တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများ သည် စီးပွားရေးလုပ်ငန်းများအား ရေရှည် တည်တံ႕စေပြီး ပွင့်လင်းမြင်သာစွာ ဖွံ့ဖြိုးစေရန် အတွက် အဓိကကျသည်ဟု ကျွန်ုပ်တို့ခံယူပါသည်။ ကျွန်ုပ် တို့၏ရည်မှန်းချက်မှာ စီးပွားရေးနှင့်လူမှုရေး ကဏ္ဍနှစ်ခုလုံးတွင် ပေါင်းစပ် တန်ဖိုး ဖန်တီးခြင်းပေးဖြင့် ဆက်သွယ်ရေး နည်းပညာ၏ ကောင်းကျိုးသက်ရောက်မှုကို တိုးမြှင့်ရရှိနိုင်စေရေး ဖြစ်ပါသည်။ မိုဘိုင်းလ်ဖုန်းများသည် သတင်းအချက်များနှင့်တကွ လူမှုရေး၊ ကျန်းမာရေးနှင့် ငွေရေးကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်း အလွယ်တကူ လက်လှမ်းမီနိုင်စေရန် လုပ်ဆောင်ပေး ခြင်းဖြင့့် လူ့ဘ၀များကို ပြောင်းလဲတိုးတက် စေနိုင်သည်ဟု ကျွန်ုပ် တို့ ယုံကြည်ထားပါသည်။ ကျွန်ုပ် တို့ကုမ္ပဏီ၏ အဓိကပန်းတိုင်များထဲမှ တစ်ခုသည် မိုဘိုင်းလ်ဆက်သွယ်ရေး၏ အကျိုးကျေးဇူးများကို ဖြစ်နိုင်သမျှသော လူအများအပြားအား ရရှိသွားနိုင်စေရေး ဖြစ်ပါသည်။ သို့မှသာ လူမှုပတ်ဝန်းကျင် တိုးတက်ဖွံဖြိုးမှုအတွက် အခွင့်အရေးများ များပြားလာမည်ဖြစ်ပါသည်။
တယ်လီနောမြန်မာ၏ တာဝန်သိ လူမှုအကျိုးပြု အစီအစဉ်
မြန်မာနိုင်ငံတွင် ကျွန်ုပ် တို့၏ ရည်မှန်းချက်မှာ သုံးစွဲသူများ၏ ဘ၀တစ်လျှောက်တွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုများဖြစ်ပေါ်လာစေမည့် တီထွင်ဆန်းသစ်သည့် ဆက်သွယ်ရေးစွမ်းအား ကိုပေးဆောင်နိုင်ရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့ သေချာစွာ ရွေးချယ်ထားသော စီမံကိန်းများသည် အောက်ပါတို့ကို လုပ်ဆောင်ရန်ရည်ရွယ်ပါသည်။
-
အကျိုးဖြစ်ထွန်းနိုင်ချေမြင့်မားသော ကဏ္ဍ များတွင် တာဝန်သိ၊ ရေရှည်တည်တံ့ပြီး ကျယ်ကျယ်ပျံ့ပျံ့ ဆောင်ရွက်နိုင်သော၊ နည်းပညာ နားလည်အသုံးချနိုင်သော ပူးပေါင်းဆောင်ရွက်သူများ ဖော်ထုတ်နိုင်ရန်
-
လူမှုအကျိုးပြု လုပ်ငန်းများတွင် အကျိုးဖြစ်ထွန်းမှုများစေသော ဒီဂျစ်တယ် နှင့် ရုပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို တယ်လီနော၏ ဆက်သွယ်ရေးနှင့် ဆက်စပ်ဝန်ဆောင်မှုများအား ပူးပေါင်းဆောင်ရွက်သူများကို ချပြရန်
-
ပူးပေါင်းလုပ်ဆောင်သူများကို အောက်ပါ လူမှုရေးဆိုင်ရာ အကျိုးဖြစ်ထွန်းစေမည့် အဆင့်မြင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ကျယ်ကျယ်ပျံ့ပျံ့ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် အားပေးရန်
-
ကရိယာ၊ ပစ္စည်းများကို အင်တာနက်နှင့် ချိတ်ဆက်အသုံးပြုခြင်း ( IoT)၊ ဒီဂျစ်တယ်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ပလက်ဖောင်းများ (ဒီဂျစ်တယ်စာသင်ခန်းများ၊ မြန်မာနှင့် တိုင်းရင်းသားဘာသာစကားအခြေပြု အခမဲ့အွန်လိုင်းသင်ခန်းစာများ နှင့်အွန်လိုင်းမှ တရားဝင် အသိအမှတ်ပြု အောင်လက်မှတ်များ)၊ မိုဘိုင်းဖုန်းနှင့် ဝက်ဘက်ဆိုက်အခြေပြု စွမ်းဆောင်မှုမြင့်မားသည့်အက်ပလီကေးရှင်းများ
-
လူမှုရေးဆိုင်ရာကောင်းကျိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် ဆန်းသစ်ပြီး ကျယ်ကျယ်ပျံ့ပျံ့လုပ်ဆောင်နိုင်သော မိုဘိုင်းဆက်သွယ်ရေး စွမ်းအားကို မိုဘိုင်းလုပ်ငန်းကဏ္ဍတွင်သာမက ဒေသတွင်း၌ပါ စံပြဖြစ်လာစေရန်