တယ်လီနောမြန်မာသည် အားလုံးအတွက် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်နိုင်ရန် တည်ရှိနေခြင်းဖြစ်ပါသည်။
ထိုသို့ပေးအပ်နိုင်ရန် အတွက် တယ်လီနောသည် အောက်ပါအချက်များကို အခြေခံ၍ ဆောင်ရွက်သွားပါမည်။
-
သင့်တင့်မျှတသော စျေးနှုန်း - တယ်လီနောသည် အခြေခံဝန်ဆောင်မှုများတွင် အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်နေပါသည်။ တယ်လီနော၏ ကုန်ပစ်စည်းများနှင့် ဝန်ဆောင်မှုများသည် စျေးကွက်တွင် ဆွဲဆောင်မှုရှိရမည်။ တယ်လီနောသည် လူအနည်းငယ်အတွက်သာ သီးသန့်ဝန်ဆောင်မှုပေးခြင်းမဟုတ်ဘဲ၊ လူအများအတွက် ပွင့်လင်းမြင်သာသော ဝန်ဆောင်မှုများကိုသာ ပေးအပ်မည်ဖြစ်ပါသည်။
-
ရိုးရှင်းမှု - တယ်လီနောသည် လျင်မြန်ပြီး စိတ်ချရမည်။ နည်းပညာဆိုင်ရာ အသုံးနှုန်းများမပါဝင်သော မြန်မာစာဖြင့် တယ်လီနောသည် ၄င်းဆောင်ရွက်မှုအားလုံးတွင် အသုံးပြုသူများ အဆင်ပြေစေရန် ကြိုးစားဆောင်ရွက် လျက်ရှိပါသည်။
-
လွယ်ကူစွာရရှိနိုင်မှု - တယ်လီနောဝန်ဆောင်မှုများကို လူတိုင်း၏ အနီးအနားတွင်ပင် လွယ်လွယ်ကူကူ ရရှိရမည်။ တယ်လီနော၏ ဖြန့်ချိရေးကွန်ယက်ကို အသုံးပြုသူများ၏ လိုအပ်ချက်နှင့် အဆင်ပြေမှု အပေါ်မူတည်၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်။
တယ်လီနော၏ ၅နှစ် ရည်မှန်းချက်များ
-
နိုင်ငံလူဦးရေ ၉၀% ထိကွန်ယက် လွှမ်းခြုံမှု
-
Base station ၉,၀၀၀+
-
အရောင်းဆိုင် ၁ သိန်း
-
ပြည်တွင်းအလုပ်ခန့်အပ်မှုကို ဖန်တီးပေးခြင်း စသည်တို့ဖြစ်ပါသည်။
တယ်လီနော အဖွဲ့သည် အာရှဒေသတွင်း၌ လုပ်ငန်းများစွာဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးဆဲစျေးကွက် ကျွမ်းကျင်မှုပညာရှင်ဖြစ်ပါသည်။ တယ်လီနောအဖွဲ့၏ တစ်ကမ်ဘာလုံးဆိုင်ရာ နည်းဗျူဟာကို ဤနေရာတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။