telenor_myanmar_telenor_group

တယ်လီနောအဖွဲ့

တယ်လီနော အဖွဲ့အစည်းသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ၂၀၈ သန်းကျော်ကို ၀န်ဆောင်မှုပေးနေသော ကမ္ဘာ့ အဓိက မိုဘိုင်းလ် အော်ပရေတာများထဲမှ တစ်ခုဖြစ်ပါသည်။ တယ်လီနောသည် စျေးကွက် ၁၃ ခုတွင် လုပ်ငန်းဝန်ဆောင်မှုများရှိပြီး တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသည့် VimpelCom Ltd ၏ စျေးကွက် ၁၇ ခုတွင်လည်း မိုဘိုင်းလ်ဝန်ဆောင်မှုများရှိသည်။

 

တယ်လီနော အဖွဲ့အစည်းသည် ဥရောပ နှင့် အာရှ နိုင်ငံများတွင် ခိုင်မာသည့် ခြေလှမ်းများရှိထားပြီးဖြစ်သည့်အပြင် မိုဘိုင်းလ်၊ broadband နှင့် ရုပ်သံ ဝန်ဆောင်မှုများအတွက် Nordic နိုင်ငံများတွင်ပါ အဓိက ဦးဆောင်မှု နေရာကို ရရှိနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ တယ်လီနောသည် အာရှဒေသနိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၇ နှစ်ကျော် ကတည်းက ၀န်ဆောင်မှုများ ပေးအပ်လာခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

အာရှနိုင်ငံ ၆ နိုင်ငံ၏ စျေးကွက်တွင် လုပ်ငန်းလည်ပတ် နေသော တယ်လီနောသည် အာရှဒေသတစ်ခွင်ကို ဖြန့်ကျက်ထားသည့် တစ်ခုတည်းသော ဥရောပအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။

တယ်လီနောကို အသုံးပြုသူ ၁၉၆ သန်း အာရှတွင်ရှိပြီး ၎င်း၏ အလုပ်သမားအင်အား ၃ပုံ ၂ပုံ သည်လည်း အာရှဒေသတွင် ရှိပါသည်။ အာရှရှိ လုပ်ငန်းများအနက် ၃ခုမှာ အများပိုင်လုပ်ငန်းများအဖြစ် သက်ဆိုင်ရာဒေသများတွင် စာရင်းသွင်းထားပါသည်။

Financial Times မဂ္ဂဇင်းကထုတ်ပြန်သော စျေးကွက်တန်ဖိုး ထိပ်ဆုံး ကုမ္ပဏီ ၅၀၀ ထဲတွင်ပါဝင်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး Dow Jones Sustainability အညွှန်းကိန်းကောင်းကို အစဉ်တစ်စိုက်ရရှိနေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တယ်လီနော အဖွဲ့အစည်းကြီးတွင် ဝန်ထမ်းပေါင်း ၃၈,၀၀၀ကျော်ရှိပြီး ၂၀၁၅ ခုနှစ် စာရင်းအရ လုပ်ငန်းဝင်ငွေ နော်ဝေငွေကြေးဖြင့် ၁၂၈ဘီလီယံရှိပါသည်။ တယ်လီနောကို အများပိုင် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအဖြစ် ၁၈၅၅ ခုနှစ်တွင် နော်ဝေ၌ တည်ထောင်ခဲ့ပြီး ဆက်သွယ်ရေး လုပ်ငန်း အတွေ့အကြုံ ၁၅၅ နှစ် နှင့်အထက် ရှိနေသော ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။

တယ်လီနော အဖွဲ့အစည်းသည် ကမ္ဘာအနှံ့ရှိ ဆက်သွယ်ရေး ပညာရှင်များနှင့်အတူ ဒေသတွင်း အသိပညာ ဖလှယ်ခြင်းနှင့် မတူညီသော စျေးကွက် အစိတ်အပိုင်းများအတွက် value များ ဖန်တီးရန် နယ်ခံစျေးကွက်များကို အသေးစိတ်လေ့လာခြင်းများဖြင့် ၎င်း၏ အောင်မြင်မှုကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။

တယ်လီနော အဖွဲ့အစည်းနှင့် ၎င်း၏ ကမ္ဘာအနှံ့ လုပ်ငန်းဆောင်တာများအား ဆက်လက်ဖတ်ရှုရန်: Telenor.com global presence

My Telenor