တယ်လီနောမြန်မာ စီမံခန့်ခွဲရေးအဖွဲ့တွင် တယ်လီနော၏အာရှတွင်း စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းများ၏အဓိက အခန်းကဏ္ဍများတွင် ပါ၀င်ခဲ့သည့် အတွေ့အကြုံရှိသော အလုပ်အမှုဆောင်အဖွဲ့ဝင် များဖြင့်ဖွဲ့စည်းထားသည်။
အမှုဆောင်အရာရှိချုပ်
Jon Omund Revhaug သည် တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ယခုရာထူးမတိုင်မီ သူသည် စင်ကာပူနိုင်ငံရှိ Telenor Procurement Company (TPC) ၏ အမှုဆောင်အရာရှိချုပ် အဖြစ်တာဝန်ယူခဲ့သည်။ Revhaug သည် တယ်လီနောလုပ်ငန်းစု တစ်ခုလုံး၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဝယ်ယူခြင်းလုပ်ငန်းကိုသာမက အာရှနှင့် စကင်ဒီနေးဗီးယားနိုင်ငံများတွင် ယင်းလုပ်ငန်းများ အဓိက ဆောင်ရွက်သည့် TPC ကို တည်ထောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ Jon Omund Revhaug သည် တယ်လီနောတွင် နှစ်ပေါင်း (၂၀) ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတကာနှင့် လုပ်ငန်းအတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်ရှိသူလည်းဖြစ်သည်။ သူသည် ၂၀၀၀ပြည့်နှစ်မှစ၍ တယ်လီနော၏ နော်ဝေနိုင်ငံဆိုင်ရာ လုပ်ငန်းများတွင် စီမံကိန်းမန်နေဂျာအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။
Jon Omund Revhaug ကို ၁၉၆၇ ခုနှစ်တွင် မွေးဖွားပြီး BI Norwegian Business School မှ စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့နှင့် နော်ဝေနိုင်ငံ University of Tromsø မှ Cand.Mag. degree in Economics and Biology ဘွဲ့တို့ကို ရရှိထားသူဖြစ်သည်။
စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်
Amaresh Kumarသည် တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သည်။ သည့်မတိုင်မီကတယ်လီနောအိန္ဒိယ၏ Chief Product Officer (စီပီအို) အဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မေလတွင် တယ်လီနောမြန်မာသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်ပြီးအိန္ဒိယ၏ ထိပ်တန်းမိုဘိုင်းအော်ပရေတာများစွာတွင် အရောင်းနှင့် စျေးကွက်မြှင့်တင်ရေးရာအုပ်ချုပ်မှုတာဝန်များစွာကိုထမ်းဆောင်ခဲ့သူ ဖြစ်သည်။တယ်လီနောအိန္ဒိယတွင် Pricing, Revenue Planning and Market Research တာဝန်ခံအဖြစ် ၂၀၁၀ ခုနှစ်မှ စတင်တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စီပီအိုအဖြစ် ခန့်အပ်ခံခဲ့သည်။
စီးပွားရေးဆိုင်ရာအရာရှိချုပ်
ကယ်ရိုလိုင်းယဉ်ယဉ်ဋ္ဌေးသည် တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ်ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် Head of Accounting and Tax အနေဖြင့် တယ်လီနောတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ် သြဂုတ်လတွင် ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၂၀၁၉ခုနှစ်မတ်လမှ စတင်ပြီး ဒေါ်ယဉ်ယဉ်ဋ္ဌေးကို တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ်အဖြစ် တာဝန်လွှဲပြောင်း ပေးအပ်ခံခဲ့သည်။ ဒေါ်ယဉ်ယဉ်ဋ္ဌေးသည် ဆက်သွယ်ရေးကဏ္ဍ၏ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အမျိုးမျိုးသော တန်ဖိုးကွင်းဆက်များတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ၁၅ နှစ်ကျော် ရှိခဲ့သူဖြစ်သည်။ သူမအနေဖြင့် စင်ကာပူနိုင်ငံ StarHub တွင် စတင်လုပ်ကိုင်ခဲ့ပြီးနောက် Motorola Inc., တွင် စီမံချက်ပေါင်းများစွာကို ဦးဆောင်ခဲ့သည်။ ဒေါ်ယဉ်ယဉ်ဋ္ဌေးသည် သြစတြေးလျနိုင်ငံ CPA ၏ Fellow တစ်ယောက်ဖြစ်သည့်အပြင် အာဆီယံ CPA ကို ပထမဆုံးရရှိခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယူကေနိုင်ငံ ဟားလ် တက္ကသိုလ်က ချီးမြှင့်သည့် EMBA ဘွဲ့ကိုရရှိခဲ့သူဖြစ်သည်။
ကော်ပိုရိတ်ရေးရာ အရာရှိချုပ်
Hans Martin Hoegh Henrichsen သည် တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်အဖြစ် ၂၀၁၈ ခုနှစ် မေလမှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရာထူးတာဝန်အမျိုးမျိုး မထမ်းဆောင်မီကတည်းကပင် တယ်လီနောလုပ်ငန်းစုသို့ ၂၀၀၀ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး တယ်လီနော၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ Chief Representative Officer အဖြစ်လည်းကောင်း၊ Grameenphone ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း တယ်လီနောလုပ်ငန်းစု အတွင်း နိုင်ငံတကာအဆင့် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဟန်စ်မာတင်သည် မြန်မာနိုင်ငံတွင်း လုပ်ငန်းအခွင့်အလမ်းများ ကနဦးစူးစမ်းဖော်ထုတ်ခဲ့သည့် တယ်လီနောဝန်ထမ်းများထဲမှ တစ်ဦးဖြစ်ပြီး တယ်လီနောမြန်မာ လုပ်ငန်းစတင်သည့် ကနဦးကာလဖြစ်သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကုမ္ပဏီ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုကဏ္ဍ ဖော်ဆောင်ရာတွင်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဟန်စ်မာတင်သည် တယ်လီနောမတိုင်မီ အာရှနှင့် အာဖရိကအရှေ့ပိုင်းတစ်လွှားတွင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဏ္ဍာရေးစီမံချက်များအစရှိသည့် နယ်ပယ်များတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နော်ဝေအေဂျင်စီ (Norad) ကဲ့သို့သော အဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သည်။ ဟန်စ်မာတင်သည် Norwegian School of Economics (NHH)မှ ဘွဲ့ရရှိထားသည်။
ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်
Helge Øienသည် တယ်လီနောမြန်မာ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သည်။ Mr. Øien သည် ဤ ရာထူးမတိုင်မီက တယ်လီနောလုပ်ငန်းစု၊ ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်း စီမံခန့်ခွဲရေး (M&A) ဌာန၏ အချက်အလက် ဆန်းစစ်လေ့လာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (Vice President of Analytics) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တယ်လီနောလုပ်ငန်းစု၏ ရင်းနှီးမြှပ်နှံသူများဆိုင်ရာ ဆက်ဆံရေး (Investor Relations - IR) ဌာန၏ ဒါရိုက်တာအဖြစ် ၇နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ တယ်လီနောတွင် တာဝန်မထမ်းဆောင်ခင်က Helge သည် နော်ဝေနိုင်ငံရှိ Microsoft ကုမ္ပဏီ၏ စီးပွားရေး အချက်အလက် လေ့လာဆန်းစစ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် နော်ဝေ ငွေရေးကြေးရေး သတင်းအချက်အလက် အေဂျင်စီ TDN Finans ၏ လက်ထောက်အယ်ဒီတာအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
နည်းပညာရေးရာအရာရှိချုပ်
Jai Prakash သည် တယ်လီနောမြန်မာ၏ နည်းပညာရေးရာအရာရှိချုပ်ဖြစ်ပြီးကွန်ရက်လည်ပတ်ခြင်းနှင့် ဖြန့်ကျက်ခြင်းတို့ အတွက်တာဝန်ယူထားသူဖြစ်သည်။ဆက်သွယ်ရေးလုပ်ငန်းများတွင် ၂၄ နှစ်ကျော် ကျင်လည်ခဲ့သည့်အတွေ့အကြုံများကိုပိုင်ဆို်င်ထားသူJai Prakashသည် တယ်လီနောမြန်မာတွင် တာဝန်မထမ်းဆောင်မီတယ်လီနောအိန္ဒိယတွင် Circle Technical Head for Bihar and UP (East) အဖြစ် ၆ နှစ်ကျော်တာဝန်ယူခဲ့သူဖြစ်သည်။
လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်
တယ်လီနော မြန်မာ၏လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Selina Lomholdtသည် တယ်လီနောဒိန်းမတ်၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူဖြစ်သည်။ ထို့ပြင် လုပ်ငန်းခွင်တွင် အချင်းချင်းလေးစားဂရုထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေမှုတို့ကိုဦးတည်သည့် ကုမ္ပဏီအလေ့အထတစ်ရပ် ဖော်ဆောင် ရာတွင်လည်းကောင်း၊ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာများအားစျေးကွက် အခွင့်အလမ်းသစ်များကိုရယူနိုင်စွမ်းရှိရေး ပြုပြင် မွမ်းမံရာတွင်လည်းကောင်းအခရာကျသူဖြစ်သည်။ တယ်လီနောတွင် တာဝန်မထမ်းဆောင်မီ Dell နှင့် Radisson SAS Hotels တို့တွင် နိုင်ငံတကာရာထူးများအပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာရာထူးများစွာတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။