ်ခြင်း။

ဗွီဒီယိုများ ၃စက္ကန့်အတွင်း စတင်ကြည့်နိုင်သည်။

Facebook အသုံးပြုရန် အကောင်းဆုံးဖြစ်ခြင်း။

Facebook ၏ Newsfeed များ ၂စက္ကန့်အတွင်း တက်နိုင်သည်။

ဖော်ပြပါ အင်တာနက်မြန်နှုန်း နှင့် လုပ်ဆောင်ချိန်များသည် ပျမ်းမျှများဖြစ်၍ ပြောင်းလဲနိုင်သည်။

မိတ်ဆွေ၏ ဖုန်းနှင့် ဆင်းကတ်များကို 4G/LTE ချိတ်ဆက်၍ ရမရ စစ်ဆေးပါ။

*444# ကို ဖုန်းခေါ်ပါ။ အကြောင်းကြားစာကို လက်ခံရရှိပါမည်။

သင်၏ ဟန်းဆက်သည် 4G အသုံးပြုနိုင်သော်လည်း ဆင်းကတ်သည် 4G မပြုနိုင်လျှင် နီးစပ်ရာ တယ်လီနော အရောင်းဆိုင်များတွင် USIM ချိ်န်းပြီး ၅၀၀ MB ကို အခမဲ့ လက်ဆောင်ရယူနိုင်ပါသည်။ တယ်လီနောအရောင်းဆိုင်များကို ဤနေရာတွင် ရှာဖွေနိုင်ပါသည်။

4G setting ကို ဘယ်လိုပြောင်းနိုင်သလဲ။

Setting/ Cellular/ Cellular Data options/ Voice and Data/ 4G

Settings/ Mobile networks/Network mode/ LTE/3G/2G auto connect

Settings/More/Mobile networks/Network mode/LTE (preferred/WCDMA/GSM)

Settings/ Mobile Network/ Network mode/4G (pref)/3G/2G



Settings/Mobile Networks/Preferred Network Type/SIM1 Preferred Network/ 4G/3G/2G/Auto

Settings/More/ Enable 4G

Settings/ SIM Cars&Mobile Networks/Telenor/Preferred network type/ Prefer LTE

Any other Android device: Settings/ Connections/ More Networks / Mobile Networks / Network Mode/ Select LTE/WCDMA/GSM (auto connect)

သင်သိသင့်သော 4G အကြောင်းများ။

ဗွီဒီယိုများကြည့်ရှုပါ။

3G နှင့် 4G ဘယ်လို ကွာခြားသလဲ။

4G ချိတ်ဆက်ပြီး ဗွီဒီယို ကြည့်ကြမယ်။

တယ်လီနော 4G ရန်ကုန်မြို့တွင် မိတ်ဆက်လိုက်ပါပြီ။

4G က ဒေတာ ပိုမကုန်စေပါဘူး။

4G ကို ဘယ်လို ပြောင်းသုံးနိုင်သလဲ။

ဘာတွေကြောင့် လိုင်းချို့ယွင်းနိုင်သလဲ။

Most frequently asked questions

LTE နှင့် 4G တို့သည် မိုဘိုင်း အင်တာနက် အတွက် အခြေခံအားဖြင့် တူညီမှု ရှိကြပြီး မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော အင်တာနက် အမျိုးအစားဖြစ်ပါသည်။ အတိအကျ ပြောပြရလျှင် 4G LTE သည် “ Fourth-generation long term evolution “ ဖြစ်ပြီး 4G အမျိုးအစား LTE အသုံးပြုကာ မိုဘိုင်း အင်တာနက်သုံးစွဲရာတွင် အလျင်မြန်ဆုံး ချိတ်ဆက်မှုကို 3G စနစ်ထက် ၁၀ ဆ မြန်ဆန်စွာ ဆောင်ရွက်ပေးပါသည်။
အခြေခံအားဖြင့် 3Gနှင့် 4G ကွန်ရက်တို့မှာ တူညီကြပြီး သင့်ဖုန်းကို အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါသည်။ သို့ရာတွင် 3G ကွန်ရက်သည် တယ်လီဖုန်း ဆက်သွယ်ပြောဆိုရန်နှင့် အင်တာနက်ချိတ်ဆက် အသုံးပြုရန်သာ ဖြစ်ပြီး 4G ကွန်ရက်သည် အင်တာနက် ဒေတာများ တစ်ဆင့် ပေးပို့ခြင်း ထုတ်လွင့်ခြင်း အတွက် အထူးပုံစံပြုလုပ်ထားပါသည်။ 4G သည် ပုံမှန်အားဖြင့် မြန်နှုန်း 20 Mbps နှင့် 50 Mbps အတွင်း အသုံးပြုနိုင်ပြီး 3G ထက် ၁၀ ဆ လျင်မြန်စွာ အင်တာနက် ဒေတာများကို ရယူနိုင်ပါသည်။ သင်ရှာဖွေ ကြည့်ရှုသုံးစွဲသော file ၏ ဒေတာ ပမာဏကြီးမားပါက 4Gနှင့်3G ကွာခြားလာပါသည်။ အချိန်ကြာမြင့်လာသည်နှင့် အမျှ 3G၏ မြန်နှုန်းကျဆင်းလာသော်လည်း 4G ကမူ အစအဆုံး လျင်မြန်သော တစ်သမတ်တည်း မြန်နှုန်းဖြင့် download လုပ်နိုင်ပါသည်။ 4Gနှင့် 3Gတို့၏ မြန်နှုန်းကွာခြားမှုကို အောက်ပါသုံးစွဲချိန်များတွင် သိရှိနိုင်ပါသည်။
  • ဓာတ်ပုံနှင့် ဗီဒီယိုများ facebook ပေါ်တင်ခြင်း
  • Facebook , Youtube, Pyone Play နှင့် အခြား ဗီဒီယိုပြသသော website များတွင် ဗီဒီယိုကြည့်ခြင်း
  • မိုဘိုင်းတီဗီကြည့်ခြင်း
  • ဓာတ်ပုံဗီဒီယိုနှင့် အခြား file များ download ပြုလုပ်ခြင်း
  • အခြားသူများနှင့် online ဂိမ်းများ ကစားခြင်း
မြန်မာနိုင်ငံတွင် 4G သည် 3G ထက် ပိုမို ကောင်းမွန်သော အားသာချက် မှာ လူသုံးများချိန်များတွင် 4G သည် 3G ထက် ၅ဆ ပိုမိုမြန်ဆန်ပါသည်။ 4Gသည် 3G ထက် ပိုမို ကောင်းမွန်ပြီး နောက်ဆုံး ပေါ်စနစ်ဖြစ်သောကြောင့် 4G အစား 3Gကို အဆင့်လျော့သုံးစွဲရန် မလိုအပ်ပါ။ အထူးသဖြင့် အင်တာနက်တွင် သင်ရှာဖွေသောအခါတွင် တူညီသောကြာမြင့်ချိန်အရ 4G က ပိုမိုရှာဖွေပေး၍ ဒေတာ MB ပိုမို သုံးစွဲရသဖြင့် ကုန်ကျစရိတ် ပိုမို ကုန်ကျသော်လည်း 4Gသည် 3G နှင့် ဒေတာ သုံးစွဲမှုမှာ တူညီပါသည်။
4G ကွန်ရက်ဖြင့် ချိတ်ဆက်အသုံးပြုနေချိန်တွင် ဖုန်းခေါ်ဆိုမှုများကို 3G ကွန်ရက်ပေါ်တွင် ဆက်လက်ပြုလုပ်ပေးပါသည်။ ကွန်ရက်ပြောင်းလဲမှု အတွက် ကိုယ်တိုင်ပြောင်းပေးရန် မလိုပါ။ သင့်ဖုန်းဟန်းဆက် က အလိုအလျောက်ပြုလုပ်ပေးပါသည်။ 4G ကွန်ရက်ပေါ် Viber, Whatapp, FB, Messenger သို့မဟုတ် အခြား အလားတူ application တစ်ခုခုကို သုံးပြီး ဗီဒီယို ဖုန်းခေါ်ဆို အသုံးပြုနိုင်ပါသည်။ သတိထားရမည်မှာ ဗီဒီယို ဖုန်းခေါ်ဆိုခြင်း သည် အင်တာနက် MB အလိုက်ကုန်ကျမှုဖြစ်ပြီး အချိန် အတိုင်းအတာ (မိနစ်) အလိုက်ကုန်ကျခြင်းမဟုတ်ပါ။
သင့်ဖုန်းဟန်းဆက်က 4G (သို့) LTE အမှတ်အသားကို ပြသနေပါက သင် 4G အသုံးပြုနေပြီ ဖြစ်ပါသည်။
တယ်လီနော 4G ၀န်ဆောင်မှု သုံးစွဲနိုင်ရန် လိုအပ်ချက်များ
ကွန်ရက်ဖြန့်ကျက်ထားမှု - တယ်လီနော 4G ၀န်ဆောင်မှု ဖြန့်ကျက်ထားသည့် နယ်မြေ ဒေသမြို့ရွာ တွင် အသုံးပြုနိုင်ပါသည်။ တယ်လီနော က လက်ရှိ အချိန်အထိ မြို့ပေါင်း ၂၁ မြို့တွင် 4G ကွန်ရက်လွှမ်းခြုံထားပြီးဖြစ်ပါသည်။ 4G ဆင်းမ်ကတ်နှင့် 4G သုံးနိုင်သော ဟန်းဆက် -*444# ကိုဖုန်းခေါ်ဆို၍ သင့် ဆင်းမ်ကတ်နှင့် ဟန်းဆက်သည် 4G ၀န်ဆောင်မှု သုံးစွဲနိုင်ခြင်း ရှိမရှိ စစ်ဆေးနိုင်ပါသည်။ သင်သုံးနေသော ဆင်းမ်ကတ်သည် 4G သုံး၍ မရနိုင်ပါက အနီးဆုံးတယ်လီနော showroom တွင် 4G ဆင်းမ်ကတ်ကို သင်၏ မှတ်ပုံတင် (သို့) သတ်သေခံ ကတ်ပြား တစ်ခုခု ကို ပြသပြီး အခမဲ့ လဲလှယ်နိုင်ပါသည်။ ဆင်းမ်ကတ် slot ၂ခု အသုံးပြုနိုင်သော ဟန်းဆက်သုံးပါက ဆင်းမ်ကတ် slot 1 တွင် ထည့်၍ သုံးပါ။ ဟန်းဆက် အသုံးပြုသာ OS- နောက်ဆုံးပေါ် operation system ၊ သင့် ဖုန်း ဟန်းဆက်တွင် အသုံးပြုရပါသည်။ ဥပမာ iPhone များအတွက် version 10.3.1 နှင့် အထက် Android အတွက် version နှင့် အထက် ဟန်းဆက် 4G setting - သင့်ဖုန်း ဟန်းဆက် ကို 4G setting ပြောင်း၍ သုံးရပါသည်။
Android ဖုန်းများအတွက်
သင့်ဖုန်း ဟန်းဆက် ကို 4G setting ပြောင်း၍ setting ပြုလုပ်ပြီးပါ က မည်သည့် ကွန်ရက်ပေါ်တွင် အသုံးပြုနေသည် ကို စိတ်ပူပန်စရာ မလိုတော့ပါ။ 4G သုံးနိုင်သော ဟန်းဆက်များသည် သင်ရောက်ရှိနေသော နေရာဒေသ ကို အလိုက် အကောင်း ဆုံး အမြန် ၀န်ဆောင် ပေးနိုင်သော ၀န်ဆောင်ပေးနေသည့် ကွန်ရက်ကို အလိုအလျောက် ချိတ်ဆက် အသုံးပြုနိုင်အောင် ပြုလုပ်ထားပါသည်။
ဈေးချိုသော ဟန်းဆက် အချို့မှ လွဲ၍ နောက်ဆုံးပေါ် ဖုန်းအများစု သည် 4G LTE ကို အသုံးပြု နိုင်ပါသည်။ ဟန်းဆက်၀ယ်ယူသော ဆိုင်တွင် 4G သုံးနိုင်သော ဟန်းဆက် ဟုတ်မဟုတ် ဆိုင်ကို မေးပါ။ 4G ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို 4G ၀န်ဆောင်ထားသော နယ်မြေဒေသတွင် အသုံးပြု သော်လည်း ဟန်းဆက်က 3G ကိုသာ ပြသနေလျှင် အောက်ပါ အချက်များကို လေ့လာပါ။
-4G ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို အသုံးပြုထားပါက ဟန်းဆက် ကို Restart (ပိတ်ပြီး ပြန်ဖွင့်) လုပ်ပါ။
-ဟန်းဆက် ၏ operation system ကို စစ်ဆေးပါ။ 4G ၀န်ဆောင်မှု အသုံးပြုရန် အချို့ ဟန်းဆက် များသည် သင်၏ နောက်ဆုံးပေါ် operation system များ လိုအပ်ပါသည်။
-4G လိုင်းအားနည်းသောနေရာများ (ဥပမာ အဆောက်အဦးအတွင်း (သို့) 4G တာ၀ါတိုင်နှင့် ေးကွာသော နေရာများ) တွင် ကွန်ရက်သည် သင်ရောက်ရှိနေသော နေရာ အလိုက် အကောင်းဆုံး အသုံးပြုနိုင်ရန် အလိုအလျောက် 3G ပြောင်းလဲလွှင့်ထုတ်ပေးပါသည်။
- သင်ဖုန်းခေါ်ဆို ဆက်သွယ်နေချိန်များတွင် ဟန်းဆက်သည် အလိုအလျောက် 3G ကွန်ရက် ကို အသုံးပြုပါသည်။ ဖုန်းဆက်သွယ်ခေါ်ဆိုမှု များကို 4G ကွန်ရက်တွင် မပြုလုပ်နိုင်ပါ။
မလိုပါ။ သင့်ဖုန်းဟန်းဆက် သည် အလိုအလျောက် 3G(သို့)2G သို့ပြောင်းလဲပေးပါသည်။ 4G LTE ၀န်ဆောင်မှုရှိသော နေရာသို့ ရောက်ရှိလာချိန်တွင် အလိုအလျောက်ပြောင်းလဲပေးပါသည်။
4G သည် 3G ထက် ပိုမို ကုန်ကျမှုမရှိပါ။ 4G သည် ဒေတာပမာဏ ပိုမို အသုံးပြုခြင်းမရှိ၊ 4G ၀န်ဆောင်မှု အတွက်လည်း အပိုဆောင်း ၀န်ဆောင်ခ ကျသင့်ခြင်းမရှိပါ။
3G နှင့် 4G တို့၏ ဒေတာ သုံးစွဲမှု ပမာဏ တူညီကြပါသည်။ ခြားနားချက်မှာ သုံးစွဲမှု ကြာမြင့် ချိန်သာ ဖြစ်ပါသည််။ 4G သည် 3G ထက် မြန်ဆန်သောကြောင့်800 MB ပမာဏ ရှိသော သာမန် ရုပ်ရှင် တစ်ကား (HD အရည်အသွေး မဟုတ်) ကို download လုပ်လျှင် 3G ကွန်ရက်တွင် ၂၅ မိနစ်မှ မိနစ် ၃၀ အတွင်း ကြာ မြင့် တတ်သော်လည်း 4G ကွန်ရက်တွင် ၁၅ မိနစ် အောက် သာ ကြာမြင့်ပါသည်။ 4G သည် မည်သည့် file အမျိုးအစား (ဓါတ်ပုံ ၊ ဗီဒိယို) နှင့် မည်သည့် application (Facebook, Youtube, Viber) ကိုမဆို download လုပ်ရာတွင် မြန်ဆန်သောကြောင့် သုံးစွဲသူအနေဖြင့် ဖုန်းငွေလက်ကျန် ကုန်ကျမှု မြန်ဆန်သည်ဟု ထင်ရပါသည်။ အင်တာနက် ကို မြန်နှုန်းမြင့် အသုံးပြုနိုင်သောကြောင့် 3G ဖြင့် တူညီသော အင်တာနက် သုံးစွဲမှု ကြာမြင့်ချိန်အတွင်း သုံးစွဲသူအတွက် ပိုမို ရှာဖွေ၊ ပိုမိုကြည့်ရှု၊ ပိုမို download ပြုလုပ်နိုင်သဖြင့် အင်တာနက် ဒေတာ ပမာဏ ပိုမို အသုံးပြုပါသည်။ သင့်ဖုန်း ငွေလက်ကျန်များ လျှင်မြန်စွာ ကုန်သွားသည် ထင်လျှင် အောက်ပါအတိုင်း စစ်ဆေးပါ။
-Facebook နှင့် Youtube တွင် သင်ကြည့်ရှု သော ဗီဒီယို အမျိုးအစား Youtube, Facebook နှင့် တခြား ဗီဒီယို ပြသသော site များသည် ဗီဒီယို များကို အရည်အသွေး HD ပုံစံဖြင့် ပြသပေးသဖြင့် ဗီဒီယို၏ ဒေတာ ပမာဏများပါသည်။
Application Update
Setting : အချို့ application များသည် ပုံမှန် ကာလ အပိုင်းအခြား အလိုက် သက်ဆိုင်ရာ server များတွင် Update များနှင့် notification များ တည်နေရာ ပြ ၀န်ဆောင်မှု များကို တုန့်ပြန်မှုများ ပြုလုပ် သဖြင့် သုံးစွဲသော ဒေတာ ပမာဏ ပိုမို ကုန်ကျပါသည်။
iPhone များအတွက် background application refresh setting နှင့် Andriod များအတွက် setting/auto update တို့ကို စစ်ဆေးပါ။
4G သုံးစွဲနိုင်သော ဟန်းဆက်တိုင်းတွင် မိုဘိုင်း အင်တာနက် သုံးစွဲမှု ကို စစ်ဆေးနိုင်သော၊ ထိန်းချုပ်နိုင်သော၊ မျှတအောင် ပြုလုပ်ပေးနိုင်သော ၊ အထောက်အပံ့ ပေးသည့် စနစ်များ ပါ၀င်ပြီးဖြစ်ပါသည်။ သင် အသုံးပြုရန် အခက်အခဲရှိပါက နီးစပ်ရာ ဖုန်းဆိုင်များတွင် အကူအညီရယူပါ။ ၄င်းအပြင် အင်တာနက် သုံးစွဲမှု နှင့် ပတ်သတ်သော Data usage, Data Man, My Data အစရှိသည့် application များလည်း အသုံးပြုနိုင်ပါသည်။ အင်တာနက် ဒေတာ သုံးစွဲမှု ကို 3G နှင့် 4G သုံးစွဲမှုကို ခွဲခြား၍ ဖော်ပြ ပေးမည် မဟုတ်ပါ။ တယ်လီနောမှ ဒေတာပါဆယ် (သို့) အခြားဒေတာ pack များ ၀ယ်ယူသုံးစွဲလျှင် My Telenor application ကို သင့်ဖုန်းတွင် Install လုပ်၍ အသုံးပြုခြင်း (သို့) USSD Code ကို အသုံးပြု၍ MB လက်ကျန်များကို လွယ်ကူစွာ သိရှိနိုင်ပါသည်။
4G က သင့်ဖုန်းငွေ လက်ကျန် တွေ အချိန်တိုအတွင်းမှာ လျော့နည်း သွားတယ် ဒေတာ သုံးစွဲမှု များတယ် လို့ ထင်ရပါတယ်။ ထို့ကြောင့် လည်း ဒေတာ ပါဆယ် ကို ကျွန်တော်တို့ ၀န်ဆောင်ပေးထားပါသည်။ ဒေတာ ပါဆယ် park က ကုန်ကျစရိတ် သက်သာစွာနဲ့ အင်တာနက် အသုံးပြု နိုင်ပါသည်။ သုံးစွဲမှုကို ထိန်းချုပ်ပေးပြီး သုံးမကုန်တဲ့ MB တွေကိုလည်း နောက်လ တွေကို သယ်သွားလို့ရပါတယ်။ ဒေတာပါဆယ်နဲ့ ပတ်သတ်ပြီး အသေးစိတ်ကို သိလိုပါကwww.telenor.com.mm မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။